တံတားဦးဟိုတယ်ဇုန်စီမံကိန်းဖော်ဆောင်ရန် မြေဧကသုံးထောင်နီးပါး ဝယ်ယူထား - Property News in Myanmar from iMyanmarHouse.com
5150 Views

တံတားဦးဟိုတယ်ဇုန်စီမံကိန်းဖော်ဆောင်ရန် မြေဧကသုံးထောင်နီးပါး ဝယ်ယူထား

မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်အတွင်း တည်ဆောက်မည့် တံတားဦးဟိုတယ်ဇုန်စီမံကိန်းအတွက် မြေဧက နှစ်ထောင့်ရှစ်ရာခန့် ဝယ်ယူထားပြီးဖြစ်ကြောင်း ယင်းစီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေသည့် မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလီမိတက် (MTDC)ဒါရိုက်တာ ဦးမြင့်အောင်က ပြောသည်။

‘‘စီမံကိန်းအတွက် လိုအပ်တဲ့မြေဧက ပြည့်မီအောင် ဝယ်ယူနေ ပါတယ်။ စီမံကိန်း ဘယ်တော့အ ပြီးသတ်မယ်ဆိုတာတော့ ပြောရ ခက်ပါတယ်။ စီမံကိန်းလုပ်ငန်း စဉ်ရေးဆွဲထားတာက သူ့အဆင့် လိုက် ငါးနှစ်တစ်ခါ အပြီးသတ်ဖို့ ပါ’’ဟု ၎င်းက ပြောသည်။

တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းအတွက် မြေဧကငါးထောင် ခန့် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် ဝယ်ယူထားသည့် မြေများပေါ်၌ တည်ဆောက်ရေး လုပ်ငန်းစဉ် များကို ၂၀၁၇ ဒီဇင်ဘာအတွင်း စတင်ဆောင်ရွက်မည်ဟု ဦးမြင့် အောင်က ဆိုသည်။

တံတားဦးဟိုတယ်ဇုန် စီမံ ကိန်းကို မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီလီမိ တက်က ဦးဆောင်၍ မြေယာဝယ်ယူခြင်း၊ မြေပြုပြင်ခြင်းတို့ ဆောင်ရွက်နေပြီး အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီက ရှယ်ယာဝင် အနေဖြင့် ကျပ်သိန်းပေါင်း တစ် သောင်းရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

‘‘မြေနဲ့ပတ်သက်လို့ကတော့ နိုင်ငံမှာ ပြဿနာအများကြီးပဲ။ တချို့ကလည်း မရောင်းတာရှိ တော့ မြေဝယ်ရတာ ကြန့်ကြာနေ တဲ့ပုံရှိတယ်။ စီမံကိန်းကတော့ မြေအားလုံးဝယ်ပြီးမှ လုပ်ဖို့ပဲ။ လုပ်ငန်းစဉ်တွေကလည်း ရေးဆွဲ ပြီးသားပါ’’ဟု အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီအုပ်ချုပ်ရေး အရာရှိ ဗိုလ်မှူးနှင်းဇော်
(ငြိမ်း)က ဆိုသည်။

မြေဧကဝယ်ယူမှု လုပ်ငန်း စဉ်မှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း
၎င်းက ဆိုသည်။

စီမံကိန်းအတွက် အစိုးရက မြေအသုံးချခွင့်ပါမစ် ချပေးထား ပြီး စီမံကိန်းတွင် ဟိုတယ်လုပ်ငန်း ရှင်များနှင့် ခရီးသွားလုပ်ငန်းရှင် များလည်း ပါဝင်ရင်းနှီးမြှုပ်နှံကြ ကြောင်း ၎င်းက ဆိုသည်။

ဟိုတယ်ဇုန် စီမံကိန်းအတွက် ပင်မစီမံကိန်း (Master Plan) ကို စင်ကာပူအခြေစိုက် ကုမ္ပဏီကြီးများက ရေးဆွဲပေးထားသည်။ တံတားဦးဟိုတယ် စီမံကိန်းတွင် ဟိုတယ်ဇုန်၊ စက်မှုဇုန်နှင့် ဈေးများတည်ဆောက် မည်ဖြစ်သည်။

စီမံကိန်းသည် တံတားဦးလေဆိပ်အနီး တည်ရှိပြီး နိုင်ငံခြား ခရီးသွားများ လေကြောင်းနှင့်ရေ ကြောင်းတို့မှ အလွယ်တကူ ဝင် ရောက်နိုင်မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service