ဘဏ္ဍာနှစ် အပြောင်းအလဲက ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိဟု စီမံဘဏ္ဍာဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
2667 Views

ဘဏ္ဍာနှစ် အပြောင်းအလဲက ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိဟု စီမံဘဏ္ဍာဝန်ကြီးပြော

ဘဏ္ဍာနှစ်ပြောင်းလဲရန် အစိုးရက စီစဉ်ခြင်းမှာ ဆောက် လုပ်ရေးလုပ်ငန်းများနှင့် ဆက်စပ် နေသော လုပ်ငန်းများအတွက် ကြီးမားသော အကျိုးသက်ရောက် မှုများ ရရှိနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

တည်ဆောက်ရေးစီမံကိန်း များနှင့် ဆက်စပ်သည့် ဆောက် လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ရောင်းချသော ဈေးကွက်များ၊ အလုပ်သမားအင်အားများစွာ အလုပ်အကိုင်အခွင့်အလမ်း ရရှိ ခြင်း စသော အကျိုးသက်ရောက် မှုများရှိကြောင်း ဝန်ကြီးကရှင်းပြ သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုကို နှစ်စဉ် ကြုံတွေ့နေရပြီး သဘာဝဘေး ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် လုပ်သား လိုအပ်ချက် ရှိနေသည်။ ထို့ ကြောင့် ပွင့်လင်းရာသီတွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိုးရာသီတွင် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ၌ တည်ဆောက်ရေးအလုပ်သမား များ ဆက်လက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိနိုင်မည်ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။

‘‘သာမန်ကြည့်ရင် ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုအတွက် ဖြစ်ပေမယ့် နောက်ကွယ်မှာ အင် မတန်ကြီးမားတဲ့ အကျိုးသက် ရောက်မှုတွေ၊ အထောက်အကူပြု နိုင်တဲ့ လုပ်ငန်းကြီးတွေရှိတယ်ဆို တာ သိထားဖို့လိုပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး နှစ်ကို ဧပြီ ၁ ရက်မှ နောက်တစ် နှစ် မတ်လ ၃၀ ရက် သတ်မှတ်မှု အစား အောက်တိုဘာ ၁ ရက်မှ နောက်နှစ် စက်တင်ဘာ ၃၀ ရက် အထိ ပြင်ဆင်သတ်မှတ်ရန် နိုင်ငံ တော်သမ္မတက လွှတ်တော်သို့ တင်ပြခဲ့သည်။

ဘဏ္ဍာနှစ် ပြောင်းလဲမှုကို အဆောတလျင် မပြုလုပ်သင့်ဘဲ ပြန်လည်သုံးသပ်သင့်ကြောင်း အောက်တိုဘာ ၂၃ ရက်က တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင် အမျိုးသားပါတီတို့မှ ကိုယ်စား လှယ်များက ပြည်ထောင်စုလွှတ် တော်တွင် ဆွေးနွေးသည်။

အောက်တိုဘာ၊ စက်တင် ဘာ ဘဏ္ဍာနှစ်သည် တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်ရမည့် ပွင့်လင်းရာသီကာလ အရှည်ဆုံး ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေနိုင်သော်လည်း စတင် ဆောင်ရွက်ချိန်၌ လက်ရှိ ကျင့်သုံးနေသည့် ဘဏ္ဍာနှစ်နှင့် ပြင်ဆင် သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်တို့၏ ကာလအပိုင်း အခြား သတ်မှတ်ချက် မတူညီ သဖြင့် စာရင်းပြုစုရာတွင် အနည်းငယ် အခက်အခဲရှိစေမည့်အပြင် မိုက်ခရိုစီးပွားရေးညွှန်းကိန်းများ တွက်ချက်ရာတွင်လည်း ပြောင်း လဲနိုင်ကြောင်း ဖြစ်လာနိုင်ခြေကို သမ္မတက ကြိုတင်ပြောကြား သည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်ခြင်းကြောင့် အောက်တိုဘာတွင် စတင်ပြီး စက်တင်ဘာတွင် အဆုံးသတ် သည့် ဘဏ္ဍာရေးနှစ်ကို ပြောင်း လဲခြင်းမှာ သင့်လျော်ကောင်းမွန် ကြောင်း အငြိမ်းစား ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ
ဦးသန်းလွင်က ပြောသည်။

ဘဏ္ဍာနှစ်ပြုပြင်ပြောင်းလဲမည့် ကိစ္စသည် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေပြီး အဆောတလျှင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန်လည်စဉ်းစားသုံးသပ်ရန် အကြံပြုလိုကြောင်း တပ် မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက အောက်တိုဘာ(၂၃)ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် အကြံပြုဆွေးနွေးခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service