ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်ကြီးအဖြစ် အဆင့်မြှင့်တင်မည် ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေကြမ်းရေးဆွဲခြင်းဖြစ်ကြောင်း မြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
5760 Views

ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်ကြီးအဖြစ် အဆင့်မြှင့်တင်မည် ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေကြမ်းရေးဆွဲခြင်းဖြစ်ကြောင်း မြို့တော်ဝန်ဆို

ရန်ကုန်မြို့တော်ကို ဒီမိုကရေစီစံချိန် စံညွှန်းပြည့်ဝပြီး ရန်ကုန် မြို့တော်သူ မြို့တော်သားများ၏ လိုအပ်ချက်များ အပြည့်အဝဖြည့် ဆည်းပေးနိုင်သော စီးပွားရေးမြို့တော်ကြီးအဖြစ် အဆင့်မြှင့်တင်နိုင် ရန် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား ရန်ကုန်မြို့တော်ဝန်က ရှင်းလင်းတင်ပြရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လိုအပ်ချက်များဖြည့်ဆည်းရန်

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၄၀ ပြည့်နှစ်၌ လူဦးရေသည် ၁၀ သန်းကျော်ရှိနေမည်ဟု ခန့်မှန်းမိသောကြောင့် မြို့ပြ၏ လိုအပ်ချက် များစွာရှိနေနိုင်ပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒီမိုကရေစီ စံချိန် စံညွှန်းနှင့် ပြည့်စုံသည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကြမ်းက ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောဆိုသည်။

"လူဦးရေစုပေါင်းသိပ်သည်းမှုနဲ့ ရွှေ့ပြောင်းဝင်ရောက်လာမှုတွေ ကြောင့် ရရှိလာတဲ့ လိုအပ်မှုများစွာကနေ ကျူးကျော်မှု၊ သောက်သုံး ရေရှားပါးမှု၊ တရားမဝင်ရေခိုးသုံးမှု၊ ယာဉ်အန္တရာယ်၊ လျှပ်စစ်ခိုးယူ သုံးစွဲမှု၊ ခွင့်ပြုချက်မဲ့အဆောက်အအုံဆောက်လုပ်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု စတဲ့ပြဿနာတွေ ဖန်တီးပေးလျက်ရှိနေမယ်။ အဲဒီကနေ တစ်ဆင့် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ပညာရေးနဲ့ လူမှုရေး စတဲ့နယ်ပယ်တွေအထိ မကောင်းတဲ့ ရလဒ်တွေ ပျံ့နှံ့စေမှာ ဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ ရန်ကုန်မြို့တော်ကို ဖွံ့ဖြိုးတိုးတက်မှု တွေရရှိစေမယ့်အစား လက်ရှိရင်ဆိုင်နေရတဲ့ မြို့ပြပြဿနာတွေကို ထွက်ပေါက်မရှိအောင် ပိတ်ဆို့နေပါတယ်။ အဆိုးသံသရာထဲက လွတ် မြောက်နိုင်ဖို့ အစိုးရသစ်တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ညီညွတ်ပြီး မြို့တော်သူမြို့တော်သားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေကို ပွင့်လင်းမြင်သာစွာ အပြည့်အဝ ရယူ ခံစားနိုင်စေဖို့နဲ့ လူနေမှုဘဝမြင့်မားတိုးတက်စေဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို ရေးဆွဲတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရအဖွဲ့အစည်းများအနေဖြင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက် လာစေရေးအတွက် ဌာနကြီးသုံးခု၊ စီးပွားရေးအဖွဲ့ခုနစ်ဖွဲ့ဖြင့် ပြောင်းလဲ ဖွဲ့စည်းနိုင်မည့် ယခုဥပဒေကြမ်းကိုလည်း ပြင်ဆင်ရေးဆွဲပြီး လွှတ် တော်သို့တင်ပြရခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေမူကြမ်းကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ဥက္ကဋ္ဌအဖြစ်ဦးစီး၍ အဖွဲ့ဝင် ၃၄ဦး ပါဝင်သော ဥပဒေပြန်လည်ရေးဆွဲရေး ကော်မတီက ရေးဆွဲခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးအောင်ခိုင်၏ အကြံပြုချက်များကိုရယူကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဥပဒေကြမ်းကို ထပ်မံပြင်ဆင်ရေးဆွဲ၍ ယခုကျင်းပသည့် လွှတ်တော်သို့တင်ပြရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ရှင်းပြသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service