မွန်ပြည်နယ်တွင် နိုင်ငံခြားသား ခရီးသွားများအတွက် ကန့်သတ်နယ်မြေအချို့ ဖြေလျှော့ - Property News in Myanmar from iMyanmarHouse.com
6704 Views

မွန်ပြည်နယ်တွင် နိုင်ငံခြားသား ခရီးသွားများအတွက် ကန့်သတ်နယ်မြေအချို့ ဖြေလျှော့

မွန်ပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားများ သွား လာလည်ပတ်ခွင့် မရှိသည့် နယ် မြေများအနက် အချို့ကိုကန့်သတ်မှုများ ဖြေလျှော့ပေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဌာန(မော်လမြိုင်ရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးကံမြင့်က ပြောသည်။

သံဖြူဇရပ် မြို့နယ်ရှိ ဝဲကလိ ရေပူစမ်း၊ ပငဆားကွင်း၊ သေမင်းတမန်ရထားလမ်း၊ မဟာမိတ်စစ် သင်္ချိုင်း၊ ကျိုက္ခမီရေလယ်ဘုရား နှင့် စက်စဲကမ်းခြေ၊ ဘီးလင်းမြို့နယ်ရှိ ကေလာသတောင်၊ ကျောက်ပိဘုရား နှင့်ကျောက်တံခါးဘုရား၊ သထုံမြို့နယ်ရှိ မြသပိတ်စေတီ တို့ကို ၂၀၁၇ ဒီဇင် ဘာကစ၍ သွားလာခွင့် ကန့်သတ် မှုမှ ဖြေလျှော့ပေးခဲ့သည်။

‘‘သွားလာခွင့် ဖြေလျှော့ လိုက်တော့ နိုင်ငံခြားဧည့်သည် တွေ အေးအေးဆေးဆေး သွားလို့ ရတယ်။ မဟုတ်ရင် ခွင့်ပြုချက်ယူ နေရတယ်။ ဆိုလိုတာက ကုမ္ပဏီ နဲ့ ချိတ်ဆက်ပြီးလာတဲ့ ဧည့်သည် ဆိုရင် ပြဿနာမရှိဘူး၊ ဘယ် ကုမ္ပဏီနဲ့မှ မချိတ်ဆက်ဘူး၊ ကိုယ့်ဘာသာကိုယ် ဝင်လာမယ်၊ အဲဒီ နေရာတွေကို သွားမယ်ဆိုရင် လဝကက အရေးယူမှာပဲ။ အခု ဆို အဆင်ပြေတာပေါ့လေ။ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်’’ဟု ဦးကံမြင့်က ပြောသည်။

သံဖြူဇရပ်နှင့် ကျိုက်မရော မြို့နယ်သည် ယခင်က မြို့ပေါ်နှင့် မြို့ပြင်ပါ နိုင်ငံခြားသားသွားလာ ခွင့် ကန့်သတ်ထားပြီး ဘီးလင်းနှင့် သထုံကို ယခင်က မြို့ပေါ်တွင် သာ သွားလာခွင့်ပြုထားပြီးယခု မြို့ပြင်သို့ပါ သွားလာခွင့်ပြုထားသည်။

‘‘ဒီလိုမျိုးဖြေလျှော့ပေးလိုက် ခြင်းအားဖြင့် နိုင်ငံခြားခရီးသွား တွေအတွက် ပိုပြီးအဆင်ပြေလာမယ်။ ကိုယ့်ဒေသကို ဧည့်သည် တွေ ပိုဝင်လာမယ်။ အရင်ကဆိုရင် ခွင့်ပြုချက်တင်ရတော့ အဆင်မပြေမှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့တယ်’’ ဟု ဒေသခံဧည့်လမ်း ညွှန်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်အနက် ကျိုက်ထို၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်သည် နိုင်ငံခြားသား ခရီသွားများ မြို့ပေါ်မြို့ပြင် သွား လာခွင့် ပြုထားသည့်နယ်မြေ ဖြစ် သည်။

ယခင်က ဘီးလင်း၊ သထုံနှင့် ရေးမြို့နယ်တို့တွင် မြို့ပေါ်သာ သွားလာခွင့်ပြုထားပြီး မြို့ပြင် သွားလာမှုအတွက် ခွင့်ပြုချက် တောင်းခံရကာ ကျိုက်မရောနှင့် သံဖြူဇရပ်မြို့နယ်ကို ခွင့်ပြုချက် တောင်းခံရမည့် နယ်အဖြစ် သတ်မှတ်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service