အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4793 Views

အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ

မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာသည်။

ကော့တ်နေးလာ့ဗ်၏ အမည်အပြည့်အစုံမှာ ကော့တ်နေး မီရှဲလ် လာ့ဗ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင် မွေးဖွားကာ အမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် The Leaving Trains အဖွဲ့၏ ရှေ့ထွက်အဆိုတော် ဂျိမ်းစ် မိုးရ်လန်းနှင့် လာ့စ်ဗီးဂပ်တွင် လက်ထပ်ခဲ့ပြီးနောက် ထိုနှစ်အတွင်းတွင်ပင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် ရော့ခ်ဝိုင်းတစ်ခုဖြစ်သည့် Smashing Pumpkins မှ ဘီလီကော်ဂန်နှင့် ခေတ္တ ချစ်ကျွမ်းဝင်ခဲ့ပြန်သည်။

ကော့တ်နေးလာ့ဗ်၏ အချစ်ရေးတွင် အထင်ရှားဆုံးမှာ အော်တာနေးတစ်ဂီတကို စတင်လမ်းဖောက်ခဲ့သည့် Nirvana အဖွဲ့မှ အဆိုတော် ကတ်ကိုဘိန်းနှင့် အချစ်ရေးဖြစ်သည်။

ကိုဘိန်းနှင့် လာ့ဗ်တို့ မည်သည့်အချိန်တွင် တွေ့ရှိခဲ့သည်ဟူသော ခိုင်မာသည့်မှတ်တမ်းများမရှိဘဲ ရေးသားသူအလိုက် အမျိုးမျိုးကွဲပြားနေသည်။
သတင်းစာဆရာ မိုက်ကယ် အဇာရက်ဒ်၏ ဖော်ပြချက်အရ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့ Satyricon အမည်ရှိ ညကလပ်တစ်ခုတွင် ဆုံစည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ကိုဘိန်း၏ အတ္ထုပ္ပတ္တိရေးသားသူ ချားစ်ခရော့စ်ကမူ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဆုံစည်းခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။
ကိုဘိန်းနှင့် ကော့တ်နေးလာ့ဗ်တို့သည် ၁၉၉၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး ၁၉၉၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကတ်ကိုဘိန်း အဆုံးစီရင်သွားသည်။

ယခုဈေးကွက်ဝင်လာသည့် နေအိမ်မှာ ၁၈၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိပြီဖြစ်ပြီး ထိုသက်တမ်းအတွင်း ပိုင်ရှင်အနည်းငယ်သာ ပြောင်းလဲဖူးသေးသည်။

ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဈေးခေါ်ထားပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၃၀၀၀ ခန့်ရှိကာ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

မျက်နှာကြက်များမှာ ၁၂ ပေခန့်မြင့်မားပြီး မီးလင်းဖိုနှစ်ခု၊ ဘားတစ်ခုနှင့် ရုံးခန်းတစ်ခန်း ပါဝင်သည်။စတုတ္ထထပ်တွင် master bedroom ပါဝင်ကာ အခန်းတွင်း၌ ထင်းသုံးမီးလင်းဖိုကြီးတစ်ခု ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အဆုံးစီရင်သွားသည့် ကမ္ဘာကျော် အော်တာနေးတစ်ကြယ်ပွင့် ကတ်ကိုဘိန်း၏ ဇနီးအမေရိကန်အဆိုတော် ကော့တ်နေးလာ့ဗ်၏ နယူးယောက်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service