ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သို့ အသိပေးကြေညာချက် - Property News in Myanmar from iMyanmarHouse.com
2986 Views

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သို့ အသိပေးကြေညာချက်

နိုင်ငံတော်အတွင်း ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အထူးအစီအစဉ်ဖြင့် ချေးငွေများထုတ်ချေးမည်ဖြစ်ပါသည်။

ယင်းသို့ ထုတ်ချေးရာတွင် အငြိမ်းစားဝန်ထမ်းများအတွက် အငှား အိမ်ရာနှင့် အရောင်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြေခံ အဆောက် အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်သူလုပ်ငန်းရှင် များအား ဦးစားပေးထုတ်ချေးမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး သို့ ချေးငွေများရောက်ရှိနိုင်စေရန် ဆောင်ရွက်ပါမည်။ လုပ်ငန်းလိုအပ်ချက် အရ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့က ထောက်ခံ ချက်ဖြင့် လျှောက်ထားလာသူများကိုလည်း ဦးစားပေးစဉ်းစားမည်ဖြစ်ပါသည်။

ချေးငွေအတိုးနှုန်းနှင့် သက်တမ်း

တစ်နှစ်လျှင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် သက်တမ်းသုံးနှစ်မှ ငါးနှစ် အထိ သတ်မှတ်ပါသည်။

ချေးငွေပမာဏသတ်မှတ်ချက်များ

ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းတစ်ခုလျှင် လုပ်ငန်းပြီးစီးမှုအလိုက် လုပ်ငန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း အထိလည်းကောင်း၊ အာမခံထားရှိမှုအပေါ် ရာဖြတ်တန်ဖိုးအား အခြေပြု၍ လည်းကောင်း လုပ်ငန်းသဘာဝအပေါ် အခြေခံ၍ထုတ်ချေးရန် လျာထား သတ်မှတ်ထားပါသည်။

ရယူမည့်အာမခံပစ္စည်း

ချေးငွေအတွက် အာမခံအဖြစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ဖြစ်သည့် မြေနှင့် အဆောက်အအုံများအပြင် အပ်ငွေအမျိုးမျိုး၊ အစိုးရ ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များ၊ စတော့ရှယ်ယာ၊ ဒီဘင်ချာ၊ ဘဏ်အာမခံ၊ အစိုးရအာမခံ၊ ချေးငွေအာမခံလက်မှတ် (Credit Guarantee Insurance)များကိုလည်း အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါ သည်။ CGIစနစ်ဖြင့် ဆောင်ရွက်ပါက ချေးငွေပမာဏကန့်သတ်ချက် ရှိနိုင်ပါသည်။

ချေးငွေပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင်

(က) သုံးနှစ်ဖြစ်ပါက ပထမတစ်နှစ် ဆိုင်းငံ့ကာလအဖြစ် အတိုးကို သာ ပေးသွင်း၍ ကျန်နှစ်နှစ်အတွင်း ရှစ်ရစ်ဖြင့်လည်းကောင်း၊

(ခ) လေးနှစ်ဖြစ်ပါက ပထမတစ်နှစ်နှင့် ခြောက်လကို ဆိုင်းငံ့ကာလ အဖြစ် အတိုးသာပေးသွင်း၍ ကျန်နှစ်နှစ်နှင့် ခြောက်လတွင် ၁ဝ ရစ်ဖြင့်လည်းကောင်း၊

(ဂ) ငါးနှစ် ဖြစ်ပါက ပထမနှစ်နှစ်ကို ဆိုင်းငံ့ကာလအဖြစ် အတိုး သာပေးသွင်း၍ ကျန်သုံးနှစ်အတွင်း ၁၂ ရစ်ဖြင့်လည်းကောင်း ပေးဆပ်ရပါမည်။

ချေးငွေ လျှောက်ထားလိုသူများသည် မိမိတို့နှင့် နီးစပ်ရာ ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ ချေးငွေများကို လျင်မြန်စွာ စိစစ်ထုတ်ချေးနိုင်ရန်အတွက် ဘဏ်လုပ်ထုံး လုပ်နည်းအရ လိုအပ်ချက်များ ပြည့်စုံစွာတင်ပြသူများကို ချေးငွေစိစစ် အကဲဖြတ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးပြီး ဘဏ်၏ချေးငွေကော်မတီ နှင့် ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့တို့က စိစစ်ခွင့်ပြုပေးမည်ဖြစ်ပါသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service