မြို့သစ်ဧရိယာတချို့၌ ရင်းနှီးမြှုပ်နှံရန် အခွင့်ကောင်းများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
3098 Views

မြို့သစ်ဧရိယာတချို့၌ ရင်းနှီးမြှုပ်နှံရန် အခွင့်ကောင်းများ ရှိနေ

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအဝယ်သိပ်မဖြစ်ပေမဲ့ မြို့သစ်ဧရိယာတချို့မှာတော့ ရင်းနှီးမြှုပ်နှံဖို့၊ ဒါမှမဟုတ် ဝယ်ယူနေထိုင်ဖို့ သင့်တော်တဲ့ အခွင့်အလမ်းကောင်းတွေရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

အခွန်နှုန်းထားကြီးမြင့်တာအပြင် အိမ်ခြံမြေရောင်းဝယ်ရာမှာ အခွန်ဆောင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ပေးထားတဲ့ အိမ်ခြံမြေရာဖြတ်နှုန်းထားတွေက ဈေးကွက်အတွင်း လက်တွေ့ဖြစ်နေတဲ့ ပေါက်ဈေးတွေထက် တချို့ဧရိယာတွေမှာ ကြီးမြင့်နေတာ၊ တခြားစီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုနှေးပြီး အိမ်ခြံမြေဈေးကွက်ထဲမှာ ငွေကြေးစီးဆင်းလည်ပတ်မှု မရှိတာတွေကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဟာ လက်ရှိမှာ အမှန်တကယ်လိုအပ်ချက်ရှိလို့ ဝယ်ယူမယ့်သူတွေအပေါ်မှာသာ အများဆုံး အားထားလုပ်ကိုင်နေကြရပါတယ်။

ဒါပေမဲ့ မြို့သစ်ဧရိယာတချို့မှာတော့ ကျပ်သိန်းရာဂဏန်းကို အသုံးပြုပြီးဝယ်ယူထားရင် အမှားမရှိနိုင်တဲ့ အိမ်မြေတွေရှိနေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ လတ်တလောမှာ အရောင်းအဝယ်အေးနေတာကြောင့် မြို့သစ်အရှေ့ဖျားက ဧရိယာတွေမှာ ဝယ်မယ်ဆိုရင် ရောင်းလက်တွေက ဈေးကို တင်းခံမနေဘဲ အတတ်နိုင်ဆုံး ညှိနှိုင်းရောင်းချပေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ မိန်းလမ်းမကြီးတွေနဲ့ နှစ်ကွက်၊ သုံးကွက်ပဲငုပ်ပြီး ပေ ၃ဝ၊ ပေ ၄ဝ ဒါမှမဟုတ် ပေ ၂ဝ၊ ပေ ၆ဝ အကျယ်ရှိတဲ့ မြေကွက်တွေကို လက်ရှိမှာ ကျပ်သိန်း ၅ဝဝ ပတ်ချာလည်နဲ့ ရနိုင်ပြီး၊ ပိုင်ဆိုင်မှုခိုင်မာတဲ့အကွက်အကွင်းတွေ ဖြစ်ပါတယ်။

ဥပမာပြောရရင် အကွက်အကွင်းကောင်းတဲ့ မိန်းလမ်းတစ်လမ်းဖြစ်တဲ့ မင်းကြီးရန်နောင်လမ်းနဲ့ မြေနှစ်ကွက်လောက်ပဲ ငုပ်တဲ့၊ ၅၂ လမ်း၊ ၅၃ လမ်းစတဲ့ လမ်းပေါ်တင်တဲ့ အနေအထားမျိုးမှာကျပ်သိန်း ၅ဝဝ ပေါက်ဈေး ရှိနေပါတယ်။ ဒီဈေးကို တတ်နိုင်တဲ့သူတွေအနေနဲ့ အိမ်ငှားနေမယ့်အစား ဒီလိုမြေကွက်ကို ဝယ်ယူလိုက်တာက ပိုတွက်ခြေကိုက်နိုင်ပါတယ်။ သေချာတာတစ်ခုက နောက်သုံးနှစ်လောက်အတွင်းမှာ ဒီဈေးနှုန်းတန်းနဲ့ ဝယ်လို့မရနိုင်တော့ဘူးလို့ အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။ အကြောင်းရင်းကတော့ မြို့သစ်ဧရိယာတွေအနက် တချို့ဧရိယာတွေက လူနေကျဲပါးသေးတယ်ဆိုပေမဲ့ အခြေချနေထိုင်မှုကတော့ နှစ်စဉ်တိုးလာနေတာကြောင့်လို့ ဆိုကြပါတယ်။

လက်ရှိမှာ စည်ပင်သာယာကနေ ပေကျဉ်းမြေကွက်တွေကို ဂရန်လျှောက်ထားခွင့်ပေးနေတယ်ဆိုပေမဲ့ ၁၅ ပေ၊ ပေ ၃ဝ၊ ပေ ၂ဝ၊ ပေ ၃ဝ လို သိပ်ကျဉ်းမြောင်းတဲ့ မြေကွက်တွေကိုတော့ ဖြစ်နိုင်ရင် မစဉ်းစားသင့်ဘူးလို့ အိမ်မြေအကျိုးဆောင်တချို့က အကြံပြုကြပါတယ်။

ဒီမြေကွက်တွေဟာ လက်ရှိမှာ ကျပ်သိန်း ၂ဝဝ ဝန်းကျင်သာ ဈေးခေါ်နေကြတယ် ဆိုပေမဲ့ နောင်တစ်ချိန်မှာ ပြန်ရောင်းချဖို့ပဲဖြစ်ဖြစ်၊ ဒီမြေကွက်ထက်ကောင်းတာကို ဖြည့်ဝယ်ချင်လို့ပဲဖြစ်ဖြစ် ဈေးကောင်းရဖို့ ခက်နိုင်ပြီး ရောင်းကွက်လည်း လှမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။

ကျပ်သိန်း ၄ဝဝ နဲ့ ၅ဝဝ ဈေးနှုန်းကြား မြေကွက်တွေကတော့ ဈေးကွက်ပြန်လှုပ်ခဲ့ရင် ထိုက်သင့်တဲ့အကျိုးအမြတ်က သေချာနေသလို လူလတ်တန်းစားတွေ အားထားရတဲ့ ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေမှာကြောင့် လက်ရှိ နေထိုင်ဖို့အဆင်ပြေသလို ဝယ်ပြီး အငှားချထားရင်လည်း ဈေးကွက်တောင်းဆိုမှု ရှိနေတယ်လို့သိရပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service