စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင် - Property News in Myanmar from iMyanmarHouse.com
5075 Views

စရိတ်သက်သာ၊ လွယ်ကူ၊ ဆွဲဆောင်မှုရှိသော ဗယ်လင်တိုင်းဒေးအိမ်အပြင်အဆင်

မနက်ဖြန်(ဖေဖော်ဝါရီ ၁၄) ဆိုရင် ချစ်သူများနေ့လို့ မြန်မာမှုပြုခေါ်ဝေါ်ကြတဲ့ Valentine's Day (ဗယ်လင်တိုင်းဒေး) ကျရောက်ပါပြီ။

အေဒီ ၄၉၈ လောက်တုန်းက ရောမမှာ ကလောဒီးယပ်စ်ဆိုတဲ့ သဘောထားသေးတဲ့ ဧကရာဇ်ဘုရင်လက်ထက် သူ့အမိန့်ကို သွေဖည်ပြီး ချစ်သူတွေကို လက်ထပ်ပေးခဲ့လို့ တာနီမြို့က ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း ဖေဖော်ဝါရီ ၁၄ မှာ ကွပ်မျက်ခံခဲ့ရပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဗယ်လင်တိုင်းဒေးလို့ အမှတ်တရသတ်မှတ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဟာ တကယ်တော့ အနောက်တိုင်းခရစ်ယာန်ဘာသာရေးအသိုင်းအ၀ိုင်းက ခွင့်ပြုလက်ခံထားတဲ့ အားလပ်ရက်တစ်ရက်ပါပဲ။ နိုင်ငံတိုင်းမှာ အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်တဲ့ အားလပ်ရက်တစ်ရက်တော့ မဟုတ်ပေမယ့် ကမ္ဘာတစ်ဝန်း ဒေသအများအပြားမှာ အထူးတလှယ်ကျင်းပတဲ့ နေ့တစ်နေ့အဖြစ် အသိအမှတ်ပြုထားကြပါတယ်။

ကိုးကွယ်ရာနဲ့ ယဉ်ကျေးမှုချင်း လားလားမျှမတူညီတဲ့ မြန်မာနိုင်ငံမှာလည်း ရိုးရာအထိမ်းအမှတ်နေ့အဖြစ် မသတ်မှတ်ထားပေမယ့် စီးပွားရေးသမားတွေနဲ့ ချစ်သူစုံတွဲတွေအကြား နေ့ထူးတစ်ရက်ဖြစ်လို့လာနေပါပြီ။ သီတင်းပတ်အနည်းငယ်အလိုကတည်းက ဈေးဝယ်စင်တာတွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေမှာ ရောင်းသူရော ၀ယ်သူရော လှုပ်လှုပ်ရွရွဖြစ်နေကြပါပြီ။

အမှတ်တရလက်ဆောင်ပေးကြတာမျိုးနဲ့တင်မကဘဲ သင့်ရဲ့အိမ်ဂေဟာကိုလည်း လှပပြီး ဆွဲဆောင်မှုရှိကာ ကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့ဗယ်လင်တိုင်းဒေးအပြင်အဆင်ဖြစ်ဖို့ရာ လွယ်လင့်တကူပဲ ပြုလုပ်လိုက်ကြပါစို့။

အဆင့် ၁။ ကျက်သရေမင်္ဂလာရှိတဲ့ အိမ်ဂေဟာလေးကို ဗယ်လင်းတိုင်းဒေးအပြင်အဆင်ပြုလုပ်ရာမှာ ပထမဆုံးအဆင့်အနေနဲ့ အနီရောင်ပန်းစည်းနှစ်စည်းကို တစ်စည်းနဲ့တစ်စည်း ကြက်ခြေခတ်အနေအထား ပြုလုပ်ပါ။ ပန်းရောင်ပန်းစည်းကိုတော့ စက်ဝိုင်းပုံခွေပြီး အိမ်ရှေ့တံခါးမှာ ပုံပါအတိုင်းချိတ်ဆွဲပါ။ အပေါ်ဆုံးကနေပြီး အဖြူရောင်ဖဲကြိုးကြီးကို ဖဲပြားပုံချည်နှောင်ပါ။ ကြက်ခြေခတ်ပုံနဲ့ စက်ဝိုင်းပုံတို့ဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ကို ကိုယ်စားပြုပါတယ်။

အဆင့် ၂။ နံရံကပ်ဗြောင်စက္ကူအရောင်နှစ်မျိုးကို တြိဂံလေးတွေညှပ်ပြီး ပုံပါအတိုင်း နံရံမှာ အသည်းပုံဖော်ပြီး ကပ်ပါ။

အဆင့် ၃။ ဆွဲကြိုးလော့ကတ်သီးစတိုင်လ် အသည်းရုပ်လေးတွေကို ဘောင်သွင်းပြီး နံရံမှာ ချိတ်ဆွဲပါ။

အဆင့် ၄။ ကော်ဖီစားပွဲကို ပုံပါအတိုင်းအလှဆင်ပါ။ ပန်းအစစ်တွေသုံးရင် ကောင်းပေမဲ့လည်း ပုံပါ ကျူးလစ်ပန်းပုံဖယောင်းတိုင်ခွက်လေးတွေက ဗယ်လင်တိုင်းဒေးနဲ့ ပိုလို့လိုက်ဖက်ပါတယ်။

အဆင့် ၅။ နှုတ်ခမ်းဟာ ဗယ်လင်တိုင်းဒေးရဲ့ အလှအပဆုံးပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနဲ့ ဗယ်လင်တိုင်းဒေးကို အလှဆင်တာဟာ လွယ်မယောင်နဲ့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရောင်ရွေးမှန်ဖို့ အလွန်အရေးကြီးလို့ဖြစ်ပါတယ်။ အနီရောင်၊ ပန်းရောင်နှင့် ပန်းဆီရောင်၊ ပန်းခရမ်းရောင် နှုတ်ခမ်းပန်းချီတွေဟာ ကလေးအလွန်ဆန်ပြီး အဲ့ဒါနဲ့ဆန့်ကျင်ဘက် ပြီးပြည့်စုံတဲ့နှုတ်ခမ်းပန်းချီအတွက် ရွှေအိုရောင်နဲ့ အပြာရောင်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

အဆင့် ၆။ နှင်းဆီဖြူပန်းအိုးတစ်အိုးနဲ့ ပန်းရောင်ဖယောင်းတိုင်နှစ်ချောင်းတို့ကို
ထမင်းစားစားပွဲပေါ်ထားလိုက်ရုံနဲ့ သင့်ညစာကို ဗယ်လင်တိုင်းဒေးအရသာ
အပြည့်အ၀ခံစားစေရမှာပါ။

အဆင့် ၇။ Live Well, Laugh Often, Love Much (ကောင်းစွာနေထိုင်ပါ၊
မကြာခဏရယ်ပါ၊ များများချစ်ပါ) အဓိပ္ပါယ်ရ စာတန်းတစ်ခုခုကိုလည်း ညစားစားပွဲပေါ် တင်ထားလိုက်မယ်ဆိုရင် ဗယ်လင်းတိုင်းဒေးနဲ့ အလွန်လိုက်ဖက်ပြီးပြည့်စုံတဲ့ အိမ်ဂေဟာအပြင်အဆင်ကို ရရှိပြီပေါ့ရှင်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service