တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
5100 Views

တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ မြောက်ဘက် မိုင် ၉၀ အကွာတွင် တည်ရှိကာ တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံကြီးနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရဲတိုက်ကြီးတည်နေရာမှာ နယူးယောက်မြို့၊ ဒတ်ချက်စ်ခရိုင်၊ မေးလ်ဘရွတ်ကျေးရွာကလေးတွင် တည်ရှိကာ ဟတ်ဆန်မြစ်၏ အရှေ့ဘက်ကမ်းတွင် ဖြစ်သည်။

ရဲတိုက်ကြီးကို အင်ဒရူးကာနက်ဂျီ၏ သမီးဖြစ်သူအတွက် ရည်ရွယ်ကာ ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။စတုရန်းပေ ၃၄၀၀၀ အကျယ်အဝန်းရှိပြီး မစ်ဂ်ဒေးလ်ရဲတိုက်ဟု အမည်ပေးထားသည်။

အင်ဒရူးကာနက်ဂျီသည် စကော့တလန်နိုင်ငံတွင် စကီဘိုအမည်ရှိ ရဲတိုက်ကြီးတစ်လုံးလည်း ပိုင်ဆိုင်ထားကာ အဆိုပါရဲတိုက်ပုံစံအတိုင်း သမီးဖြစ်သူအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ရဲတိုက်ကြီးတွင် အထပ် ၄ ထပ်ပါဝင်ပြီး လက်ရှိပိုင်ရှင်များက ၄ နှစ်ခန့်အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ရဲတိုက်တည်ရှိရာ ခြံဝန်းကြီးမှာ ဧက ၁၀၀ ခန့်အထိ ကျယ်ဝန်းသည်ဟု ဆိုသည်။

မစ်ဂ်ဒေးလ်ရဲတိုက်ကြီးသည် ယခင်က ကန်ဒေါ်လာ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးပြီး ထိုစဉ်က အမေရိကတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ဖူးသည်။

ယခုအခါတွင်မူ ကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဈေးလျှော့ပေးလိုက်ပြီး ၁၆ ဒသမ ၉ သန်းသာ ဈေးခေါ်ထားသည်။ဧက ၁၀၀ ခြံဝန်းကြီး၏ အလယ်ဗဟိုတွင် တည်ရှိပြီး ကက်ထ်စကေးလ်တောင်တန်းများကို ထင်ရှားစွာ တွေ့မြင်နေရသည်။
ဖျော်ဖြေရေးဆိုင်ရာ ခန်းမများစွာ ပါဝင်ပြီး ရဲတိုက်တစ်ခုလုံးတွင် မီးလင်းဖို ၁၂ ခု ပါဝင်သည်။

ခေတ်ပေါ်အနေဖြင့် ဓာတ်လှေကား၊ မီးဘေးကာကွယ်ရေးစနစ်တို့ တပ်ဆင်ထားသည်။ရဲတိုက်အတွင်း အိပ်ခန်း ၁၀ ခန်း၊ စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့် ဝန်ထမ်းနေအိမ်၊ ဝိုင်သိုလှောင်ခန်း၊ တင်းနစ်ကွင်း၊ ရုပ်ရှင်ခန်းမ၊ ကစားကွင်းနှင့် ရေကန်များစွာလည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ ပိုင်ဆိုင်ခဲ့ဖူးသည့် နယူးယောက်ရှိ ဧက ၁၀၀ ကျယ်ဝန်းသည့် ခြံနှင့် ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service