ရန်ကုန်စတော့အိတ်ချိန်းတွင် နိုဝင်ဘာအတွင်း ကျပ်တစ်ဘီလီယံကျော် အရောင်းအ၀ယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
4356 Views

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုဝင်ဘာအတွင်း ကျပ်တစ်ဘီလီယံကျော် အရောင်းအ၀ယ်ဖြစ်

ရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီလေးခု က နိုဝင်ဘာအတွင်း ကျပ် ၁ဒသမ ၁၄ ဘီလီယံကျော်ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။

ယင်းပမာဏသည် ပြီးခဲ့သည့် အောက်တိုဘာလထက် ကျပ်သန်း ၁၄၀ ကျော် ပိုမိုအ ရောင်းအ၀ယ်ဖြစ်ခဲ့သော်လည်း ရန်ကုန်စတော့အိတ်ချိန်းသမိုင်း တစ်လျှောက် ဒုတိယရှယ်ယာအ ရောင်းအ၀ယ်အနည်းဆုံးလ ဖြစ် ကြောင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းများတွင် ဖော်ပြထားသည်။ ရှယ်ယာအရောင်းအ၀ယ်အနည်း ဆုံးလမှာ ၂၀၁၇ အောက်တိုဘာ ဖြစ်ပြီး ကျပ် ၁ဒသမ၀၈ ဘီလီယံ ဖိုးသာ အရောင်းအ၀ယ်ဖြစ်ခဲ့ သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ၂၀၁၇ ဇန်န၀ါရီ၌ ကျပ် ၂ဒသမ၈ ဘီလီယံ၊ ဖေဖော်ဝါရီ တွင် ကျပ် ၃ဒသမ၁ ဘီလီယံ၊ မတ်လတွင် ကျပ် ၃ဒသမ၃ ဘီလီယံဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ပြီးနောက် ရှယ်ယာအရောင်းအ၀ယ်ဆက် တိုက်ကျဆင်းခဲ့သည်။ ၂၀၁၇ စက်တင်ဘာတွင် ကျပ် ၁ဒသမ၈ ဘီလီယံဖိုးအရောင်းအ၀ယ်ဖြစ်ခဲ့သည်။

လက်ရှိ ရှယ်ယာဈေးကျ ဆင်းခြင်းသည် ပြည်တွင်းရှယ်ယာကို လူစိတ်မ၀င်စားခြင်းနှင့် အများပိုင်ကုမ္ပဏီများနည်းနေခြင်း ကြောင့်ဖြစ်ကြောင်း စတော့ရှယ် ယာပိုင်ရှင် ဦးကျော်ဝင်းက ပြော သည်။

‘‘ကုမ္ပဏီဥပဒေအသစ်ထွက် ရင်တော့ နိုင်ငံခြားသားတွေ စတော့ရှယ်ယာ ဈေးကွက်မှာပါ လာရင် ဈေးကွက်အားကောင်း လာမယ်လို့ မျှော်လင့်ထားပါတယ်’’ဟု FMI ရှယ်ယာပိုင်ရှင်တစ်ဦးက ပြောသည်။

စတော့အိတ်ချိန်းတွင် ရှယ် ယာ အရောင်းအ၀ယ် စတင်ခဲ့ သည့် ၂၀၁၆ မတ်လ၌ ကျပ် ၂၄ ဘီလီယံအရောင်းအ၀ယ်ဖြစ်ခဲ့ပြီး တဖြည်းဖြည်းလျော့နည်းလာရာ ၂၀၁၆ နိုဝင်ဘာက ကျပ် ၂ဒသမ၂ဘီလီယံကျော်နှင့် ဒီဇင်ဘာတွင် ကျပ် ၁ဒသမ၅ ဘီလီယံကျော်အ ရောင်းအ၀ယ်ဖြစ်ခဲ့သည်။ ရန်ကုန် စတော့အိတ်ချိန်းသည် ၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော် ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ခဲ့ သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ပထမဦးဆုံး စာရင်းဝင်ခဲ့ သည့် FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်န၀ါရီ ၂ ရက်၌ ရှယ်ယာတစ်စု ကျပ် ၁၄,၀၀၀ ပေါက်ဈေးရှိခဲ့ သော်လည်း နိုဝင်ဘာ ၃၀ ရက် တွင် ရှယ်ယာတစ်စုကျပ် ၁၂,၅၀၀သာပေါက်ဈေးရှိကြောင်း ရန်ကုန် စတော့အိတ်ချိန်းတွင် ဖော်ပြထား သည်။

ထို့အတူ သီလ၀ါအထူးစီး ပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) သည် ယင်းကာလအတွင်း ရှယ်ယာတစ်စုပေါက်ဈေး ကျပ် ၄,၅၀၀ မှ ၃,၁၅၀ အထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသား များဘဏ်သည် ရှယ်ယာတစ်စု ပေါက်ဈေးကျပ် ၉,၆၀၀ မှ ၈,၈၀၀အထိ ကျဆင်းခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service