ဒေါ်လာသန်းပေါင်းတစ်သန်းခွဲကုန်ကျခံမည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ သမ္မတဒေါ်နယ်ထရမ့် အဆိုပြုမည် - Property News in Myanmar from iMyanmarHouse.com
5336 Views

ဒေါ်လာသန်းပေါင်းတစ်သန်းခွဲကုန်ကျခံမည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ သမ္မတဒေါ်နယ်ထရမ့် အဆိုပြုမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကာလကြာရှည်စောင့်စားခဲ့ရသည့် အမေရိကန် ပြည်ထောင်စုတွင် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ(သန်းပေါင်း ၁ သန်းခွဲ)ကုန်ကျမည့် အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများကို မကြာမီတင်ပြမည်ဖြစ်ကြောင်း သိရသည်။

ကုစား

ထရမ့်၏စီမံကိန်းအရ ပြည်ထောင်စု ရန်ပုံငွေ ဘီလီယံ ၂၀ဝ ကို အခြေခံအသုံးပြု၍ ဒေသများနှင့် ပြည်နယ်များမှ အခွန်ငွေများဖြင့် မြို့တွင်းလမ်းများ၊ အဝေးပြေးလမ်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များကဲ့သို့ အခြေခံ အဆောက်အအုံများကို ပြုပြင်သွားမည်ဖြစ် သည်။ ထို့ပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို လည်း ဖိတ်ခေါ်၍ အခြေခံအဆောက်အအုံ ယိုယွင်းမှုကို ကုစားသွားမည်ဖြစ်သည်။

ဦးစားပေးကိုင်တွယ်

အခြေခံအဆောက်အအုံများယိုင်နဲ့နေ ခြင်းကြောင့် အမေရိကန်စီးပွားရေးတိုးတက် မှုအလားအလာ အပြည့်အဝမရရှိနိုင်ဟု ထရမ့်က အပြစ်ဖို့ထားသည်။ ထရမ့်သမ္မတ ဖြစ်လာပြီးပြီးချင်း အခြေခံအဆောက်အအုံ ကဏ္ဍကို ဦးစွာတွန်းအားပေးလိမ့်မည်ဟု ဝါရှင်တန်အသိုင်းအဝိုင်းက မျှော်လင့်ခဲ့သော် လည်း ထရမ့်သည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ဦးစားပေးကိုင်တွယ်ခဲ့သည်။

အကုန်ကျများပြားလွန်းမည့် အစီအစဉ် တင်ပြချိန်သည် ထရမ့်၏ လက်ထောက်နှစ်ဦးက အမျိုးသမီးများအပေါ် အနိုင်ကျင့်မှုစွဲချက်များ ကြောင့် နုတ်ထွက်ခဲ့ရပြီးချိန်လည်း ဖြစ်သည်။

ထရမ့်၏အဆိုပြုချက်အပေါ် ကနဦး သုံးသပ်ချက်နှင့် ရှုမြင်မှုများမှာလည်း ကွဲပြား သည်။ ကုန်ပစ္စည်းထုတ်လုပ်သူများ အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဂျေးတင်မွန်စ်က ထရမ့်ကို ထောက်ခံသည်။ အခြေခံအဆောက်အအုံများ တိုးတက်ခေတ်မီရေးအရေးပါပြီး စစ်မှန်သည့် ၂၁ ရာစုအခြေခံအဆောက်အအုံရရှိရေး အတွက် ထရမ့်သည် ကမ္ဘာလုံးဆိုင်ရာ ခေါင်း ဆောင်ဖြစ်ထိုက်သည်ဟူ၍ပင် ချီးမွမ်းသည်။

ဒီမိုကရက်အမတ်အချို့နှင့် အမေရိကန် ကုန်သည်ကြီးများအသင်းကမူ ပြည်ထောင်စု ရန်ပုံငွေများ ပိုမိုရရှိရန် အခွန်များတိုးကောက် ရမည်ဖြစ်၍ အခွန်ကင်းလွတ်ခွင့်ပင် ရှိတော့မည် မဟုတ်ဟု ဝေဖန်သည်။ ပတ်ဝန်းကျင်ရေးရာ အုပ်စုများကလည်း ဆိုးကျိုးသက်ရောက်နိုင်မှုကို စိုးရိမ်ကြကြောင်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service