ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကြား နှစ်လမ်းသွားလမ်းမစီမံကိန်း ဆောင်ရွက်ပါက ဆွေးနွေးရန် KNU ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
5805 Views

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကြား နှစ်လမ်းသွားလမ်းမစီမံကိန်း ဆောင်ရွက်ပါက ဆွေးနွေးရန် KNU ထုတ်ပြန်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကြား ဖောက်လုပ်မည့် နှစ်လမ်းသွား လမ်းမကြီးတည်ဆောက်ရေးစီမံကိန်းဆောင်ရွက်ပါက အစိုးရအ ပါအ၀င် စီမံကိန်း အကောင်အ ထည်ဖော်မည့် အဖွဲ့အစည်းများသည် ၎င်းတို့နှင့်တိုင်ပင်ဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၁ ရက်တွင် သ ဘောထားထုတ်ပြန်သည်။

KNU သည် အစိုးရနှင့်တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) ကို ၂၀၁၅ အောက်တိုဘာတွင် လက် မှတ်ရေးထိုးခဲ့ပြီး အဆိုပါစာချုပ် ပါပြဋ္ဌာန်းချက်များအရ ဤကဲ့သို့ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အ ခြေခံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် တိုင်ပင်ဆွေးနွေးရမည် ဟု KNU ကဆိုသည်။

အဆိုပါစီမံကိန်းသည် KNU ထိန်းချုပ်နယ်မြေရှိ သဘာဝသစ် တောဧရိယာကို ဖြတ်သန်းရမည် ဖြစ်သဖြင့် မြန်မာအစိုးရ၊ ထိုင်း အစိုးရ၊ ဂျပန်အစိုးရ၊စီမံကိန်းအ ကောင်အထည်ဖော်သူနှင့် ငွေ ကြေးထောက်ပံ့မည့်သူများသည် အချက်လေးချက် လိုက်နာရမည်ဟုဆိုသည်။

စီမံကိန်းအကောင်အထည် ဖော်ရာတွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိခိုက် မှုများအတွက် မြန်မာနိုင်ငံ၏ ဥပဒေ၊ KNU ၏မြေယာမူဝါဒ၊သစ်တောမူဝါဒများနှင့် နိုင်ငံတကာစံညွှန်းများအတိုင်းဆောင်ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ပြည်ထောင်စုနှင့် ပြည်နယ် အကြား အခွန်ဘဏ္ဍာငွေခွဲဝေ ခြင်း၊ ဒေသခံများရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများပါဝင်ရေး KNU အ ပါအ၀င် အဓိကသက်ဆိုင်သူများ နှင့် ဦးစွာညှိနှိုင်းဆောင်ရွက်ရမည် ဟုဆိုသည်။

စီမံကိန်းကို ကြိုတင်သတိ ပေးခြင်း၊ လူထုသဘောထားရယူခြင်း၊ မြေယာလျော်ကြေးနှင့် သက်မွေးပညာများအတွက် မျှတ သောလျော်ကြေးပေးရေး၊ မြေ ယာအစားပေးရေးတို့ပြုလုပ်ပေး ရန် KNU သဘောထားထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့ပြင် လမ်းဒီဇိုင်းကိုသဘာ ၀ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဒေသ ခံတိုင်းရင်းသားများ၏ မြေယာပါဝင်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထားဝယ်အထူးစီးပွားဇုန်ကို ၂၀၁၈ခုနှစ် နှစ်လည်တွင် ပြည်လည်စတင်နိုင်ရန် စီစဉ်ထားပြီး စီမံကိန်း ပြန်လည်စတင်ရာတွင် လုပ်ငန်း ကိုးခုကို ကနဦးအကောင်အထည်ဖော်မည်ဖြစ်သည်ဟု အထူးစီးပွားဇုန်စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်းက ပြောသည်။

ထိုင်းနိုင်ငံမှ ချေးငွေဖြင့်ထိုင်းနယ်စပ်မှ အထူးစီးပွားရေးဇုန်အထိ အဆိုပါလမ်းဖောက်လုပ်ခြင်းစိမံကိန်း၊ အထူးစီးပွားရေးဇုန်အတွင်းရှိ မြေယာအဆင့်မြှင့်ခြင်းလုပ်ငန်းများ ပါဝင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service