မင်းဘူး၌ ပွင့်လင်းရာသီကာလ ကွန်ကရစ်ပစ္စည်းများ ဝယ်ယူအသုံးပြုမှုများပြားလာ - Property News in Myanmar from iMyanmarHouse.com
4174 Views

မင်းဘူး၌ ပွင့်လင်းရာသီကာလ ကွန်ကရစ်ပစ္စည်းများ ဝယ်ယူအသုံးပြုမှုများပြားလာ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ဒေသ အတွင်း ပွင့်လင်းရာသီကာလ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ကွန်ကရစ် တိုင်၊ ကွန်ကရစ်အုတ်၊ ကွန်ကရစ်ကျောက်စည်၊ ကွန်ကရစ်ပန်းအိုး၊ ကွန်ကရစ်ကျောက်ခွေများ ဝယ်ယူအသုံးပြုသူ များပြားလာပြီး ကွန်ကရစ် လုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေကာ ဝင်ငွေ ကောင်းနေသည်။

အသုံးပြုမှုများ

ယနေ့ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်း များ၌ မြေအုတ်အစား ကွန်ကရစ်အုတ်များကို အသုံးပြုမှုများလာပြီး တောင့်တင်းမှု၊ ကြာရှည် ခိုင်ခံ့မှုနှင့် သစ်၊ ဝါးဈေးနှုန်းများ ကြီးမြင့်လာမှု တို့ကြောင့် ခြံတိုင်များ၊ အိမ်တိုင်များကို ကွန် ကရစ်တိုင်များ အစားထိုးအသုံးပြုလာမှု ကြောင့် ယခုလို ဝယ်ယူအသုံးပြုသူများပြား လာခြင်းဖြစ်ကြောင်း ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

"ကျွန်တော်က ကွန်ကရစ်တိုင်၊ ကွန်ကရစ် အုတ်၊ ကွန်ကရစ်ကျောက်စည်၊ ကွန်ကရစ် ပန်းအိုး၊ ကွန်ကရစ်ကျောက်ခွေတွေ ပြုလုပ် ပြီးရောင်းချပါတယ်။ ကွန်ကရစ်တိုင် နှစ်မျိုး ရှိပြီး သံချောင်း နှစ်ချောင်းပါ တစ်လုံး ကျပ် ၅,ဝ၀ဝ ၊ သံချောင်း သုံးချောင်းပါ တစ်လုံး ကျပ် ၆,ဝ၀ဝ ဈေးရှိပါတယ်။ အဆောက်အအုံ အတွက် ခြောက်လက်မပတ်လည်တိုင်တွေလည်း အော်ဒါမှာရင် လုပ်ပေးပါတယ်။

ကွန်ကရစ်အုတ် ၁ ပေ _ ၆ လက်မ တစ် ချပ်ကို ကျပ် ၂၀ဝ၊ ရိုးရိုး မြေအုတ်အရွယ် တစ်ချပ်ကို ကျပ် ၆၀၊ ကျောက်စည်ကလည်း နှစ်မျိုးပြုလုပ်ပြီး ကျောက်စည်အကြီး တစ်လုံး ကျပ် ၁၄,ဝ၀ဝ၊ အသေးတစ်လုံး ကျပ် ၇,၅၀ဝ၊ ရေမိလ္လာကျောက်ခွေတစ်လုံး ကျပ် ၉,ဝ၀ဝနဲ့ ပန်းအိုးတစ်လုံး ကျပ် ၄,ဝ၀ဝ၊ ၃,ဝ၀ဝ နဲ့ နှစ်မျိုးပြုလုပ်ပြီး ရောင်းချပါတယ်"ဟု မင်းဘူး မြို့ သိမ်ကုန်းရပ်ကွက်နေ ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူ ကိုစိုးနိုင်က ပြောဆိုသည်။

ငွေရှင်းပေးရ

ယခုလို ကာလ၌ မှာယူသူများခြင်းကြောင့် အလုပ်သမားငါးဦးခန့် ခေါ်ပြီးလုပ်ကိုင်နေရ ကြောင်း၊ အလုပ်သမားနေ့စားတစ်ဦးလျှင် ကျပ် ၅,ဝ၀ဝ ပေးရကြောင်း၊ ကွန်ကရစ်အုတ် ရိုက်သူများကို အုတ်တစ်ချပ်လျှင် ကျပ် ၂၀ နှုန်းဖြင့် ၎င်းတစ်နေ့တာ လုပ်နိုင်သော အုတ် အချပ်ရေအတိုင်း ငွေရှင်းပေးရကြောင်း ၎င်းက ပြောဆိုသည်။

ရှေးယခင်က အညာဒေသများတွင် သစ်၊ ဝါးတို့ဖြင့် အဆောက်အအုံဆောက်လုပ်ကြပြီး သစ်၊ ဝါးတို့ဖြင့် ပြုလုပ်သည့် အသုံးအဆောင် ပစ္စည်းများကိုသာ အသုံးပြုကြကြောင်း၊ ယနေ့ ခေတ်တွင် သစ်တောပြုန်းတီးမှု မြင့်မားလာပြီး သစ်၊ ဝါးဈေးနှုန်းများလည်း မြင့်တက်လာမှုတို့ကြောင့် အဆောက်အအုံများကို အုတ်၊ အင်္ဂတေ၊ သံချောင်းတို့ဖြင့်သာ ဆောက်လုပ်သူ များပြားလာကြောင်း သိရသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service