ထားဝယ်ကမ်းနားလမ်း စီမံကိန်း ၂၀၁၈ စမည် - Property News in Myanmar from iMyanmarHouse.com
7338 Views

ထားဝယ်ကမ်းနားလမ်း စီမံကိန်း ၂၀၁၈ စမည်

ထားဝယ် မြစ်ကမ်းနဖူးတစ်လျှောက်ရှိ ဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း စတင်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

စီမံကိန်းအား အပိုင်းလိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းသာလမ်း မြောင်းပုလဲချောင်းတံတားမှ ကမ်းနားဈေး (အာဇာနည်လမ်းထောင့်) အထိ ပေ ၁၄၀၀ အား ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။

“ယာယီပုံကြမ်းတော့ ရှိပြီပေါ့၊ မြိတ် (ကမ်းနားလမ်း) ပုံစံမျိုးပဲပေါ့။ ၂၀၁၈ ထဲမှာတော့ ဖြစ်(လုပ်ငန်းစတင်) နိုင်မယ်” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လက်ရှိတွင် တိုင်းစည်ပင်မှ လုပ်ငန်းစီမံချက် အစီရင်ခံစာ ရေးဆွဲနေကြောင်း ဝန်ကြီးက ပြောသည်။

စီမံကိန်းတွင် လက်ရှိ ဆိပ်ကမ်းသာလမ်း (၁၈ ပေ အကျယ်) အား ၃၆ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ခြင်း၊ မြစ်ကမ်း ကျောက်စီနံရံ တည်ဆောက်ခြင်း၊ ကမ်းနဖူးလက်ရန်းနှင့် ၆ ပေအကျယ် လူသွားပလက်ဖောင်း တည်ဆောက်ခြင်းတို့ပါဝင်ရန် လျာထားရေးဆွဲကာ တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

ကမ်းနဖူးနှင့် လူသွားပလက်ဖောင်း၊ ဆိပ်ကမ်းသာလမ်းကြား ကွက်လပ်မြေနေရာအား အပြောင်ရှင်းမြေဖို့ကာ အများပြည်သူနှင့် သက်ဆိုင်သောနေရာအဖြစ် ချန်ထားနိုင်ရေး လျာထားကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

ယင်းဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ရေးအတွက် စီမံကိန်းအား ကျွမ်းကျင်အင်ဂျင်နီယာတို့၏ ဒီဇိုင်းဖြင့် ပြုလုပ်သင့်ကြောင်း ထားဝယ်မြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောသည်။

“ရည်ရွယ်ချက် ကောင်းတယ်၊ တဖြည်းဖြည်းလုပ်သွားမယ့် သဘောပေါ့၊ အဓိကကတော့ ဒီဇိုင်းကောင်းဖို့လိုတယ်၊ ပြီးရင် ကျူစီ (Quality Control) အတိုင်း မှန်မှန်ကန်ကန်လုပ်ဖို့ လိုတယ်”ဟု ဦးထွန်းကြည်က ပြောသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service