ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7970 Views

ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိ

ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော ဝင်ငွေနည်းပါးသည့် သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟောင်ကောင်တွင် သက်ကြီးရွယ်အိုလူဦးရေမှာ လျင်မြန်စွာမြင့်တက်လာလျက်ရှိပြီး အစိုးရက ယခုစီမံကိန်းကို အထူးအလေးထား သုံးသပ်လျက်ရှိသည်။
အဆိုပါစီမံကိန်းကို ဟောင်ကောင် အလုပ်သမားနှင့် သာယာဝပြောရေးဆိုင်ရာ ဝန်ကြီး ဒေါက်တာ လောချီကွမ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် ဟောင်ကောင်ပြည်သူ ၇ ဦးလျှင် တစ်ဦးမှာ အသက် ၈၀ နှင့်အထက် အရွယ်ရှိကြတော့မည် ဖြစ်သည်။

လာမည့်နှစ်ပေါင်း ၃၀ သို့ရောက်လျှင် ဟောင်ကောင်တွင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန်အတွက် အိမ်အကူလုပ်သား ၆၀၀၀၀၀ နီးပါး လိုအပ်လာမည်ဖြစ်ကြောင်း ဒေါက်တာလောက ဆိုသည်။
တရားဝင်အချက်အလက်များအရ လွန်ခဲ့သောနှစ်အတွင်း ဟောင်ကောင်တွင် တစ်ဦးတည်းနေထိုင်သည့် သက်ကြီးရွယ်အို ၉ ဒသမ ၇ ရာခိုင်နှုန်းမှာ အိမ်အကူငှားရမ်းခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါပမာဏမှာ ၂၀၀၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခြင်းဖြစ်ပြီး ၂၀၀၅ အတွင်းက ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၁၉၉၅ ခုနှစ်ကမူ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။
“သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရေးအတွက် ပြည်တွင်းအိမ်အကူတွေ ငှားနိုင်ဖို့ အမှန်တကယ်အကူအညီပေးလို့ ရတယ်ဆိုတဲ့ အကြံပြုချက်တွေ ရှိပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အလေးအနက်သုံးသပ်နေပါတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” ဟု ဒေါက်တာလောက ပြောကြားသည်။

သက်ကြီးရွယ်အိုများ အကြီးမားဆုံးရင်ဆိုင်ကြရလျက်ရှိသည့် ပြဿနာမှာ အလုပ်သမားများကို သင့်လျော်သည့် နေရာထိုင်ခင်း စီစဉ်ပေးရေး ဖြစ်သည်။
ဟောင်ကောင်တွင် အိမ်အကူငှားရမ်းမည့် အလုပ်ရှင်တို့အတွက် ဥပဒေက ချမှတ်ထားသည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။

မိသားစုဝင်တို့က စောင့်ရှောက်မှုပေးနေကြရသည့် သက်ကြီးရွယ်အိုများအတွက်လည်း အထောက်အပံ့ပေးသင့်ကြောင်း Christian Family Service Centre မှ စီမံကိန်းဒါရိုက်တာ တုန်ချွိုင်ယင်က ပြောကြားသည်။
စင်္ကာပူနှင့် ထိုင်ဝမ်တို့တွင်လည်း သက်ကြီးရွယ်အိုများအတွက် အိမ်အကူများငှားရမ်းကြရသည့် မိသားစုများကို အစိုးရက ကူညီထောက်ပံ့မှုများ ပေးအပ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service