ဟံသာဝတီလေဆိပ်စီမံကိန်းတည်ဆောက်မှုစာချုပ် ဒီဇင်ဘာအတွင်း ချုပ်ဆိုနိုင်ရန် ဆွေးနွေးမည် - Property News in Myanmar from iMyanmarHouse.com
5047 Views

ဟံသာဝတီလေဆိပ်စီမံကိန်းတည်ဆောက်မှုစာချုပ် ဒီဇင်ဘာအတွင်း ချုပ်ဆိုနိုင်ရန် ဆွေးနွေးမည်

ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတကာ အဆင့်မီ ပဲခူး- ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် စာချုပ်ချုပ်ဆိုနိုင်ရန် ဒီဇင်ဘာလအတွင်း (၅) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါလေဆိပ်ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ညှိနှိုင်းထား

"ပြီးခဲ့တဲ့လက ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ဦးဆောင်ပြီးတော့ ဟံသာဝတီလေဆိပ် နေရာကို သွားကြည့်ပြီးပြီ။ ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး တွေနဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ တွေ့ပြီးပြီ။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်ပေးရမယ့် ကိစ္စကိုလည်း ဝန်ကြီးက လုပ်ပေးမယ်။ ပဲခူးတိုင်းဒေသကြီးအစိုးရဘက်က လုပ်ရမယ့်ကိစ္စ တွေကို လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်ပေးဖို့ ညှိနှိုင်းထားပြီးပြီ။ ဒါကြောင့် အခုဆွေးနွေးနေ တဲ့အပိုင်းမှာလည်း မကြာခင်မှာ (၅) ကြိမ်မြောက်ပေါ့။ ညှိနှိုင်းဆွေးနွေးမှုပြီးသွားပြီဆိုရင် စာချုပ်ချုပ်ဖို့ပဲ ရှိတော့တယ်။ အဲဒါချုပ်ပြီးသွားရင် လုပ်ငန်းစတင်နိုင်မှာဖြစ်ပါတယ်" ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောဆိုသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း သဘောတူစာချုပ်ချုပ်ဆိုပြီးမှသာ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သိရသည်။

"ကုန်ကျစရိတ်အနေနဲ့က အခုဆွေးနွေးနေတာ (၄) ကြိမ်မြောက်ရှိခဲ့ပြီ။ ဒီစီမံကိန်းအတွက် တင်ဒါစပြီးဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုလွှာ စပြီးတင်ကတည်းက အခုထိ တင်ဒါအောင်တဲ့ ဒီကုမ္ပဏီတွေပဲ လုပ်မှာပါ။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလောက် အကုန်အကျခံ လုပ်မယ်ဆိုပြီး အဆိုပြုလွှာတင်ခဲ့တယ်။ အခုနောက်ဆုံးတစ်ကြိမ် ဆွေးနွေးတုန်းက ကာလ အနေနဲ့လည်း သုံးနှစ်လောက်ကြာပြီ။ ကုန်ကျစရိတ်တွေလည်း တက်လာတာတွေရှိတဲ့အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိကုန်ကျမယ်လို့ လျာထားပါတယ်" ဟု ဦးရဲထွဋ်အောင်က ဆက်လက်ပြောဆိုသည်။

လက်ရှိ အကောင်အထည်ဖော်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဧရိယာ အတွင်း ကျူးကျော်နေထိုင်သူများနှင့် နှစ်ရှည်ဥယျာဉ်ခြံမြေတို့အတွက် ပြောင်းရွှေ့စရိတ်နှင့် လျော်ကြေးငွေများကို ဒီဇင်ဘာလအတွင်း တတိယအကြိမ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့နယ် ကျောက်တိုင်ကန်ရွာအနီး မြေဧက ၉၀ဝ၀ ကျော်၌ တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်စီမံကိန်းမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး တည်ဆောက်ကာလ ငါးနှစ်စီမံကိန်းအဖြစ် ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်ရန် မျှော်မှန်းထားသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service