သစ်တောမြေအတွင်း မှီတင်းနေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာလုပ်ပိုင်ခွင့်တိုးတက်စေခြင်း စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ - Property News in Myanmar from iMyanmarHouse.com
3301 Views

သစ်တောမြေအတွင်း မှီတင်းနေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာလုပ်ပိုင်ခွင့်တိုးတက်စေခြင်း စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

အကျိုးသက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ ဥပဒေနှင့် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ခြင်း ဖြင့် သစ်တောမြေအတွင်း မှီတင်းနေ ထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ် ဆိုင်ရာ လုပ်ပိုင်ခွင့်တိုးတက်စေခြင်းစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အမရာဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား
ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် ပြောင်းလဲလာသည့် နိုင်ငံရေး၊ လူမှုစီးပွားရေး အခြေအနေ များနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ များအတွက် အကျိုးရှိရှိ ထိရောက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို ပြည်သူများ ထိရောက်စွာ ပါဝင်နိုင် စေရန်အတွက် မူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သည် လက်ရှိ အနေအထားထက် ပိုမိုအားကောင်းစွာ ဖြစ်ထွန်းတည်ရှိ စေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်းပြောကြားသည်။

သစ်တောမူဝါဒ၏ ပဓာနကျသည့် အခြေခံအချက် (၆)ချက်အနက် အမှတ် စဉ်(၅)တွင် ပြည်သူတို့က ပူးပေါင်း ပါဝင်လာကြစေရန် ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ၁၉၉၅ ခုနှစ် သစ်တော မူဝါဒတွင် နိုင်ငံဧရိယာ၏ ၃ဝ ရာခိုင်နှုန်းကို ကြိုးဝိုင်းတောများ၊ ၁ဝ ရာခိုင်နှုန်းကို ဘေးမဲ့တောနှင့် သဘာဝတော နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန်၊ ၂ဝ၃ဝ ပြည့်နှစ်တွင် အဆိုပါ ရည်မှန်းချက်ကို ပြည့်မီနိုင်စေ ရန်နှင့် လက်ရှိတွင် အမြဲတမ်းသစ်တော နယ်မြေ ၂၄ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅ ဒသမ ၇၉ ရာခိုင်နှုန်းကို ဖွဲ့စည်းပြီးဖြစ် သည်။

FAO, Forest Resources Assessments (FRA2015) အရ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိသဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင် ရေး (၁ဝ)နှစ်စီမံကိန်းကို ရေးဆွဲပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ စတင် ကာ အကောင်အထည်ဖော်လျက်ရှိ သည်။

၂ဝ၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော်မှု စာရင်းများအရ ကျူးကျော်နေထိုင်သူ ၁ ဒသမ ၃ သန်းကျော်နှင့် ရွာမြေ၊ သာသနာနှင့် အများပိုင်မြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများမှာ ဧက ၁ ဒသမ ၈ သန်းကျော်ခန့်ရှိသည်။ ကြိုးဝိုင်း တိုးချဲ့ဖွဲ့စည်းသည့်အခါ ဆိုင်ရာ ဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်တို့ အား ပြန်လည်ဆန်းစစ်ပေးခြင်း၊ ဒေသခံများ၏ မြေနှင့် သစ်တော သယံဇာတ အသုံးပြုခွင့်များအပေါ် ဥပဒေအရ အသိအမှတ်ပြုမှုရရှိစေ ရေး ဒေသခံပြည်သူများနှင့် ဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းစဉ် လွယ်ကူစေ ပြီး သစ်တောမြေများ တိုးချဲ့ဖွဲ့စည်း နိုင်ရေး အထောက်အကူပြုစေနိုင် မည်ဖြစ်သည်။

ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ရရှိ လာသောရလဒ်များသည် သစ်တော မူဝါဒနှင့် ဥပဒေများကို သုံးသပ် ဆောင်ရွက်ချိန်တွင် ထည့်သွင်းအသုံး ပြုသွားနိုင်မည်ဖြစ်ပြီး စကားဝိုင်း ဆွေးနွေးပွဲမှ ကျွမ်းကျင်ပညာရှင်များ၏ အမြင်များကို သုံးသပ်ကာ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ကို ဖော် ထုတ်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် ပြည်ထောင်စုဝန်ကြီး က တိုက်တွန်းပြောကြားသည်။

စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ဦးစားပေး ခေါင်းစဉ် ငါးခုကို ရွေးချယ်ပြီး အဖွဲ့ ငယ်အလိုက် ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးခြင်း၊ ဆွေးနွေးသုံးသပ်ချက် များအပေါ် အခြေခံ၍ နောက် တစ်ဆင့် လုပ်ငန်းစဉ်များ ဖော်ထုတ် ခြင်း၊ ဆွေးနွေးမှုအနှစ်ချုပ်အား ပြန်လည်သုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေတိုင်းဦးစီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service