ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
4793 Views

ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ

ဆော်ဒီအာရေးဘီးယားမင်းသား နာဝပ်ဖ် ဘင် ဆူလ်တန် ဘင် အဗ္ဗဒူလာဇစ် အယ်လ်-ဆွတ်သည် နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ ဈေးလျှော့ရောင်းချလိုက်ပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆော်ဒီမင်းသားသည် အဆိုပါလူနေခန်းကို လွန်ခဲ့သော ၆ နှစ်ခန့်က ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး နောင် ၃ နှစ်ခန့်ကြာသော
အခါ ကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းသို့ ဈေးလျှော့ချပေးလိုက်ပြန်သည်။

သို့တိုင်အောင် ရောင်းမထွက်ခဲ့ဘဲ ယခုအခါတွင် မူရင်းခေါ်ဈေးအောက် သန်း ၄၀ နီးပါးဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၃၆ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်ဟု ဆိုသည်။

သို့ဖြစ်ရာ စတုရန်းပေ ၁၀၅၀၀ ကျယ်ဝန်းသည့် အဆိုပါလူနေခန်းမှာ ထရမ့်သမ္မတမဖြစ်မီကတည်းကပင် အရောင်းဈေးကွက်တင်ထားခဲ့ ခြင်းလည်း ဖြစ်သည်။

လူနေခန်းတည်ရှိသည့် Trump Place အဆောက်အအုံမှာ ၃၁ ထပ်အဆောက်အအုံဖြစ်ပြီး ယခုရောင်းချလိုက်သည်မှာ ပဉ္စမထပ်၊ ဆဌမထပ်နှင့် သတ္တမထပ်တို့တွင် ဖြန့်ကျက်တည်ရှိပြီး ကျည်ကာအခန်း ၃ ခန်း ပါဝင်သည်ဟု ဆိုသည်။
လူနေခန်းအတွင်း ဆူရှီဘား၊ နံရံမြှုပ် ပင်လယ်ရေထည့်သွင်းထားသည့် ငါးကန်များ၊ ဘိလိယက်ခန်းမ၊ ဆံပင်အလှပြုပြင်ခန်း၊ လူခြောက်ဦးဆန့် ရေစိမ်ကန်တို့ ပါဝင်သည်။

နေအိမ်ခန်းတွင် အလှပဆုံးနေရာမှာ ဟတ်ဆန်မြစ်၏ အလှများကို စီးမိုးတွေ့မြင်နေရသည့် ပေ ၆၀ ကျယ်ဝန်းသော ဧည့်ခန်းဖြစ်သည်။ အဆိုပါဧည့်ခန်းကို ပေ ၆၀ ရှိသည့် ကော်ဇောတစ်လိပ်တည်းဖြင့် အဆက်အစပ်မထည့်ဘဲ ခင်းကျင်းထားကာ မျက်နှာပြင် ၁၀၃ လက်မ အထိ ကြီးမားသည့် ရုပ်မြင်သံကြား
စက် တပ်ဆင်ထားသည်။

နေအိမ်တစ်ခုလုံးကို အဆင့်မြင့် နည်းပညာများတပ်ဆင်ထားကာ smart-home အဖြစ် အလိုအလျောက်စနစ်အားလုံးတပ်ဆင်ထားသည်။
ဆော်ဒီတော်ဝင်မိသားစုတို့အရေး သတင်းခေါင်းကြီးပိုင်းများတွင် ဖော်ပြခံနေရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တော်ဝင်မိသားစုဝင်များစွာမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစီမံကိန်းအတွင်း စုံစမ်းစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းများ ခံရလျက်ရှိသည်။

ယင်းသို့ ထိန်းသိမ်းခံရသူများတွင် Trump Place ၏ ရှယ်ယာအချို့ပိုင်ဆိုင်ထားသူ မင်းသား အယ်လ်ဝါလိဒ် ဘင် တာလာလည်း အပါအဝင်ဖြစ်သည်။
ယခုနေအိမ်ခန်းပိုင်ဆိုင်သူ မင်းသား နာဝပ်ဖ် ဘင် ဆူလ်တန် ဘင် အဗ္ဗဒူလာဇစ် အယ်လ်-ဆွတ်မှာမူ စုံစမ်းစစ်ဆေးခံရသည်ဟူသော သတင်းများ ပေါ်ပေါက်ခြင်းမရှိသော်လည်း ယင်းသို့အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးခြင်း ဖြစ်ရပ်များကြောင့် ယခုလူနေခန်းကို အရှုံးခံရောင်းချခြင်းလည်း ဖြစ်တန်ရာချေရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဆော်ဒီမင်းသားပိုင်ဆိုင်သော နယူးယောက်မြို့၊ Trump Place အဆောက်အအုံရှိ ကျည်ကာခန်း ၃ ခန်းပါသည့် ၃ ခန်းတွဲ လူနေခန်းကို ကန်ဒေါ်လာ သန်း ၄၀ နီးပါးအထိ အရှုံးခံရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service