အိမ်ရာစီမံကိန်းတွေ ပြည်သူများအတွက်လက်တွေ့အသုံးဝင်ဖို့ - Property News in Myanmar from iMyanmarHouse.com
4015 Views

အိမ်ရာစီမံကိန်းတွေ ပြည်သူများအတွက်လက်တွေ့အသုံးဝင်ဖို့

လူတိုင်းအဓိက ရင်ဆိုင်နေ ကြရသည့် အရေးသုံးပါးတွင် နေထိုင်မှုဖြစ်စဉ်သည် အဓိကဖြစ် နေသည်။ တစ်ကိုယ်ရေတကာယသမား တောင် ကျောချစရာခက်ခဲနေသော မြို့ပြ ဖြစ်စဉ်တွင် မိသားစုတစ်စုအတွက် နေ့စဉ် နှင့်အမျှ ရင်လေး၊ ရင်မောရသော ကိစ္စသည် နေရေးဖြစ်သည်။ စိတ်ချမ်းမြေ့စွာ ကျောချအနားယူနိုင်ဖို့ နေစရာတစ်ခုကို လက်ရှိ ပိုင်ပိုင်ရနေနိုင်သူအဖို့ စားခြင်း၊ ၀တ်ခြင်းဆိုသည့်ကိစ်္စကို သိပ်ပြီးစာဖွဲ့ လိမ့်မည်မထင်ပါ။ အောက်ခြေလူတန်း စားတို့၏ အဓိက လိုအပ်ချက်ဖြစ်သော နေစရာအရေးသည် ခေတ်အဆက်ဆက် မြင့်တက်နေမည်သာဖြစ်သည်။ နေ့စဉ် တိုးပွားနေသော လူဦးရေ၏အဓိက လို အပ်ချက်အဖြစ် နေစရာ အိမ်ရာသည် ရှေ့တန်းမှ ရှိနေမည်ဖြစ်သည်။

ခေတ်အခြေအနေတွေ ဘယ်လို ပြောင်းပြောင်း၊ အစိုးရမင်းတို့ ဘယ်လို ပြောင်းပြောင်း အုပ်ချုပ်အုပ်ချုပ် ပြည် သူလူထု၏အိမ်ရာလိုအပ်ချက်သည် အမြဲ တမ်း ရှေ့ကရှိနေမှာ ဖြစ်သည်။ ပြည်သူလူထု ၏ လိုအပ်ချက်ကို နိုင်ငံရေးပါတီတို့ ကိုယ့်ဖက်ပါအောင်စည်းရုံးမှုတွင် အများ ဆုံးမက်လုံးအပေးတတ်ကြရာတွင် “ အိမ်ရာ ဖြည့်ဆည်းပေးမည်” ဟူသောစကားတို့သာ များသည်။

တကယ်တမ်း အိမ်ခေါင်မိုး နှင့် သစ်ပင်တို့တွင် ကုသိုလ်ဖြစ်ချိတ်ဆွဲ ထားတတ်ကြသော ငှက်လှောင်အိမ် တောင် လူတိုင်းမ၀ယ်နိုင်ကြပါ။ မရရှိ ကြပါ။ နိုင်ငံရေးပါတီတို့က ပြည်သူတို့ ၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်။ ဖော်ဆောင်ပေးမည်ဟု စကားလုံး ဖောင်ဖောင်နှင့် ပြောကြ၊ စည်းရုံးကြ သည်။ လေးငါးနှစ်နေလိုက် ဆင်းသွားလိုက်၊ နောက်တစ်ပါတီ တစ်မင်းတက် လာလိုက် နှင့် အစီအစဉ်ဖြစ်ခြင်း၊ အကောင် အထည် ဖော်နိုင်ခြင်းရှိတာလည်းရှိသည်။ မရှိတာလည်း များသည်။ လျှောက်ပြန်သံ ပေး၊ လောက်တော့မလုပ်ကြဖို့လိုသည်။ ပြည်သူတို့ ယုံကြည်အားကိုးမှုကိုရသော အစိုးရမင်းတို့ဖြစ်ဖို့ စကားကတိတို့ တည် ဖို့လိုသည်။ ပြည်သူတို့ ယုံကြည်မှုမဲ့သော မင်းအစိုးရတို့အဖြစ်နှင့်သာ မင်းပြောင်း မင်းလွဲဖြစ်နေကြလျှင် ရေရှည်တွင် နိုင်ငံအတွက်လည်း ရှေ့ရေးကောင်းဖို့မမြင် ပါ။

မြန်မာနိုင်ငံတွင် စိတ်ကူးစိတ်သန်းကောင်းတို့ရှိသည်။ ကြွေးကြော်ချက် ကောင်းတို့ရှိသည်။ ထိုကြွေးကြော်ချက် ကောင်းတို့ကို လူတိုင်းမြင်သာသော လမ်းဆုံ လမ်းခွတို့တွင် စိုက်ထူဖော်ပြကျူးရင့် ကြသည်။

ကောင်းသော ကျူးရင့်ချက်များ ဖြစ်၍ အကျိုးဖြစ်လျှင် အတိုင်းထက်အလွန် ပြည်သူတို့ပျော်ကြမည်။ ပြည်သူတို့အတွက် အကျိုးထူးမဖြစ်ခဲ့လျှင် ပြည်သူတို့၏ယုံကြည် မှုကျဆင်းရမည်။

ဦးနု၏ ပထစအစိုးရလက်ထက် က ဖော်ဆောင်ခဲ့သော ပြည်တော်သာ စီမံကိန်းတို့ကို စင်ကာပူဝန်ကြီးချုပ်ကိုယ် တိုင် သဘောကျပြီး သူတို့နိုင်ငံ၏အိမ်ရာ လိုအပ်ချက်တို့ကိုဖော်ဆောင်ရာမှာ နည်းယူကြသည်။ မိမိနိုင်ငံနှင့်သင့်လျော်သော အနေအထားကောင်းရောက်အောင် စွမ်း ဆောင်မှုပြုလုပ်ကြသည်။ ယနေ့အချိန်တွင် မြန်မာက ပြန်မော့ကြည့်ရသည့် အနေအထားဖြစ်သွားခဲ့သည်။ စင်ကာပူ နိုင်ငံ၏ နယ်နိမိတ်ဧရိယာကျဉ်းသဖြင့် နိုင်နင်းစွာ အုပ်ချုပ်နိုင်၍ ယခုကာလ တိုးတက်ဖွံ့ဖြိုး သော နိုင်ငံဖြစ်နေသည်ဟု အကြောင်းရှာစရာမလိုပါ။ နိုင်ငံ့ခေါင်းဆောင်နှင့် တိုင်း သူပြည်သားတို့၏ စေတနာ မှန်မှန်နှင့် အပေးအယူညီမျှစွာ နိုင်ငံအတွင်းအလုပ် လုပ်ကြသောကြောင့် ဒေသတွင်းနိုင်ငံများ တွင် ထိပ်ဆုံးရောက်ခဲ့သည်။

ပြောချင်သည်မှာ စင်ကာပူသည် ၎င်းတို့နိုင်ငံသားတိုင်း၏ အိမ်ရာလိုအပ် ချက်နှင့်ရှိနေသည့် မြေယာအနေအထားပေါ်တွင် အကောင်းဆုံးအကြံညဏ်တို့ ကို ဆင့်ကာထွင်ပြီး ဖော်ဆောင်ခဲ့ကြ သည်။

အိမ်ရာစီမံကိန်းတို့ကို အကောင် အထည်ဖော်ပေးကြသည်။ နေထိုင်သူ တွေသည်လည်း စည်းကမ်းတကျ၊ ထိန်းသိမ်း ပြုပြင်ပြီးနေထိုင်ကြသည်။ ထိုအိမ်ရာ တို့တွင် နေထိုင်သူအချင်းချင်းသည်လည်း အဆင်ပြေအောင် နေထိုင်နိုင်ကြမှဖြစ်မည်။

အမှန်တကယ် အဆင့်အတန်း မြင့်မြင့်နေထိုင်လုပ်ကိုင်ချင်ကြသူများ အဖို့ စိတ်ဓာတ်စည်းကမ်းကောင်းတို့ကို မွေးမြူလိုက်နာနိုင်ကြဖို့လည်း လိုသည်။

တည်ဆောက်ရေးလုပ်ငန်းခွင် အိမ်ရာဖော်ဆောင်မှုတို့တွင် developer များအနေနှင့် မိမိတို့ အကျိုးစီးပွားပိုမို ဖြစ်ထွန်းရေးကို ပိုမို ရှေးရှုခဲ့ကြသည်။ “ ဘယ်သူသေသေ ငတေမာ ” ဖို့သာ အရေး ထားကြသည်။ မြေရှင်သည်လည်း မြေ ကိုအကြောင်းပြု၍ ငတေမာကြသည်။ “သူမာ ကိုမာ”နှင့် သာမန်ပြည်သူတွေ အိမ်ပိုင်ယာပိုင်ဖြစ်ဖို့ဘ၀သည် တဖြည်း ဖြည်းနှင့် ဝေးသထက်ဝေးလာသည်။

တန်ဖိုးနည်း ဘာအိမ်ရာ၊ ညာအိမ်ရာဆိုပြီး အိမ်ရာတွေအကြောင်း ကြားနေရပြီး မဲပေါက်သူတို့ငွေကြေး မပေးသွင်းနိုင်သည့် အခြေအနေအကြောင်း သတင်းတို့ကြားရသည်။

လက်ရှိတွင် အိမ်ရာစီမံကိန်းတို့ အတွက်အားနည်းချက်အားသာချက်တို့ ကိုရှာပြီး အကောင်းဆုံးဖြစ်နိုင်ဖို့ ကြိုးစား နေသည်ကို သိရှိရသည်။ စေတနာအမှန် နှင့် အကောင်းဆုံးအကြံတို့ကို ထပ်ဆင့် ထပ်ဆင့်တွေးကြရင် မဖြစ်လာနိုင်စရာ ရှိပါမည်လား။

ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် အလုပ်အကိုင်အလို့ငှာ ရန်ကုန်မြို့ကို ၀င်လာသူများ နေထိုင်နိုင်ရေးဖန်တီးပေးဖို့အတွက် လူနေအိမ်ခန်းပေါင်း တစ်သိန်း တည်ဆောက်ရန် နိုဝင်ဘာမှာ လှိုင်သာယာ နှင့် ရွှေပြည်သာတွင် တည်ဆောက်ဖို့ လျာထားသည်ဟု သိရသည်။

အိမ်ရာစီမံကိန်းများ ဖော်နိုင် ဖို့ စင်ကာပူထက် မြေယာများပြားစွာ ရှိနေသော်လည်း စီမံကိန်းပြုလုပ်သည် ဟု သိသည်နှင့် တချို့သောငွေရှင် ကြေး ရှင်တို့ မြေယာလက်ဦးမှုရယူထားကြ သည်။ ထို့ကြောင့် မြေယာဈေးတို့သည် မတန်တဆဈေးတို့ဖြစ်ပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန်မှာ ထိုမြေယာကိစ္စ ဖြေရှင်းနေကြရသဖြင့် ခရီးမတွင်ဖြစ်ကြ ရသည်။

အစိုးရ၏ အိမ်ရာတည်ဆောက်ရေး စီမံကိန်းတို့တွင် ငွေရှင်ကြေးရှင် လုပ်ငန်းရှင် developer တို့ ပူးပေါင်း ပါဝင်ဖို့လိုသည်။ သူ့အကျိုးလည်း လုပ် ကြရင်း ကိုယ့်အကျိုးလည်း ရရှိကြမည်ဟု ယုံကြည်ပါသည်။

အစိုးရကဖော်ဆောင်သော အိမ်ရာစီမံကိန်းတို့တွင် နေထိုင်သော ပြည်သူတို့သည်လည်း သတ်မှတ်ထား သောစည်းကမ်းတို့ကို လိုက်နာခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတည်ဆောက်ကာ ပူးပေါင်းပါဝင်နေထိုင်သွား ကြလျှင်ဖြင့် အားလုံးကောင်းကြဖို့သာ မြင်ပါသည်။

ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service