ဟောင်ကောင်နာမည်ကျော်ကုမ္ပဏီ Gaw Capital ပိုင်ဆိုင်သော ရှန်ဟိုင်းရှိ ၂၄ ထပ်အဆောက်အအုံကြီးကို ပြည်မကြီးအိမ်ခြံမြေကုမ္ပဏီက ယွမ်ငွေ ၂ ဘီလီယံကျော် ( ကန်ဒေါ်လာ ၄၀၂ သန်း) ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4359 Views

ဟောင်ကောင်နာမည်ကျော်ကုမ္ပဏီ Gaw Capital ပိုင်ဆိုင်သော ရှန်ဟိုင်းရှိ ၂၄ ထပ်အဆောက်အအုံကြီးကို ပြည်မကြီးအိမ်ခြံမြေကုမ္ပဏီက ယွမ်ငွေ ၂ ဘီလီယံကျော် ( ကန်ဒေါ်လာ ၄၀၂ သန်း) ဖြင့် ဝယ်ယူ

ဟောင်ကောင်နာမည်ကျော်ကုမ္ပဏီ Gaw Capital ပိုင်ဆိုင်သော ရှန်ဟိုင်းရှိ ၂၄ ထပ်အဆောက်အအုံကြီးကို ပြည်မကြီးအိမ်ခြံမြေ ကုမ္ပဏီက ယွမ်ငွေ ၂ ဘီလီယံကျော် ( ကန်ဒေါ်လာ ၄၀၂ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုဖြစ်ပြီး Cross Tower ဟုအမည်ပေးထားကာ ရှန်ဟိုင်းမြို့၊ ဟွမ်ပူခရိုင်၊ ဖူဟောင်လမ်း ၊ အမှတ် ၃၁၈ တွင် တည်ရှိသည်။

Gaw Capital Partners က အဆိုပါအဆောက်အအုံကို ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်အတွင်း အပြီးသတ်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ယခုအခါ Cross Tower ကို ပြည်မကြီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ World Union Investment Management က ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
Cross Tower ကို လွန်ခဲ့သော ၄ နှစ်နီးပါးက Gaw Capital ဝယ်ယူခဲ့ရာတွင် ယွမ်ငွေ ၁ ဒသမ ၆၇ ဘီလီယံ ( ကန်ဒေါ်လာ သန်း ၂၇၀ ) သာပေးခဲ့ရရာ ယခုဈေးနှုန်းမှာ ဝယ်ယူခဲ့စဉ်ကထက် ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စတုရန်းမီတာ ၄၂၀၀၀ အကျယ်အဝန်းရှိသော ယင်းအဆောက်အအုံအတွက် တစ်စတုရန်းမီတာလျှင် ယွမ်ငွေ ၆၃၈၀၀ (ကန်ဒေါ်လာ ၉၆၃၉) ပေးခဲ့ရသည်။
ယခုနှစ်ဇွန်လအတွင်း အရောင်းအဝယ်သဘောတူညီခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း အပြီးသတ်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ဗင်တေ့ခ်ျဗိသုကာဟန်ဖြင့် ၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်သည်။

အပေါ်ဆုံးထပ်တွင် နိုက်ကလပ်တစ်ခုတည်ရှိပြီး အောက်ဆုံး ၂ ထပ်တွင် လက်လီအရောင်းဆိုင်များတည်ရှိကာ အပေါ် ၂၂ ထပ်မှာ ရုံးခန်းနေရာများ ဖြစ်ကြသည်။ လက်ရှိအားဖြင့် အဆောက်အအုံ၏ ၈၅ ရာခိုင်နှုန်းကို ငှားရမ်းထားရပြီး ဖြစ်ကာ World Union Investment က ၉၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားနိုင်ရန် ရည်မှန်းထားသည်။

Cross Tower ကို စင်္ကာပူမှ Pidemco Land က ၁၉၉၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး မူလက Pidemco Tower ဟု အမည်ပေးခဲ့သည်။
၂၀၀၄ ခုနှစ်တွင် Goldman Sachs ဘဏ်က ယွမ်ငွေ သန်း ၈၀၀ဖြင့် ဝယ်ယူလိုက်ပြီးနောက်ပိုင်း အမည်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

World Union Investment သည် ရှန်ဟိုင်းတွင် အခြေစိုက်ပြီး ၂၀၁၄ ခုနှစ်တွင် ရှန်ဟိုင်းမြို့၊ ချူးဝှေခရိုင်ရှိ ရုံးခန်းအဆောက်အအုံတစ်ခုကို စတင်ဝယ်ယူခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်နာမည်ကျော်ကုမ္ပဏီ Gaw Capital ပိုင်ဆိုင်သော ရှန်ဟိုင်းရှိ ၂၄ ထပ်အဆောက်အအုံကြီးကို ပြည်မကြီးအိမ်ခြံမြေကုမ္ပဏီက ယွမ်ငွေ ၂ ဘီလီယံကျော် ( ကန်ဒေါ်လာ ၄၀၂ သန်း) ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service