လမ်းသစ်အိမ်ရာစီမံကိန်းတည်ဆောက်ဖို့ အိမ်ပြောင်းရွှေ့စရိတ်များ စတင်ထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
3367 Views

လမ်းသစ်အိမ်ရာစီမံကိန်းတည်ဆောက်ဖို့ အိမ်ပြောင်းရွှေ့စရိတ်များ စတင်ထုတ်ပေး

၁၉၅၅ ခုနှစ် ကတည်းက တည်ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ လမ်းသစ်အိမ်ရာစီမံကိန်းကို အသစ်ပြန်လည်တည်ဆောက်တော့မှာ ဖြစ်လို့ လမ်းသစ်အိမ်ရာက နေထိုင်သူတွေကို ယာယီပြောင်းရွှေ့ နေထိုင်စရိတ်စတင်ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဆောက်လုပ်မယ့် လမ်းသစ်အိမ်ရာသစ်မှာ တစ်တိုက်ကို (၂၄)ခန်းပါ၊ လေးထပ်တိုက်ပေါင်း (၁၁)တိုက်ပါရှိမှာ ဖြစ်ပြီး အခန်းပေါင်း (၂၆၄)ခန်း ပါဝင်မှာ ဖြစ်တယ်။ ဌာနဆိုင်ရာနဲ့ အသင်းအဖွဲ့အတွက်လည်း အခန်း(၅)ခန်းပါရှိမှာ ဖြစ်ပါတယ်။

လမ်းသစ်အိမ်ရာကို အထပ်မြင့် အဆောက်အအုံတည်ဆောက်မှာ ဖြစ်တယ်။ မြေညီထပ်ကနေ (၇)လွှာအထိ ကားပါကင်ပါဝင်ပြီး (၈)လွှာကနေ (၂၃)လွှာအထိ အခန်းတွေမှာ လက်ရှိနေထိုင်သူတွေကို ပြန်နေရာချထားပေးမှာ ဖြစ်တယ်။

အိမ်ပြောင်းအိမ်တက်စရိတ်အတွက် ကျပ် (၃၀၀,၀၀၀)နှုန်း ပေးမှာ ဖြစ်ပါတယ်။ အိမ်ငှားစရိတ်အဖြစ် ဌာနက ကျပ် (၂၃၀,၀၀၀)ပေးအပ်မှာ ဖြစ်တဲ့အပြင် စီမံကိန်းတည်ဆောက်မယ့် ကုမ္ပဏီက (၁)သိန်းပေးဆောင်မှာဖြစ်ပြီး စုစုပေါင်း တစ်လကို (၃၃၀,၀၀၀)ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိနေထိုင်သူတွေ တင်ပြရမယ့် စာရွက်စာတမ်းတွေကို အများပြည်သူသိနိုင်အောင်အတွက် စီမံကိန်းရှေ့မှာ အသိပေးကြေညာထားတယ်လို့ သိရပါတယ်။

စာရွက်စာတမ်းမူရင်း အထောက်အထားကို တစ်ခါတည်းပေးအပ်ရင် ယာယီပြောင်းရွှေ့စရိတ် တစ်နှစ်စာ အိမ်ငှားရမ်းခ (၃၉)သိန်း (၆)သောင်းနဲ့ အိမ်ပြောင်းရွှေ့စရိတ်အတက်အဆင်းအတွက် (၆၀၀,၀၀၀)စုစုပေါင်း (၄,၅၆၀,၀၀၀) ချက်လက်မှတ်ကို (၂၀၁၈)ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့က စတင်ပြီး ပထမအကြိမ် စထုတ်ပေးနေတယ်လို့ သိရပါတယ်။

အိမ်ခန်းကအပြီးအပိုင်ပြောင်းရွှေ့ပြီးကြောင်း အထောက်အထားတွေ စီမံကိန်းရုံးကို လာအပ်နှံပါက (၁၄)ရက်အတွင်း ကျန်(၂)နှစ်စာ အိမ်ငှားခတွေကို ထုတ်ပေးမယ်လို့ သိရပါတယ်။

(၂၀၂၁)ခုနှစ်ခန့်မှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ လမ်းသစ်အိမ်ရာသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လမ်းသစ်အိမ်ရာမှာ ရန်ကုန်မြို့ရဲ့ အချက်အချာဘုန်းကြီးလမ်းဘေးမှာ တည်ရှိပြီး အနီးပတ်ဝန်းကျင်မှာ သူနာပြုတက္ကသိုလ်၊ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဗဟိုစည်ဆေးရုံ၊ သံဈေးနဲ့နီး၊ ရန်ကုန်မြစ်ဆိပ်၊ အလက(၁)(၂)၊ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊ (၂၀၂၁)ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ဇန်နဝါရီလအတွင်း ပြောင်းရွှေ့မယ့်သူတွေကို မရမ်းကုန်းမြို့နယ် ပုဂ္ဂလိကဘဏ်မှာ ငွေထုတ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service