ကမ္ဘောဒီးယားတွင် အစိုးရဝန်ထမ်းများနှင့် ကျောင်းဆရာများအတွက် ကွန်ဒိုခန်းများကို ကန်ဒေါ်လာ ၂၀၀၀၀ ခန့်ဖြင့် ရောင်းချပေးနိုင်မည့် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
3312 Views

ကမ္ဘောဒီးယားတွင် အစိုးရဝန်ထမ်းများနှင့် ကျောင်းဆရာများအတွက် ကွန်ဒိုခန်းများကို ကန်ဒေါ်လာ ၂၀၀၀၀ ခန့်ဖြင့် ရောင်းချပေးနိုင်မည့် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်

ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်တွင် အစိုးရဝန်ထမ်းများနှင့် ကျောင်းဆရာများအတွက် ကွန်ဒိုခန်းများကို ကန်ဒေါ်လာ ၂၀၀၀၀ (မြန်မာငွေ သိန်း ၂၇၀ ဝန်းကျင်) ခန့်ဖြင့် ရောင်းချပေးနိုင်မည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘောဒီးယား၏ အိမ်ခြံမြေဈေးကွက်မှာ မကြာသေးမီနှစ်များအတွင်း ဈေးကွက်ကြီးမားလာသည့်အပြင် အိမ်ခြံမြေဈေးနှုန်းများမှာလည်း တစ်စထက်တစ်စ မြင့်တက်လာနေသည်။
အဓိကအကြောင်းရင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်၏။

တန်ဖိုးသင့်အိမ်ရာဈေးကွက် တစ်စထက်တစ်စ ပျောက်ဆုံးလာနေမှုကို ကုစားရန်အတွက် ကုမ္ပဏီအချို့က ၎င်းတို့၏ ဆောက်လုပ်ရေးစီမံကိန်းများတွင် တန်ဖိုးသင့်အိမ်ရာခန်းများ ထည့်သွင်းဆောက်လုပ်သွားရန် စီစဉ်လျက်ရှိနေသည်။
ယခုအခါ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော အာရာကာဝါက ဖနွမ်းပင်မြို့တော်၊ ဖုန်ဆားတက်ခ်လား ကျေးရွာ (Phum Phsar Teuk Thla) တွင် အာရာကာဝါရက်ဆီးဒင့်အမည်ဖြင့် လူနေစီမံကိန်း စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။

စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ချီယာ ဆိုဖာရာနှင့် အခြားအစိုးရ အကြီးအကဲများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
“ဒီစီမံကိန်းက ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအနေနဲ့ မြို့တော်တွင်းက ကွန်ဒိုမီနီယံမှာ နေအိမ်ခန်း ပိုင်ဆိုင်ခွင့်ရနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု ဝန်ကြီးဆိုဖာရာက ပြောကြားသည်။

ဆောက်လုပ်ရေးထိပ်တန်းကုမ္ပဏီ Sear Rithy နှင့် မြို့တော်တွင်းရှိ အခြားစီမံကိန်းတစ်ခုပြီးလျှင် တန်ဖိုးသင့်အိမ်ရာပါဝင်သည့် တတိယမြောက်စီမံကိန်းတစ်ခု ဖြစ်သည်။
ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ်အစီရင်ခံစာတစ်ရပ်အရ ဖနွမ်းပင်မြို့တော်၏ လူဦးရေမှာ ၃ သန်းနီးပါးရှိလာနေပြီး ယင်းပမာဏမှာ ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။

မြို့တော်၏ မြင့်တက်နေသောလူဦးရေအတွက် တန်ဖိုးသင့်နေအိမ်များ များပြားလာစေမည့်အိမ်ရာစီမံကိန်းများကို မိမိအနေဖြင့် အထူးအားပေးကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးက ပြောကြားသည်။

အာရာကာဝါကုမ္ပဏီက ထုတ်ပြန်ရာတွင် ၎င်းတို့၏ အိမ်ရာစီမံကိန်း ၁၀ ခုအတွင်း တန်ဖိုးသင့်နေအိမ်အိမ်ခန်းများ ထည့်သွင်းသွားရန် စိတ်ဝင်စားကြောင်းနှင့် စီမံကိန်းပထမဆင့်အတွင်း ဆောက်လုပ်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။

အာရာကာဝါမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အဲလက်စ် ယာဆုမိုတိုက ပြောကြားရာတွင် ကုမ္ပဏီမှ ဆောက်လုပ်နေသည့် ၂၃ ထပ် ကွန်ဒိုမီနီယံ စီမံကိန်းတွင် ပထမ ၁၉ ထပ်မှာ တန်ဖိုးသင့်အခန်းများ ဖြစ်လိမ့်မည် ဖြစ်ပြီး အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာများ၊ ကျောင်းသားများအတွက် ရည်ရွယ်ထာားကာ ကမ္ဘောဒီးယားစီးပွားရေးအတွက်လည်း စီမံကိန်းမှ အထောက်အကူ ပြုလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဖုန်ဆားတက်ခ်လားကျေးရွာတွင် မြေအကျယ်အဝန်း စတုရန်းမီတာ ၁၃၆၈၀ ပေါ်တွင် အဆိုပါစီမံကိန်းကို ဆောက်လုပ်သွားမည် ဖြစ်သည်။
“စီမံကိန်းရဲ့ ပထမ ၂ ဆင့်ကို ကျွန်တော်တို့ စတင်တော့မှာပါ။ ပထမဆင့်အတွက် ကန်ဒေါ်လာ သန်း ၄၀ ၊ ဒုတိယဆင့်အတွက် ကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ၄၂ လအတွင်း အပြီးသတ်ဆောက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လူနေခန်း ဈေးနှုန်းတွေကတော့ ကန်ဒေါ်လာ ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြား ရောင်းချပေးသွားမှာပါ” ဟု ယာဆုမိုတိုက ထုတ်ဖော်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် အစိုးရဝန်ထမ်းများနှင့် ကျောင်းဆရာများအတွက် ကွန်ဒိုခန်းများကို ကန်ဒေါ်လာ ၂၀၀၀၀ ခန့်ဖြင့် ရောင်းချပေးနိုင်မည့် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service