မင်္ဂလာဈေးသစ်တည်ဆောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
2682 Views

မင်္ဂလာဈေးသစ်တည်ဆောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ်

မီးလောင်ပျက်စီးခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သည့် မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် အစိုးရက ထုတ်ပြန်သည်။

မင်္ဂလာဈေးပြန်လည်တည် ဆောက်ရန် ရင်းနှီးမြှုပ်နှံလိုသူ များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များကို တင်ဒါဖိတ်ခေါ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံပိုင် သတင်းစာမှ ကြေညာခဲ့သည်။ တင်ဒါများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တွင် နိုဝင်ဘာ ၁၄ ရက်က စတင်လက်ခံမည် ဖြစ်သည်။

ဈေးဒီဇိုင်းပိုင်းနှင့်စည်းကမ်း ချက်များကို တင်ဒါကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းမည်ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများကိုသာ လက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး ဦးကြည်မြင့်က ပြောသည်။

ကနဦး ဈေးသစ်တည် ဆောက်မှုသည် ကျပ် ၆၅ ဘီလီယံ ကျော်ကုန်ကျမည်ဟု ခန့်မှန်းထား ကာ ၂ နှစ်ကျော်ကြာမည်ဟု တွက် ချက်ထားပြီး ဒီဇိုင်းတင်ဒါကို Amenity Design Group က ရရှိထားသည်။ ကားပါကင်နှင့် ၁၅ ထပ်အဆောက်အအုံတည်ဆောက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထပ်မံညှိနှိုင်းမှုများအရ အပြောင်းအလဲများရှိနိုင်ကြောင်း ဦးကြည်မြင့်က ပြောသည်။

မူလက ဈေးတည်ဆောက် ရန် တင်ဒါကိုစက်တင်ဘာ နောက်ဆုံးပတ်က ခေါ်ယူပြီး နိုဝင်ဘာ တွင် လုပ်ငန်းစတင်မည်ဟု ပြော ကြားထားသော်လည်း စီမံကိန်း ဒီဇိုင်းအပြောင်းအလဲရှိနိုင်သော ကြောင့် သတ်မှတ်ချိန်ထက် နောက်ကျခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ပြီး ၂၀၁၀ ၌ ပထမ အကြိမ်၊ ၂၀၁၆ ဇန်န၀ါရီ ၉ ရက် တွင် ဒုတိယအကြိမ် မီးလောင် ကျွမ်းခဲ့သည်။ ဒုတိယအကြိမ် မီး လောင်ကျွမ်းမှုတွင် တတိယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင်ခန်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့သည်။ မီးသင့်မင်္ဂလာဈေးကို ၂၀၁၆ အောက်တိုဘာလက နှစ်လအတွင်းအပြီး ဖြိုဖျက်ခဲ့သည်။

ဖြိုဖျက်ပြီးနောက် ပြန်လည် တည်ဆောက်ရန် ကြန့်ကြာနေ သောကြောင့် ဈေးအမြင့်ဆုံးပြန် လည် တည်ဆောက်ပေးရန် ဈေး သူ၊ ဈေးသားများက ဆန္ဒထုတ် ဖော်ခဲ့ပြီး မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့် ယခုနှစ်အတွင်း မကြာခဏဆွေးနွေးခဲ့ကြောင်း မင်္ဂလာဈေးတွင် အလှကုန်ရောင်းချသည့် ဒေါ်သီတာစိုးဝေက ပြောသည်။

‘‘ဈေးပြန်ဆောက်နိုး ဆောက်နိုးနဲ့ စောင့်နေတာ။ တစ်ခုပြီးတစ် ခု အကြောင်းပြပြီး ကြာနေတယ်။ သက်ဆိုင်သူတွေကို မေးတော့ လည်း အပြည့်အစုံမသိရဘူး။ အခု တင်ဒါခေါ်ပြီးရင်လည်း အချိန်ကြာဦးမှာ။ အနည်းဆုံး သုံးနှစ် လောက် ကြာဦးမယ်ထင်တယ်’’ ဟု၎င်းကဆိုသည်။

မင်္ဂလာဈေး မီးလောင်ပြီး နောက် ဈေးသည်အများစုသည် ဈေးအနောက်ဘက်ရှိ ရွှေပြည့်စုံ ဈေး၊ ရွှေမင်္ဂလာဈေးနှင့် မင်္ဂလာ မွန်ဈေးများတွင် ဆိုင်ခန်းများ ငှား ရမ်းကာရောင်းချနေရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service