ကျူးအိမ်ရာ စီးပွားဖြစ်တွက်ကိန်းနဲ့ ဖြေရှင်းရခက်နေတဲ့ပုစ္ဆာ - Property News in Myanmar from iMyanmarHouse.com
3050 Views

ကျူးအိမ်ရာ စီးပွားဖြစ်တွက်ကိန်းနဲ့ ဖြေရှင်းရခက်နေတဲ့ပုစ္ဆာ

ကျူးကျော်ပြဿနာတွေ က ကျွန်တော်တို့ ခေတ်ရောက်မှသာရှိခဲ့သည့် ပြဿနာ တွေ မဟုတ်ခဲ့။ ယခင်ကတည်းကရှိခဲ့ သည့် ပြဿနာတစ်ခုဖြစ်သည်။အစိုးရ အဆက်ဆက်ဖြေရှင်းခဲ့ပေမယ့် ဘယ်တော့မှ မပြီးဆုံးနိုင်သည့် ပုစ္ဆာတစ်ခုလည်းဖြစ် သည်။ စီးပွားရေးမပြေလည်မှု၊ နေထိုင်မှု စရိတ်ကြီးမြင့်မှုများက အခြေခံလူတန်း စား အတော်များများကို ကျူးကျော်အဖြစ် အသွင်ပြောင်းစေရန် ဖန်တီးပေးခဲ့ကြ သည်။ လူမရှိပေမယ့် ပိုင်ရှင်ရှိသည့်နေရာ၊ လူလည်းမရှိ ပိုင်ရှင်လည်း မရှိသည့်နေရာ၊ ပိုင်ရှင်လည်းရှိ လူလည်းရှိပေမယ့် နေရာ လွတ်ရှိသည့်နေရာများတွင် မိသားစု ကျောတစ်ခင်းစာအတွက် ကျူးခဲ့ကြသည်။ နေစရာရှာခဲ့ကြသည်။ အစိုးရပိုင်မြေ များပါမချန် ကျူးခဲ့ကြသည်။ ဤသည်က ဆင်းရဲမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်မည် ထင်သည်။

ယခင်က ကျူးကျော်ခဲ့သည်က မိသားစု ကျောတစ်ခင်းစာရရှိရေးအတွက် သာ ဦးတည်ခဲ့ကြသည်။ သို့ပေမယ့် နှစ် ကာလရွေ့လျားလာသည့်အခါ မိသားစု ကျောတစ်ခင်းစာရရှိရေးထက် စီးပွားဖြစ် တွက်ကိန်းတစ်ခုအဖြစ် ကျူးလာကြသူ တွေလည်းရှိသည်။ နေစရာမရှိ၍ အမှန် အကန် ကျူးကြသူတွေရှိသလို၊ စီးပွား ဖြစ် တွက်ကိန်းတွက်၍ လုပ်ကြံကျူးကြ သူတွေလည်းရှိသည်။ ဒီဘက်ခေတ်ရောက် သည့်အခါ ကျူးများ၏ လာရာနှင့် လားရာ က မှန်းရခက်သည့် အခြေအနေမျိုး ဖြစ် ခဲ့ရသည်။ မြေတန်ဖိုး အဆမတန်မြင့် တက်မှုများကလည်း ကျူးကြသူများကို စီးပွားဖြစ်တွက်ကိန်းရောက်အောင် တွန်း ပို့ပေးနေသလို ဖြစ်သည်။

တစ်ချို့ကျူး များက သူတို့ကျူးမည့်နေရာတွင် ပိုင်ရှင် ရှိကြောင်း သိသည်။ နေရာကောင်းဖြစ် သည်ကိုလည်း သိသည်။ ဈေးကွက်အရ သိန်းရာဂဏန်း၊ ထောင်ဂဏန်းရမည် ကိုလည်းသိသည်။ သိလျက်နှင့်ပင် ကျူး သည်။ ပိုင်ရှင်ကိုယ်တိုင်က ထွက်ပေးပါ ဟု ဆိုလာသည့်အခါ ပြောင်းရွှေ့ကြေး ပေးပါဟု တောင်းသည်။ စီးပွားဖြစ်နိုင်သည့် ကိန်းဂဏန်းတစ်ခုလည်း ဖြစ်သည်။

တစ်ချို့ကျူးများက သူတို့ကိုယ်တိုင် နေ စရာ၊ စားစရာရှိသည်။ မည်သည့် အခက် အခဲမှ မရှိသူတွေဖြစ်သည်။ သို့သော် လည်း စီးပွားဖြစ်လိုမှုအတွက် ကျူးသည်။သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ အစည်းနှင့် ညှိနှိုင်း၍ ကျူးစာရင်းတွင်ပါဝင် စေရေး ကြိုးပမ်းကြသည်။ ပြီးသည့်အခါ ကျူးမြေကွက်ကို အရောင်းအ၀ယ်ပြုသည်။ချက်ချင်းလက်ငင်း စီးပွားဖြစ်သွားကြ သည်။ တစ်ချို့ကျူးများက တကယ်ကို နေစရာ၊ စားစရာ အခက်အခဲရှိ၍ ရသည့် နေရာများတွင် ကျူးကျော်အဖြစ် အမည်နာမ ခံယူထားကြသူများဖြစ်သည်။ သူ တို့ကိုယ်တိုင်က ပျံကျ အလုပ်သမားတွေ များသည်။ တစ်နေ့စာ တစ်နေ့အတွက် အတော်ကို ရုန်းကန်ကြရသူတွေဖြစ်သည်။အမှန်အကန် ကျူးကျော်သူတွေ ဖြစ်သည်။သူတို့ ဘ၀တွေက ကြမ်းတမ်းပင်ပန်းလွန်း သလို၊ သနားစဖွယ်လည်း ကောင်းသည်။ သို့ပေမယ့် ဒီဘက်ခေတ်ရောက်လာသည့် အခါ အမှန်အကန်ကျူးကြသူများကိုပင် စီးပွားဖြစ်တွက်ကိန်း မြင်တက်စေရန် အတွက် နောက်ကွယ်က ကြိုးကိုင် ခြယ် လှယ်ကြသူတွေရှိလာခဲ့သည်။ အကြံ ဥာဏ်ပေးကြသူတွေရှိလာခဲ့သည်။ ထို အခါ ကျူးပြဿနာက မရပ်တော့။ ရှိမြဲ ထက်ပင် ပို၍ တိုးလာခဲ့သည်။ ပို၍ ဆိုး လာခဲ့သည်။ အစိုးရအတွက်လည်း ဖြေရှင်း ရခက်သည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေခဲ့သည်။ စီးပွားတွက် တွက်လို့ကောင်းသည့် အရာ တစ်ခုအဖြစ်လည်း ရှိနေခဲ့သည်။ စီးပွား တွက် တွက်သည်ဆိုသည့်အခါ ကျူးက မြေပိုင်ရှင်ကို အကြပ်ကိုင်မှုဟု ပြော၍ ရမည်ထင်သည်။ ပြောင်းရွှေ့စရိတ်လေး ပေးလျင်ရပါပြီဟုပြောပေမယ့် သူတို့ပြော သည့် စရိတ်က ကျပ်သိန်းဂဏန်းအောက် မလျော့ခဲ့။ ကျပ်သိန်းဆယ်ဂဏန်းမှ ရာ ဂဏန်းအထိပင် တောင်းကြသည်။ မြေ တန်ဖိုးကို အကြမ်းဖျင်း သိထားကြသည့် အခါ သူတို့အလိုရမ္မက်ကလည်း ကြီးမား လွန်းသည်။ မြေပိုင်ရှင်က မလိုက်လျော နိုင်သည့်အခါ အဲဒီနေရာက ထွက်မပေး တော့။ တရားရုံး ဦးတိုက်လျှောက်သည့် အခါ အချိန်ကုန်၊ ငွေကုန် ဖြစ်မည်စိုး၍ တစ်ချို့က အဲဒီအလုပ်ကိုမလုပ်ကြ။ ကျူး တွေနှင့် ရအောင်ညှိသည်။ ပြောင်းရွှေ့ စရိတ်ပေး၍ ရှင်းလိုက်သည်။

တစ်ချို့က တရားရုံး ဦးတိုက် လျှောက်သည်။ ကျူးသူဘက်က ဓားမဦး ချမြေ၊ ဘိုးဘွားပိုင်မြေဟု လုပ်ကြံဇာတ် လမ်းဆင်လာသည့်အခါ တော်တော်နှင့် မပြီးပြတ်တော့။ အချိန်ကုန်သည်၊ ငွေကုန် သည်၊ လူပင်ပန်းသည်။ တစ်ချို့က လူ အုပ်စုဖွဲ့၍ နေထိုင်ကြသည့်အခါ မြေပိုင် ရှင်ကိုယ်တိုင်က ရှင်းရခက်သွားသည့် အနေအထားမျိုးဖြစ်သွားခဲ့သည်။ လူအုပ် စုဖွဲ့၍ ရန်ရှာပြုမူသည့်အခါ မြေပိုင်ရှင် ကိုယ်တိုင်လည်း မညှိနှိုင်းရဲတော့။အန္တရာယ် တစ်စုံတစ်ခု ဖြစ်မည်စိုး၍ နေမြဲအတိုင်း သာ နေလိုက်ရတော့သည်။ အဲဒီ အပြုအမူ တွေက ပြင်ပလောကမှာ တကယ်ဖြစ်ပျက် နေသည့် ကျူးကျော်ဇာတ်လမ်းတွေ ဖြစ် သည်။ ရှိလည်း ရှိနေဆဲဖြစ်သည်။ ဖြစ် လည်း ဖြစ်နေဆဲ ဖြစ်သည်။ ပျောက်ပျက် သွားရန်က အတော်ကိုခဲယဉ်းမည့် အနေ အထားလည်း ဖြစ်သည်။

စီးပွားဖြစ်တွက်ကိန်းဆိုသည့် ကျူးသမား၏ တောင်းဆိုမှုကို ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။သူတို့တောင်း ဆိုမှုကို ညှိနှိုင်း၍ဖြေရှင်းခဲ့ရသည်။ ကျွန် တော်၏ အဒေါ်ဖြစ်သူက မန္တလေး၊ ပြည် ကြီးတံခွန်မြို့နယ်တွင် ပေ ၄၀ x ပေ၆၀ မြေကွက်တစ်ကွက်ရှိသည်။နိုင်ငံတော် က ချထားပေးသည့်မြေဖြစ်သည်။၂၀၀၀ ခုနှစ်က ချထားပေးခဲ့သဖြင့် အဲဒီအချိန်က အဲဒီနေရာတွင် လူနေအိမ်တွေလည်း မရှိ သေး။ မြေကွက်အလွတ်တွေချည်းသာ ရှိနေခဲ့သည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရောက်သည့်အခါ အဲဒီနေရာတွေက စက်မှုဇုန်တွေနှင့် စည်ကားလာခဲ့သည်။မြေဈေးကလည်း အတိုင်းအတာတစ်ခု အထိ မြင့်တက်လာခဲ့သည်။ အဒေါ်ကိုယ် တိုင် နောက်ဆုံးရောက်ခဲ့သည်က ၂၀၀၄ ခုနှစ်တွင်ဖြစ်သည်။ အဲဒီနောက်ပိုင်း မရောက်ဖြစ်တော့။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လတွင် အဒေါ်ဖြစ်သူက မြေကွက်အခြေ အနေကြည့်ရန်အတွက် မန္တလေးကိုရောက် လာခဲ့သည်။ ကျွန်တော်နှင့်အတူ သွား ဖြစ်ကြသည်။ အဲဒီမြေကွက်ရှိရာအပိုင်း က ကွက်စိပ်မှူးပါ,ပါသည်။ မြေကွက်ကို တွေ့သည်။ သို့သော် မြေကွက်အလွတ် ချည်းပဲမဟုတ်။ ကျူးသမားနှစ်ဦးနှင့်အတူ တွေ့ရသည်။ မြေကွက်ကို နှစ်ခြမ်းပိုင်း၍ ဟိုဘက်ဒီဘက် နှစ်ဦးကျူးနေကြခြင်းဖြစ် သည်။ တစ်ဦးက လူနေထိုင်နိုင်ရုံအတွက် တဲသာသာဆောက်လုပ်ထားသည့် အ ဆောက်အအုံဖြစ်သည်။ ကျန်တစ်ဦးက အခိုင်အမာဆောက်လုပ်ထားသည့် ခြေ တံရှည် သွပ်မိုး ပျဉ်ခင်းအိမ်ဖြစ်သည်။ ကွပ်စိတ်မှူးကိုယ်တိုင်က မူလမြေပိုင်ရှင် တွေ ရောက်လာပြီဖြစ်သည့်အတွက် ကျူး သမားနှစ်ဦးကို ဖယ်ပေးရန် ပြောသည်။နှစ်ဦးစလုံးကလည်း သီတင်းကျွတ်လျှင် ဖယ်ပေးပါမည်ဟုဖြေပေးခဲ့ကြသည်။ ထို သဘောတူညီချက်အရ အဒေါ်ဖြစ်သူက ရန်ကုန်ကို ပြန်သွားခဲ့သည်။ သူကိုယ်တိုင် က အသက်အရွယ်ကြီးရင့်မှု၊ကျန်းမာရေး အခြေအနေ မကောင်းမွန်မှုတို့ကြောင့် မန္တလေးကို ခဏခဏ မလာနိုင်ခဲ့။ သီတင်း ကျွတ်သည့် အခါ ကျွန်တော် အရောက် သွားသည်။ ဖယ်ပေးဖို့အတွက် ကလေး ကျောင်းမပြီးသေး၍ တန်ဆောင်တိုင်အထိ စောင့်ပါဦးဟု တောင်းဆိုသည်။ ထို့အတူ အိမ်ပြောင်းရွှေ့ရန်အတွက် ပြောင်းရွှေ့ ကြေးပေးပါဦးဟု တောင်းဆိုသည်။ တဲသာသာ ကျူးသမား က အဆင်ပြေသလောက် သာပေးဟု ပြောသည့်အတွက် တစ်သိန်း ကျပ်နှင့် အဆင်ပြေသည်။ သွပ်မိုး ပျဉ်ခင်း ကျူးသမားက ဆယ်သိန်းကျပ်တောင်း သည်။ များလွန်းသည့်အတွက် မပေးနိုင် ဘူးဟု ပြောသည့်အခါ မြေကွက်ရောင်း လျှင် အများကြီးရမှာပါဟု ကျူးသမား က ပြန်ပြောသည်။ အဲဒီအခြေအနေမျိုးက အတော်ကို ထူးဆန်းသည်။ မြေပိုင်ရှင်က ရောင်းပဲစားစား အိမ်ပဲဆောက်ဆောက် သူ့လုပ်ပိုင်ခွင့်ဖြစ်သည်။ ကျူးသမား၏ အရေးအရာလည်းမဟုတ်။ သို့ပေမယ့် ကျူးသမားက စီးပွားတွက်,တွက်သည်။ တန်ဖိုးများသည်ကို သူသိသည်။ ခေတ် စနစ်က သင်ကြားပေးလိုက်သော ဘာသာ ရပ်တစ်ခုလည်းဖြစ် မည်ထင်သည်။ သူ တောင်းသည့်အတိုင်း မပေးနိုင်ဟု တင်းခံ နေသည့်အခါ လျော့သွားသည်။ ပြောင်း ရွှေ့ကြေး ကျပ်ငါးသိန်းပေးမည်ဆိုသည့် အခါ သဘောတူသည်။ပြောင်းရွှေ့ပေးပါ မည်ဟုလည်း ကတိပြုသည်။ သို့သော် လည်း တန်ဆောင်တိုင် လွန်မြောက်၍ ၂၀၁၇ ခုနှစ်သို့ ကူးသွားသည့်တိုင် ရွှေ့ ပြောင်းမပေးခဲ့။ ကျွန်တော် ကိုယ်တိုင်က ငါးကြိမ်ခန့် သွားရောက် တွေ့ဆုံခဲ့သည်။ သွားရောက်သည့် အခါတိုင်း ကွက်စိပ်မှူး ပါသည်။ ကျွန်တော် လက်ဝယ်ရှိ စာရွက် စာတမ်းများကို ကျူးသမားက သူကြည့် ချင်ပါသည်ဟု တောင်းဆိုသည်။ ပြီးလျှင် ဓာတ်ပုံရိုက်ထားဖို့ ပြင်သည်။

ကျွန်တော်နှင့် အခြေတင်စကား များရသည်။ ကျူးသမားက ပိုင်ရှင်အစစ် ကို စာရွက်စာတမ်းအလိမ်အညာ လုပ်ခဲ့ သလားဟု စစ်ဆေးမေးမြန်းသလိုမျိုး ခံ စားရသည်။ ကွက်စိပ်မှူးကိုယ်တိုင်က စာရွက်စာတမ်း အစစ်တွေပါဟု ရှင်းပြမှ လက်ခံတော့သည်။ စိတ်လိုက်မာန်ပါ ဖြေရှင်းမိလျင် ပြဿနာ အကြီးအကျယ် ဖြစ်သွားနိုင်သည့် အခြေအနေမျိုးဖြစ် သည်။ ကိုယ့်ပစ်္စည်းကို ပြန်လိုချင်သည့်တိုင် အတော်ကို သည်းခံရသည်။ ပတ်ဝန်းကျင် ဗီဇစရိုက်တွေ ကွဲပြား ခြားနားကြသည်ကို။ ၂၀၁၇ နှစ်ဦးကာလမှာ နောက်ဆုံးအကြိမ် ညှိနှိုင်းဖြစ်သည်။ ယခု ညှိနှိုင်းမှု အဆင် မပြေလျင် တရားဥပဒေအရသာ ဆောင် ရွက်မည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးမပေးတော့ ဟု ပြောသည့်အခါမှသာ တစ်ပတ်အတွင်း ပြောင်းရွှေ့ပေးပါမည်ဟု အဖြေရခဲ့သည်။ သို့ပေမယ့် ပြောင်းရွှေ့စရိတ် တိုးမြှင့်ပေး ခဲ့ရသည်။ တဲသာသာကျူးသမားကို ကျပ် နှစ်သိန်းပေးခဲ့ရပြီး သွပ်မိုးပျဉ်ခင်း ကျူးသမားကို ခုနှစ်သိန်းကျပ် ပေးခဲ့ရသည်။ တစ်ပတ်ပြည့်သည့်အခါ အမှန်တစ်ကယ် ပင် ပြောင်းရွှေ့သွားခဲ့ကြသည်။

ပြောင်းရွှေ့ သွားသည်ဆိုသော် လည်း နေရာဒေသအဝေးကြီး မဟုတ်ခဲ့။ တဲသာသာ ကျူးသမားက အဒေါ့်မြေကွက် ၏ ဘေးလမ်းနယ်၌ ပြန်ကျူးသည်။ အဲဒီ လမ်းက အ၀င်အထွက် အသုံးပြုခြင်းမရှိ သေး၍ အသွားအလာကျဲပါးသည်။ သွပ်မိုး ကျူးသမားက အဒေါ့်မြေကွက်၏ ခေါင်း ရင်းမှာရှိသည့် မြေကွက်ကို ထပ်ကျူးသည်။အဲဒီအကွက်ကလည်း ပိုင်ရှင်ရှိသည်။ပိုင်ရှင်ရောက်လာ၍ ဖယ်ပေးပါဦး ပြော သည့်အခါ ပြောင်းရွှေ့ကြေး တောင်း ၊ မတောင်းဆိုသည်ကလည်း စိတ်ဝင်စား စရာကောင်းသည်။ စီးပွားဖြစ် ကျူးကျော်ဟုတ်မဟုတ်က သူတို့ကိုယ်တိုင် အမှန် အတိုင်း ဖြေကြားပေးမှသိခွင့်ရမည့် အဖြေ လည်း ဖြစ်သည်။ သူတို့စီးပွားတွက်,တွက် နိုင်ဖို့အတွက် နောက်ကွယ်က သင်ကြား ပေးသူတွေရှိမှာကလည်း ငြင်းပယ်၍မရ သည့် အမှန်တရား ဖြစ်သည်။ စဉ်းစားမိ သည်က ကွပ်စိတ်မှူးတွေ ကိုယ်တိုင်ပါဝင် ပတ်သတ်နေသည်လားဆိုသည့် မေးခွန်း ပင်ဖြစ်သည်။ ကွက်စိပ်မှူးတွေက သူတို့ နယ်မြေထဲမှာရှိသည့် မြေရာဇ၀င် အတော် များများကို သိသည်။ ပိုင်ရှင် ရှိ၊မရှိက အစ သိထားကြသည်။ ကျူးသမားက လည်း သူ့သဘောသူဆောင်၍ ကျူး၍ရ သည်မဟုတ်။ ကွပ်စိတ်မှူးကို အသိပေးရ သည်။ သူကိုယ်တိုင်ကလည်း ကျူးသမား တွေ ဘယ်မှာရှိသည်၊ ဘယ်အကွက်မှာနေ ကြသည်ဆိုသည်ကို ခရေစေ့တွင်းကျသိ သည်။ သူတို့ကိုယ်တိုင်က စီးပွားဖြစ်တွက် ကိန်းတွက်တက်ဖို့ သင်ကြားပေးခဲ့လေ သလားမသိ။ ခန့်မှန်းရခက်သည့် အခြေ အနေတွေဖြစ်သည်။ ကျူးရှင်းပြီးသွား၍ အဒေါ့်မြေကွက်ကို ရောင်းချမည်ဆိုသည့် အခါ ကွက်စိတ်မှူးတွေကပင် ပြန်လည် ရောင်းချပေးသည်။ လက်ရှိပေါက်ဈေး အတိုင်းရသည်။ သို့ပေမယ့် သူတို့ကိုပွဲစား ခပေးရသည်။ သူတို့ကိုယ်တိုင်က အိမ်၊ ခြံ၊မြေ ပွဲစားတွေဖြစ်သည်။ ပတ်သတ် ဆက်စပ်မှုများက အတော်ကိုများသည်။ဆက်စပ်တွေးဆရမည့် အဖြေတွေလည်း ဖြစ်သည်။ ထူးထူးခြားခြား သိရသည်က အဒေါ့်မြေကွက်ကို ကာလတန်ကြေးထက် သုံးဆ နှစ်ဆလျော့သည့်ဈေးဖြင့် ပြန် လည်ရောင်းချရန်အတွက် သူတို့တစ်တွေ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ၀ယ်ယူရန် ကမ်းလှမ်းခံရသည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကြီးက ကျွန်တော့်ကို သူကိုယ် တိုင် ပြောပြသဖြင့် ယုံကြည်ခဲ့ရခြင်းလည်း ဖြစ်သည်။ အဒေါ်ဖြစ်သူက နှစ်ပေါင်းများ စွာ ရောက်မလာခဲ့၍ အပိုင်ပဲဆိုသည့် အတွေးမျိုးတွေး၍ လုပ်ဆောင်ခြင်း ဖြစ် မည်ထင်သည်။ ဤသည်ကလည်း စီးပွား ဖြစ်တွက်ကိန်းပဲ ဖြစ်မည်ထင်သည်။ အဲဒီ လို စီးပွားဖြစ် တွက်ကိန်းတွေက မြန်မာ ပြည် တစ်နံတစ်လျားမှာ အတော်ကို များ မည်ထင်သည်။ စီးပွားရေး မပြေလည်မှု၊ စားဝတ်နေရေးအတွက် ရုန်းကန်ရန်ခက်ခဲ မှုတို့က စီးပွားဖြစ်တွက်ကိန်းဆိုသည့် ဖြတ်လမ်းကို ရောက်စေရန် တွန်းပို့လိုက် ခြင်းဖြစ်မည်ထင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်နီးပါးမှ စတင်ခဲ့သည့် ကျူးတွေက ယခုအချိန်ထိလည်း ရပ် မသွားခဲ့။ အစိုးရအဆက်ဆက်ကလည်း ဖြေရှင်းခဲ့ကြသည်။ ကျူးအိမ်ရာတွေ လျော့မသွားခဲ့။ ဆိုးရွားလာသည်က စီးပွား ဖြစ်တွက်ကိန်းတွက်လာကြသူတွေ များ လာခြင်းပင် ဖြစ်သည်။ ထို့အတွက် အဲဒီ ကိစ်္စကို တရားဥပဒေအတိုင်း မည်သို့ဖြေ ရှင်းကြမည်လဲဆိုသည်က စိတ်ဝင်စား စရာ အကောင်းဆုံး ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်သည်။ အစိုးရကိုယ်တိုင်ကရော ဖြေ ရှင်းနိုင်ပါမည်လား။ အကြီးမားဆုံး စိန်ခေါ် မှုလည်း ဖြစ်သည်။

မြေပိုင်ရှင်တွေဘက် က စဉ်းစားကြည့်လျင်လည်း ကိုယ့်မြေကို ပြန်ရဖို့အရေး ငွေကုန်ကြေးကျခံ၍ မည် သူမျှမဖြေရှင်းလိုကြ။ တရားဥပဒေအတိုင်း ဖြေရှင်းမည်ဆိုသည့်အခါ အချိန်ကုန်သည်။ငွေကုန်သည်။ အတော်များများက ပြေ လည်အောင်ညှိနှိုင်း၍သာ ဖြေရှင်းလိုက် ကြတော့သည်။ အဲဒီသံသရာက ဘယ် ခေတ် ဘယ်ကာလအထိ ရှိနေဦးမည်မသိ။ အစိုးရ အဆက်ဆက်သာ ပြောင်းသွား ကြမည် ဖြစ်သည်။ကျူးတွေကလည်း ကျူး မြဲ ကျူးနေကြဦးမှာပဲ ဖြစ်သည်။ စီးပွားဖြစ် တွက်ကိန်းကို တွက်နေကြဦးမှာလည်းဖြစ် သည်။ မြေရှင်တွေ ကိုယ်တိုင်ကလည်း ကိုယ့်မြေကွက်ထဲမှာ ကျူးတွေ မရှိစေဖို့ အတွက် ဆုတောင်းနေကြရဦးမှာလည်း ဖြစ်သည်။ ကျူးပြဿနာနှင့် စီးပွားဖြစ် တွက်ကိန်းက ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်မှာ ဖြေရှင်းရခက်နေဦးမည့် ပုစ္ဆာတစ်ခုအဖြစ် ရှိနေဦးမည်ကလည်း အသေချာဆုံး ဖြစ်နေပါတော့သည်။

ကိုမျိုးချစ် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service