နိုင်ငံခြားသားတွေ အိမ်ခန်းပိုင်ဆိုင်ခွင့်ရှိလာရင် နိုင်ငံသား နစ်နာမလား - Property News in Myanmar from iMyanmarHouse.com
4940 Views

နိုင်ငံခြားသားတွေ အိမ်ခန်းပိုင်ဆိုင်ခွင့်ရှိလာရင် နိုင်ငံသား နစ်နာမလား

ပြည်ပကလာတဲ့ နိုင်ငံခြားသားတွေကို အိမ်ခန်းဝယ်ယူခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံသားတွေရဲ့ အိမ်ပိုင်ဆိုင်ခွင့်လျော့ကျလာမလား စိုးရိမ်သူတွေရှိလာပါတယ်။
ထွက်ရှိလာတဲ့ ဥပဒေ၊ နည်းဥပဒေတွေအရ အကန့်အသတ်တွေနဲ့သာ နိုင်ငံခြားသားတွေကို အိမ်ခန်းဝယ်ယူခွင့်ပေးထားပါတယ်။ သူတို့တွေအိမ်ခန်းတွေဝယ်ယူလာကြတဲ့အခါ ဝင်ငွေခွန်နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထုတ်ပြန်ပေးဖို့ လိုအပ်နေသေးတယ်လို့ ပညာရှင်အချို့ကသုံးသပ်ပါတယ်။

အဲသည်ကိစ္စနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူကျော်က နိုင်ငံခြားသားတွေအနေနဲ့ အရင်က အိမ်ခန်းဝယ်ခွင့်မရဘူး၊ ဒီကနိုင်ငံသားတစ်ယောက် ရဲ့ အမည်ခံပြီးဝယ်ကြရတယ်၊ နာမည်ခံတဲ့သူက မရိုးသားရင်သူတို့အနေနဲ့ ဆုံးရှုံးတာတွေလဲရှိတယ်၊ အခုလိုပွင့်လင်းမြင်သာရှိလာတဲ့အခါ နိုင်ငံခြားသားတစ် ယောက်ကတရားဝင်အခွန်ဆောင်ပြီး ဝယ်ယူတာဖြစ်လို့ တိုင်းပြည်အတွက်လဲဝင်ငွေရရှိနိုင်တယ်၊ ဒါပေမဲ့ သူတို့က ပြည်တွင်းကဝင်ငွေရရှိတာမဟုတ်ဘဲ  အိမ်ခန်းဝယ်မယ်ဆိုရင် သူတို့ရဲ့ ဝင်ငွေရလမ်းကိုဘယ်လိုစိစစ်မလဲ၊ တရားမဝင်ငွေကြေးတွေစီးဆင်းမလာအောင် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထုတ်ပြန်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ကွန်ဒိုအက်ဥပဒေထွက်ရှိလာတော့ နိုင်ငံခြားသားတွေကတော့ အခန်းဝယ်ခွင့်ရသွားတယ်။ ဒါပေမဲ့ သူတို့နေထိုင်ခွင့်နဲ့တော့မပတ်သက်ဘူး။ အရင်က ဝယ်လို့မရတဲ့အတွက် သူများနာမည်နဲ့ခံဝယ်ရတော့ နာမည်ခံတဲ့သူက မရိုးသားရင် ပြဿနာတက်တာတွေရှိတယ်။ ဝယ်ခွင့်ရသွားတော့ သူတို့အတွက် အဆင်ပြေတယ်။ သည်မှာအိမ်ထောင်ကျတဲ့သူကလည်း အိမ်ခန်းဝယ်ချင်တော့ သူ့နာမည်နဲ့ ဝယ်နိုင်သွားတယ်။ အရင်က ဒေါ်လာကတိုးတိုးတိတ်တိတ်ဝင် လာပြီးတော့ ဈေးကွက်ထဲချရောင်းပြီးမှ ဝယ်တာမျိုးတွေဟာ တိုင်းပြည်က အခွန်နစ်နာတာပေါ့။နောက်တစ်ခုက သူတို့ကဒေါ်လာပေါတယ်။ အိမ်ခန်းတွေဝယ်ပြီး ဈေးကစားတာမျိုး၊ ငွေကြေးခဝါချတာမျိုးဖြစ်မလာအောင်တော့ စီစစ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုကိုကာကွယ်ထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုကိုတော့မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့လည်း နိုင်ငံ ခြားသားတွေကို အိမ်ခန်းရောင်းမယ့်သူတွေအနေနဲ့ နိုင်ငံခြားသားတွေဝယ်ယူခွင့်ရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ကိုတော့ လေ့လာထားရပါမယ်။ သည်မှာ က ကွန်ဒိုပြောပြီး ရောင်းတာတွေက အခုထွက်ရှိလာတဲ့ ဥပဒေနဲ့ မကိုက်ညီတာတွေရှိနေတယ်။ နိုင်ငံခြားသားကိုရောင်းလို့ရတယ်ဆိုပြီး  ရန်တွေအပေးအယူ လုပ်ပြီးမှ ဥပဒေနဲ့မကိုက်ညီတဲ့အခါ အရောင်းအဝယ်မဖြစ်ဘဲ ငွေရေးကြေးရေးအရှုပ်အထွေးတွေဖြစ်လာနိုင်ပါတယ်။

ကွန်ဒိုဥပဒေ
ကွန်ဒိုဥပဒေလို့အများသိရှိထားတဲ့စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ဇန်နဝါရီမှာ ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုအခန်းတွေကို ဝယ်ယူခွင့်ရရှိနိုင်မယ့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာနည်း ဥပဒေကို ၂၀၁၇ ဒီဇင်ဘာ ၇ ရက်မှာထုတ်ပြန်ပါတယ်။ နိုင်ငံခြားသားတွေအထပ်မြင့် အိမ်ခန်းဝယ်တဲ့အခါ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေအရမှတ်ပုံတင်ထားတဲ့ အိမ်ခန်းဖြစ်ရပါမယ်။ နိုင်ငံခြားသားကို အိမ်ခန်းရောင်းမယ့်သူတွေသိရှိထားသင့်တဲ့အချက်တွေလည်းဖြစ်ပါတယ်။ ဥပဒေပုဒ်မ -၂(က)မှာ မှတ်ပုံတင်ထားတဲ့ စုပေါင်းမြေမှာ စုပေါင်းပိုင်အဆောက်အအုံအဖြစ်ဆောက်လုပ်ထားတဲ့ ခြောက်ထပ်နဲ့ အထက်ရှိတဲ့ အထပ်မြင့်အဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံလို့သတ်မှတ်ပါတယ်။

စုပေါင်းပိုင်မြေဆိုတာကလည်း ဥပဒေပုဒ်မ ၁၀(က)အရ မှတ်ပုံတင်လိုတဲ့မြေဟာ ဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ်ဆောက်လုပ်ခွင့်ရှိရပါမယ်။ ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစားဖြစ်ရပါမယ်။ ဥပဒေပုဒ်မ ၁၀(ခ) အရ မြေလက်ရှိပိုင်ဆိုင်သူက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စုပေါင်းမြေအဖြစ်ပိုင်ဆိုင် ခွင့်လွှဲပြောင်းပေးပြီးဖြစ်ရပါမယ်။ ဥပဒေပုဒ်မ ၁၀(ဂ)အရ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းကသတ်မှတ်ထားတဲ့အချက် တွေနဲ့ညီညွတ်ရပါမယ်။ ဥပဒေပုဒ်မ ၁၀ (ဃ)အရ မြေဧရိယာဟာ အနည်းဆုံး စတုရန်းပေ ၂၀,ဝ၀ဝနဲ့အထက် ရှိရပါမယ်။ မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေဖြစ်ဖို့ အဲသည်ပြ ဋ္ဌာန်းချက်တွေညီညွတ်ရပါမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းကတည်ဆောက်တဲ့ ကွန်ဒိုအဆောက်အအုံတွေက အဲသည်သတ်မှတ်ချက်တွေနဲ့မညီညွတ်တာတွေ  များပါတယ်။ အဲသည်က အိမ်ခန်းတွေကို နိုင်ငံခြားသားတွေဝယ်ယူခွင့်မရှိဘူးဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။

နိုင်ငံခြားသားကို ရောင်းချတဲ့နေရာမှာလည်း စုပေါင်းပိုင်အဆောက်အအုံတစ်လုံးရဲ့ ရောင်းချလို့ရတဲ့ စုစုပေါင်းကြမ်းခင်းဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကိုသာရောင်းချနိုင်ပြီး စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကိုသာဝယ်ယူတဲ့ သူတစ်ဦးတည်း ရဲ့ အမည်နဲ့ မှတ်ပုံတင်ခွင့်ရှိပါတယ်။ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင်အဆောက်အအုံရဲ့သက်တမ်းကာလအတွင်းမှာသာ အိမ်ခန်းကိုပိုင်ဆိုင်ခွင့်ရှိမှာဖြစ်တယ်။

နိုင်ငံခြားသားဟာ သူဝယ်ယူထားတဲ့ အိမ်ခန်းကိုပြန်လည်ရောင်းချခွင့်၊ အငှားချထားခွင့်၊ ခွင့်ပြုချက်နဲ့ ထားပိုင်ခွင့်၊ ပေါင်နှံခွင့်ရှိပါတယ်။ နိုင်ငံခြားသားကွယ် လွန်တာ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရတာမျိုးမှာ ဥပဒေအရဆက်ခံပိုင်ခွင့်ရှိသူက မှတ်ပုံတင်အရာရှိထံကတစ်ဆင့်စီမံခန့်ခွဲရေးကော်မတီဆီကိုတင်ပြလျှောက် ထားနိုင်ပါတယ်။အဲသည်နေရာမှာ ဆက်ခံမယ့်လူဟာ နိုင်ငံသားဖြစ်တာ၊ မဖြစ်တာနဲ့မဆိုင်ပါဘူး။ စရောင်းကတည်းက နိုင်ငံသားမဖြစ်ခဲ့တဲ့ သူကိုရောင်းချထားတာဖြစ်လို့ ဆက်ခံတဲ့သူဟာ နိုင်ငံခြားသားလည်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးဦးနဲ့ အိမ်ထောင်ကျနေရင်လည်း မြန်မာဓလေ့ထုံးတမ်း ဥပဒေအရတရားဝင် လက်ထပ်ထားတာ မဟုတ်သော်လည်း ပစ္စည်းဥစ္စာရဲ့ တစ်ဝက်ကိုပိုင်ဆိုင်ခွင့်ရှိနေမှာဖြစ်ပါတယ်။

ဦးစည်သူကျော်က ကွန်ဒိုဥပဒေကတော့မျှော်နေတာကြာပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ကွန်ဒိုအခန်းတစ်ခန်းဝယ်ခဲ့ဖူးတယ်။ ဘာတွေပြဿနာတက်လဲဆို တော့ ကွန်ဒိုဥပဒေမရှိတော့ ကွန်ဒိုတစ်ခုမှာ ဘာတွေနဲ့ ပြည့်စုံရမယ်ဆိုတာမရှိခဲ့ဘူး။ ရောင်းမယ်ဆို မြေရာဖော်ထုတ်တဲ့အခါရေကူးကန်ပါမယ်။ ကားပါကင်၊ ဓာတ်လှေကား ဘယ်နှစင်းပါမယ်၊ ရန်ပုံငွေဘယ်လောက်ထားမယ်၊ မစားရဝခမန်း ပြောခဲ့ပြီး တကယ်ဆောက်တဲ့အခါကျတော့ ဘာမှမပါဘဲလက်ခံလိုက်ရတာမျိုးတွေရှိခဲ့တယ်။ ပိုအမြတ်ရအောင်ဖြစ်သလိုလုပ်ခဲ့တာတွေရှိတယ်။ ဥပဒေအရ ခုခံပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ဝယ်သူတွေမရခဲ့ဘူး။ ၁၅ နှစ်လောက်နောက်ကျ ပြီးမှ ဥပဒေကပေါ်လာတဲ့သဘောရှိပါတယ်။ ကွန်ဒိုမှာနေကြပြီဆိုတော့လည်း အက်ဥပဒေမရှိခဲ့တော့ နိုင်ငံခြားသားတွေကိုရောင်းခွင့်ရှိသလား၊ မရှိဘူးလား၊ ငှားခွင့်ရှိသလား၊ မရှိဘူးလားဆိုတာကလည်း ရှင်းရှင်းလင်းလင်းမရှိတော့ရှုပ်ထွေးတဲ့ပြဿနာတွေရှိခဲ့တယ်။ ဥပဒေရှိလာတဲ့အခါ ကွန်ဒိုမှာနေထိုင်သူတွေအနေနဲ့ ဥပဒေအရ ရပိုင်ခွင့်တွေတာဝန်ယူရတဲ့ အပိုင်းတွေကို ပြတ်ပြတ်သားသားတိတိကျကျ ဆောင်ရွက်နိုင်လို့ အရှုပ်အရှင်းကင်းကင်းနဲ့ နေထိုင်နိုင်မှာဖြစ်တယ်လို့ဆိုတယ်။

ဥပဒေ၊ နည်းဥပဒေဆိုတာကတော့ အချိန်အခါကိုလိုက်ပြီး ပြုပြင်ဖြည့်စွက်ရတဲ့သဘောရှိပါတယ်။ အချိန်အကန့်အသတ်မရှိ ပြုပြင်ဖြည့်စွက်ရပါတယ်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေဆိုတာဟာလည်း တကယ်လက်တွေ့လုပ်ဆောင်ရင်း လိုအပ်ချက်တွေဖြည့်စွက်ရင်းနဲ့ ပြည့်စုံတဲ့ဥပဒေတစ်ခုအဖြစ်အသက် ဝင်လာမှာဖြစ်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service