မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4768 Views

မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ငှားရမ်းနေထိုင်ခဲ့ဖူးသည့် နေအိမ်ကြီး အငှားဈေးကွက်ဝင်လာသည်။

နေအိမ်တည်နေရာမှာ နယူးယောက်မြို့၊ Upper East Side အရပ်၊ အရှေ့ ၇၄ လမ်း၊ အမှတ် ၄ တွင် တည်ရှိသည်။နေအိမ်ကို ၁၈၉၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဗိသုကာပညာရှင် အလက်ဇန္ဒား ဝက်ခ်ျက ဘိုးအာ့ထ်ဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဝက်ခ်ျသည် အမေရိက၏ ဗိသုကာသမိုင်းတွင် အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး အလက်ဇန္ဒား ဟမ်မိလ်တန်၏ Harlem home နေအိမ်နှင့် ဂျော့်ခ်ျ ဝါရှင်တန်၏ White Plains ရှိ နေအိမ်တို့ကို ပြန်လည်မွမ်းမံဆောက်လုပ်ရာတွင် အတိုင်ပင်ခံဗိသုကာ ပညာရှင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် Upper East Side နေအိမ်ကို ရှေ့နေတစ်ဦးဖြစ်သည့် ဖရန့်စစ် လင်ဒီ စတက်ဆန်နှင့် ဇနီးတို့က ဝယ်ယူခဲ့သည်။မိုက်ကယ်ဂျက်ဆင်သည် အခန်း ၁၆ ခန်းပါ အဆိုပါနေအိမ်ကြီးကို ၁၉၉၀ ပြည့်လွန်ကာလများအတွင်း ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နေအိမ်ကို ပိုင်ဆိုင်ထားသူမှာ မော်ရိုကိုနိုင်ငံဖွား၊ အမေရိကန်ဘီလျံနာ မာ့ခ် လာစရီက ပိုင်ဆိုင်ထားပြီး လာစရီက ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၂၇၄၅ ရှိပြီး ထုံးကျောက်ဖြင့် ဆောက်လုပ်ထားသည့် မျက်နှာစာမှာ ထူးခြားစွာလှပနေကာ ကျောက်တုံးများဖြင့် အမိုးခုံးဟန်ဆောက်လုပ်ထားသည့် လသာဆောင်၊ အထပ်နှစ်ထပ်စာ ဖြန့်ကျက်ထားသည့် ပြတင်းပေါက်၊ အနီရောင် အုတ်များဖြင့် ဆောက်လုပ်ထားသည်။
ပင်မအထပ်တွင် နားနေခန်း၊ မီးဖိုဆောင်နှင့် မိသားစုခန်းမတို့ပါဝင်သည်။
မြေအောက်ခန်းတွင်မူ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ သိုလှောင်ခန်းနှင့် ဝန်ထမ်းများနေထိုင်ရန်နေရာတို့ ပါဝင်သည်။

တတိယထပ်တွင် Master Bedroom တစ်ခုလုံးနေရာယူထားပြီး အရှေ့ဘက်သို့ မျက်နှာမူသည့် နားနေခန်းနှင့် ကြီးမားသော အဝတ်အစားထားသိုခန်းတို့ ရှိသည်။

စတုတ္ထထပ်၊ ပဉ္စမထပ်နှင့် ဆဌမထပ်တို့တွင် အိပ်ခန်း ၂ ခန်းစီ ပါဝင်သည်ကို တွေ့ရသည်။နေအိမ်တစ်ခုလုံးတွင်ဆိုလျှင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ကာ မူရင်းဝက်သစ်ချသား လှေကား၊ ထင်းသုံးမီးလင်းဖို ၁၀ ခု၊ ဝက်သစ်ချသား ကြမ်းခင်းများ ပါဝင်သည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
မိုက်ကယ်ဂျက်ဆင်ငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service