အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
5407 Views

အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည်

အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး
ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် ဖြစ်ကြောင်း Lotus Equity Group က ထုတ်ဖော်ကြေညာလိုက်သည်ဟု နယူးယောက်
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဆောက်လုပ်မည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊
နီဝါ့ခ်မြို့တွင် ဖြစ်သည်။

အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၅၀၀၀၀၀ ရှိမည်ဖြစ်ပြီး မိုက်ကယ်ဂရင်းဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
သီးခြားအဆောက်အအုံ ၃ ခုအသွင် ဆောက်လုပ်မည်ဖြစ်ပြီး ၆ ထပ်၊ ၈ ထပ်နှင့် ၁၁ ထပ်အသီးသီးရှိမည်ဖြစ်ကာ ကွန်ကရစ် ဖောင်ဒေးရှင်းဖြင့် ဆောက်လုပ်မည် ဖြစ်သည်။

အဆောက်အအုံတိုင်များ၊ အတွင်းပိုင်း ဘောင်ကွက်များ၊ ဓာတ်လှေကားများ၊ လှေကားများနှင့် ကြမ်းခင်းများကို သစ်ဖြင့်သာ အဓိကပြုလုပ်သွားမည်ဟု ဆိုသည်။

သစ်ဖြစ်ဆောက်လုပ်သည့် အဆောက်အအုံများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏကို များစွာလျှော့ချပေးနိုင်ရုံမျှမက developer များအတွက်လည်း ဆောက်လုပ်ရသည့် ကြာမြင့်ချိန် လျော့နည်းသွားစေမည်လည်း ဖြစ်သည်။

သစ်သားသည် ဆောက်လုပ်ရေးလုပ်သားများကို သဘာဝတရားနှင့် ဆက်သွယ်ပေးမည့်အပြင် ပိုမိုသာယာဝပြောသည့် သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း ကျွမ်းကျင်ပညာရှင်တို့က ပြောကြားသည်ဟု ဆိုသည်။

“မိုက်ကယ်ဂရင်းနဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ တူညီတဲ့သဘောထားကတော့ နေထိုင်သူတွေအပြင် ဝန်းကျင်လူ့အသိုက်အဝန်းရဲ့ ကျန်းမာရေးကို မထိခိုက်စေမယ့်အပြင် သဘာဝပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေအရှိဆုံးဒီဇိုင်းထုတ်ဖို့ပါပဲ” ဟု Lotus Equity ၏ အမှုဆောင်အရာရှိချုပ် ဘင် ကော်မန်းက ပြောကြားသည်။

ယခုစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့် ကုန်ကျဖွယ်ရှိပြီး လူနေခန်း ၂၀၀၀ ဝန်းကျင်၊ စီးပွားရေးလုပ်ငန်းများအတွက် ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၀၀၀၀၀ ၊ ရုံးခန်းနှင့် ဖျော်ဖြေရေးဆိုင်ရာ နေရာများအတွက် စတုရန်းပေ ၂ သန်းခန့် ပါဝင်မည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တစ်နိုင်ငံလုံးတွင် သစ်ဖြင့် ဆောက်လုပ်သည့် အကြီးမားဆုံး ရုံးအဆောက်အအုံကြီး စတင်ဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service