ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ကို အခြေပြုကာ ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ဟိုတယ်တည်ဆောက်ရေး စီမံကိန်းများ ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
5596 Views

ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ကို အခြေပြုကာ ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ဟိုတယ်တည်ဆောက်ရေး စီမံကိန်းများ ဆောင်ရွက်မည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ပူးပေါင်း ကာ ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက် မှုများစေရန်နှင့် ရိဒ်ရေကန်အခြေပြုခရီး သွား လုပ်ငန်းဖော်ဆောင်ရန် ၎င်းနေရာ၌ ဟိုတယ်တည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက နိုဝင်ဘာလ ၄ ရက်တွင် ပြောသည်။

အကျိုးသက်ရောက်မှုရှိနိုင်

ဖလမ်းမြို့နယ်တွင် တည်ရှိသည့် အ သည်းပုံသဏ္ဍာန်ရိဒ်ရေကန်ကို ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ရေကန်သဘာဝပထဝီအနေ အထား၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် အကျိုးသက်ရောက် မှုများ ရှိနိုင်သည့်အခြေအနေနှင့် အနီးအ နားရှိကျေးရွာများအထိ ကွင်းဆင်းလေ့ လာမှုများ ပြုလုပ်ထားကြောင်း သိရသည်။

''သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်လုပ်ဖို့ နေရာအနေအထားကိုတော့ လေ့လာပြီးပါ ပြီ။ လမ်းပန်းဆက်သွယ်ရေးအတွက် လည်းလုပ်နေပါတယ်။ ဟိုတယ်ဆောက်ဖို့ နေရာအတိအကျကိုတော့
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မကြာခင် လာရောက်အတည်ပြုမှာပါ။လောလော ဆယ်ဒီအတွက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားသူ ၁၀ ဦးလောက်ရှိပါတယ်''ဟု ၎င်းကပြောသည်။

ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော ရိဒ်ရေကန်သည် ချင်း ပြည်နယ်အနောက်မြောက်ဘက် အိန္ဒိယ -မြန်မာနယ်စပ် ဖလမ်းမြို့နယ်အတွင်း ရိခေါဒါရ်မြို့၏မြောက်ဘက်တွင် တည်ရှိ ကာ ရေကန်အကျယ်အဝန်းမှာ ဧရိယာ ၈၃၂ ဧကရှိပြီး ရေကန်ပတ်လည်အကျယ် မှာ ၂ ဒသမ ၅ မိုင်ရှိကြောင်း၊ ရေကန်၏ ပျမ်းမျှရေအနက်မှာ ပေ ၄၀ ခန့်ရှိပြီး အနက်ဆုံးနေရာတွင် ပေ ၅၀ ကျော်ရှိကာ မည်သည့်အချိန်မှ ရေမခန်းကြောင်း သိရသည်။

ထူးခြားသည့် သဘာဝအလှ

'' ရိဒ်ရေကန်လာမယ့် ခရီးသွားတွေ အတွက်တော့ လေ့လာစရာများတယ်။ ရေ ကန်ပတ်လည်မှာ အံ့ဩဖွယ်ရာတွေရှိတယ်။ အခု အန္ဒိယနိုင်ငံဘက်ကနဲ့ နိုင်ငံခြားခရီး သွားတွေ လာကြည့်တာများတယ်။ ဒါကြောင့် လက်ရှိထက် ခရီးသွားတွေကိုဆွဲဆောင်နိုင်အောင်လုပ်နေပါတယ်။ ပြီး တော့ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ယဉ် ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းတွေကိုလည်း တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့ နယ်တွေမှာ တိုးမြှင့်ဆောင်ရွက်နေပါတယ်''ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်သည် အခြားသောခရီး စဉ်ဒေသများနှင့်မတူသော ထူးခြားသည့် သဘာဝအလှအပများပိုင်ဆိုင်ထားပြီး ပျမ်းမျှအမြင့်ပေ ၅၀၀၀ နှင့် ၈၀၀၀ ကြားရှိ တောင်တန်းများရှိသည့်အပြင် ရှားပါးငှက် မျိုးစိတ်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊ သဘာဝရေကန်များ၊ လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှု ပုံစံများ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ပုံများကိုပါ လေ့လာနိုင်သောဒေသဖြစ်သည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service