မင်္ဂလာဈေးသစ်တည်ဆောက်မှုနောက်ကျနေခြင်းကြောင့် မင်္ဂလာမွန်ဈေးဆိုင်ခန်းဌားရမ်းခများမြင့်တက် - Property News in Myanmar from iMyanmarHouse.com
1367 Views

မင်္ဂလာဈေးသစ်တည်ဆောက်မှုနောက်ကျနေခြင်းကြောင့် မင်္ဂလာမွန်ဈေးဆိုင်ခန်းဌားရမ်းခများမြင့်တက်

မီးသင့်မင်္ဂလာဈေး တည်ဆောက်မှု ကြန့်ကြာနေသောကြောင့် မင်္ဂလာမွန်ဈေး ဆိုင်ခန်းဌားရမ်းခများမှာ ဆက်တိုက်မြင့်တက်နေကြောင်း မင်္ဂလာဈေးတွင်ရောင်းချသည့်ဈေးသူဈေးသားများကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မင်္ဂလာဈေးသစ် တည်ဆောက်မှု မပြီး မချင်း ဈေးသူဈေးသားများမှာ ပြင်ပတွင် မဖြစ် မနေဌားရမ်းရမည်ဆိုသောကြောင့် ဆိုင်ခန်းပိုင်ရှင်အများစုက ဈေးကိုပိုမိုတိုးပြီး ဌားရမ်းခြင်းများပြုလုပ်နေကြောင်း သိရသည်။

“ မြေညီထပ်တွေဆို ၁၄သိန်းကနေ ၁၅သိန်းလောက်အထိဖြစ်သွားပြီး အပေါ်ထပ်တွေလည်း ၇သိန်း၈သိန်းလောက် အထိ ဖြစ်သွားပြီ ဈေးကထက်တက်ဖို့စောင့်နေကြတာ “ ဟု မင်္ဂလာဈေးမှဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူကိုကျော်ဝင်း
က သူ၏ အခက်အခဲကိုပြောပြသည်။

မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်များကို ရန်ကုန်မြို့တော်စည်ပင်က ယာယီဆိုင်ခန်းတွေ ပေးထားသော်လည်း အရောင်းအ၀ယ်မကောင်းသော နေရာများတွင်
ဖြစ်ပေါ်နေသောကြောင့်အများစုက မိမိအစီအစဉ်ဖြင့်ပင် ဌားရမ်းပြီး ဖွင့်လှစ်ရောင်းချနေရခြင်းဖြစ်သည်ဟု ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။

မင်္ဂလာဈေးသစ်တည် ဆောက်ရေး ဆောက်လုပ်မည့် ကုမ္ပဏီကို တင်ဒါခေါ်ရန် ကြန့် ကြာနေသောကြောင့် ဈေးသစ် တည်ဆောက်ရေး စီမံကိန်းနောက်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

တင်ဒါခေါ်ရန် ကြန့်ကြာနေ ခြင်းသည် မင်္ဂလာဈေးအတွင်းရှိ မြို့တော်ဘဏ်ကို ဖျက်သိမ်းပြီး မှသာ တင်ဒါခေါ်မည့်အစီအစဉ် စတင်မည်ဖြစ်ကာ ထပ်မံပြီးစီမံ ကိန်း ဒီဇိုင်း အပြောင်းအလဲ ရှိနိုင် သောကြောင့် မင်္ဂလာဈေးသစ် စီမံကိန်း သတ်မှတ်ချိန်ထက် နောက်ကျ စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျပ် ၆၅ ဘီလီယံကျော် ကုန်ကျမည်ဟု ရည်ရွယ်ထားသည့် မင်္ဂလာဈေးသစ် တည်ဆောက်ခြင်းကို ဒီဇိုင်းပြုပြင်ပြောင်းလဲမှုနှင့် တင်ဒါအချိန်မီ မခေါ်ယူနိုင်သောကြောင့် တည်ဆောက်ရေး လုပ်ငန်းများ နောက်ကျမည့် အခြေအနေဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service