ဂျပန်ကုမ္ပဏီ ကန်ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ ရန်ကုန်အိမ်ရာကဏ္ဍသို့ ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
3606 Views

ဂျပန်ကုမ္ပဏီ ကန်ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ ရန်ကုန်အိမ်ရာကဏ္ဍသို့ ဝင်ရောက်

ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ Kajima က အမေရိကန်ဒေါ်လာသန်း ၄၀ဝ ကျော် ရင်းနှီးမြှုပ်နှံ၍ ရန်ကုန်မြို့တော်၏ အိမ်ရာ တည်ဆောက်ရေး ကဏ္ဍသို့ ဝင်ရောက်လာပြီဖြစ်သည်။

Kajima ကုမ္ပဏီက ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် မြေနေရာပေါ်တွင် ဟိုတယ်တစ်လုံးနှင့် အထပ်မြင့် အဆောက်အအုံသုံးလုံး တည်ဆောက်ခွင့်ကို ရရှိထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စီမံကိန်းကို ရန်ကင်း ဆရာစံ လမ်းထောင့်ရှိ မြေကွက်ကိုးကွက်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏပေါင်းမှာ အမေရိကန် ဒေါ်လာသန်း ၄၀ဝ ကျော်ရှိကြောင်း၊ ယင်းစီမံကန်းအတွက် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို နိုဝင်ဘာလအတွင်း ရေးထိုးခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ဂျပန်ကုမ္ပဏီသည် မြေနေရာအတွက် အစိုးရထံမှ နှစ် ၇၀ ငှားရမ်းထားကာ အထပ်နှစ်ဆယ်ရှိသည့် ဟိုတယ်တစ်လုံးနှင့် အထပ်မြင့်အိမ်ရာ အဆောက်အအုံသုံးလုံး ဆောက်လုပ်မည်ဖြစ်သည်။

ထို့ပြင် ယခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းကဏ္ဍမှာ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

“ဂျပန်ကုမ္ပဏီက MIC က ခွင့်ပြု မိန့်ရတာကြာလှပြီ။ အခုမှ MoU ထိုးတာ။ ဒီနှစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းက ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း အိမ်ရာ တည်ဆောက်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ကိုးခုဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိကြောင်း၊ ဟိုတယ်ကဏ္ဍတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း သုံးခု ဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၅၄ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ အစိုးရတက်ခါစတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ပြန်လည်စစ်ဆေးရန် ရပ်တန့်မှုများ ရှိခဲ့သည့်အတွက် ယခင်နှစ်က ယင်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်နှုန်းမှာ နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင်မူ စက်မှု ကုန်ထုတ်လုပ်ငန်းကဏ္ဍပြီးပါက နိုင်ငံခြားသားများ စိတ်ဝင်စားမှုများလာသည့် ဒုတိယ စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။

“အခုဆို အိမ်၊ ခြံ၊ မြေဈေးကွက်က အကျဘက်ကို ဆက်တိုက် ရောက်နေတာဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ လိုတယ်။ ဒါမှ ပြည်တွင်းဈေးကွက်လည်း ပြန်ပြီးတော့ အဆင်ပြေလာမယ်”ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေးက ပြောကြားသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service