နယ်စပ်ဒေသ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
3805 Views

နယ်စပ်ဒေသ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုထား

နယ်စပ်ဒေသများ တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များဆောင်ရွက်ရာ၌ လွယ်ကူအ ဆင်ပြေစေရေး မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် နီးစပ်ရာနယ်စပ်နိုင်ငံများ၏ ငွေစာရင်းများကို ဖွင့်လှစ်ခွင့်ပေးထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်း တရုတ်-မြန်မာနယ်စပ်ကုန် သွယ်ရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံဘဏ်များတွင် ဖွင့် လှစ်ထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ ဘဏ်စာရင်းများ ပိတ်သိမ်းခံရပြီးနောက် ထိုသို့ထပ် မံဖြစ်ပွားမှုမရှိစေရန် နယ်စပ်ကုန် သွယ်ရေးဇုန်အဖြစ် သတ်မှတ် ထားသည့် မြို့များရှိ မြန်မာ့စီးပွား ရေးဘဏ်များတွင် နိုင်ငံခြားငွေ စာရင်းဖွင့်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းရာ စီမံဘဏ္ဍာရေး ဒုဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။

မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်ရေးဇုန်အဖြစ် သတ်မှတ် ထားသော နယ်စပ်ဒေသရှိ မြို့ ကြီးများတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ကန်ဒေါ်လာတစ်မျိုးတည်းဖြင့် ဆောင်ရွက်နေရာမှ နယ်စပ်ဒေသကုန်သွယ်မှု လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-အိန္ဒိယ နယ်စပ်တို့တွင် မြန်မာကျပ်ငွေ၊ ကန်ဒေါ်လာနှင့် တစ်ဖက်နိုင်ငံသုံးငွေကြေးတို့ဖြင့် ဆောင်ရွက်ခွင့်ပြုကြောင်း ဒုဝန်ကြီးက ပြောသည်။

‘‘တရုတ်ယွမ်ငွေ၊ ထိုင်းဘတ် ငွေ၊ အိန္ဒိယရူပီးငွေစာရင်းများဖွင့် လှစ်ဆောင်ရွက်ပြီး အပြန်အလှန် ငွေပေးချေရေးကိစ္စနဲ့ ပတ်သက် ပြီး နှစ်နိုင်ငံဗဟိုဘဏ်အချင်းချင်း ညှိနှိုင်းပြီးမှသာ ဆောင်ရွက်နိုင် တဲ့ ကိစ္စဖြစ်သော်လည်း နယ်စပ် ဒေသမြို့ကြီးများရှိ ဘဏ်ခွဲများမှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာမှ လွယ်ကူအဆင် ပြေစေရေးအတွက် ခွင့်ပြုပေးခဲ့ ခြင်း ဖြစ်ပါတယ်’’ဟု ၀န်ကြီးက ပြောသည်။

နိုင်ငံတော် ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကွမ်းလုံဘဏ်ခွဲများတွင် ယွမ်ငွေ စာရင်းများကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ တာချီလိတ်၊ မြ၀တီ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဘဏ်ခွဲများတွင် ထိုင်းဘတ်ငွေစာရင်းများကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသရှိ တမူး၊ တီးတိန် ဘဏ်ခွဲများတွင် ရူပီးစာရင်းများကိုလည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာ့စီးပွား ရေးဘဏ်ခွဲများ၌ နယ်စပ်ကုန် သည်များက ငွေစာရင်းဖွင့်ထားမှု အနေဖြင့် တရုတ်နယ်စပ်တွင် ၆၃ ဦး၊ ထိုင်းနယ်စပ်တွင် ၁၈ဦးနှင့် အိန္ဒိယနယ်စပ်တွင် နှစ်ဦးတို့က နိုင်ငံခြားငွေစာရင်းဖွင့်ထား သည်ဟု ဒုဝန်ကြီးက ပြောသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်ခွဲ ၃၁၀ ခုရှိသည့်အနက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုသော နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်ရဘဏ်ခွဲ ၁၀၁ ခုနှင့် နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်လိုင်စင်ရဘဏ်ခွဲ ၂၀၁ ဘဏ်ရှိပြီး အဆိုပါဘဏ်ခွဲများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေသုံးမျိုးဖြစ်သည့် ကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာစာရင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service