ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
5387 Views

ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်

ပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စီးပွားရေးနာလန်မထူနိုင်သေးသည့် ရခိုင်မြောက်ပိုင်း မောင်တော နယ်စပ်တွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။

အစိုးရဘက်မှ ငွေကျပ်သန်းပေါင်း ၁၅၀၀ နှင့် ပုဂ္ဂလိကဘက်မှ သန်း ၇၀၀ စုစုပေါင်း ကျပ် သန်း ၂၂၀၀ အကုန်ကျခံ တည်ဆောက်မည့် အဆိုပါ စီးပွားရေးဇုန်မှာ ယခင်က ကုန်သွယ်ရေးဇုန် အဖြစ်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ပို့ကုန်အသာစီး ရယူထားနိုင်သည့် (ပို့ကုန် ၉၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၁၀ ရာခိုင်နှုန်း ရရှိထားသော) စခန်း တစ်ခုလည်း ဖြစ်သည်။

ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့က အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်တွေမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

“ အရင်ကတော့ ကုန်သွယ်ရေးဇုန်အဖြစ်ပဲ မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ပြောင်းလဲလာတဲ့ အနေအထားအရ ကျွန်တော်တို့က ကြီးကျယ်တဲ့ စီးပွားရေးတစ်ခု မောင်တောမှာလုပ်ဖို့ဆိုပြီး ကုန်သွယ်ရေးဇုန်နဲ့ စီးပွားရေးဇုန်ပေါ့ ထပ်မံတိုးချဲ့လိုက်တာပါ။” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေး (ကညင်ချောင်းကုန်သွယ်ရေးစခန်း) သည် အခြေခံ စားကုန်အပါအဝင် ကုန်စည် အများအပြားကို ဘင်္ဂလားဒေ့ရှ်နိုင်သို့ တင်ပို့နိုင်သည့် စခန်းတစ်ခုဖြစ်သော်လည်း ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခများအပြီး ကုန်သွယ်မှုပမာဏမှာ ၆၀ ရာခိုင်နှုန်းထိ ထိုးကျခဲ့ရကြောင်း နယ်စပ်ကုန်သွယ်မှုပမာဏ သတင်းအချက်အလက် မှတ်တမ်းများအရ သိရသည်။

ယခင်အစိုးရလက်ထက်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်များ အပါအဝင် စစ်တွေ ဆတ်ရိုးကျ စက်မှုရပ်ကွက်များကို တည်ဆောက်နိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော် လည်း ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်း မရှိသလို ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ခြင်း မပြုနိုင်သော ကြောင့်လည်း စီမံကိန်းများမှာ အကောင်အထည်မဖော်နိုင်ဘဲ ရပ်တန့်နေကြရသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service