ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
6304 Views

ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည်

ကမ္ဘာကျော် ပေါ့ပ်ကြယ်ပွင့် ရီဟားနားသည် လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းရန် ဈေးကွက်တင်လာသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ West Hollywood အရပ်တွင် ဖြစ်သည်။

ရီဟားနားသည် အဆိုပါနေအိမ်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် စိတ်ကူးပြောင်းလဲသွားပြီး ပြီးခဲ့သော အောက်တိုဘာလက ကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်းဖြင့် ပြန်လည်ရောင်းထုတ်ရန် ဈေးကွက်တင်ခဲ့
သည်။

သို့ရာတွင် ဝယ်ယူသူ မရှိခဲ့သောကြောင့် ယခုအခါ အငှားဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၆၀၀ ရှိပြီး စပန်းနစ်မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

ခြံဝန်းပတ်လည်တွင် သစ်ပင်ဝါးပင်များ ဝန်းပတ်ထားပြီး ပန်းဥယျာဉ်ပါဝင်သည့် နောက်ဘေးကွက်လပ်ရှိကာ ကား ၄ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။အိပ်ခန်း ၅ ခန်းတွင် master bedroom မှာ လေးခန်းဖြစ်သည်။
ပင်မနေအိမ်အပြင် ရေချိုးခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည့် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ဆောက်လုပ်ထားသည်။

ပင်မနေအိမ်နှင့် ဧည့်ဂေဟာ ၂ ခုလုံးမှာ ရေကူးကန်ဘက်သို့ မျက်နှာမူထားသည်။လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တို့၏ ဖော်ပြချက်အရ ရီဟားနားသည် အဆိုပါနေအိမ်တွင် လုံးဝနေထိုင်ခဲ့ဖူးခြင်း မရှိဟု ဆိုသည်။

အနီးဝန်းကျင်တွင် အဝတ်အထည်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များစွာ တည်ရှိသည်။ယခုနေအိမ်တွင် လာရောက်နေထိုင်ခဲ့ခြင်းမရှိသည့်အကြောင်းရင်းမှာ ပြီးခဲ့သည့်နွေရာသီအတွင်းကပင် Hollywood Hills ၌ ယခုထက် ပိုမိုကြီးမားကျယ်ဝန်းသည့် နေအိမ်တစ်လုံး ဝယ်ယူထားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ လော့စ်အိန်ဂျလိနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service