ဒေါ်လာ၁ဝသန်းရင်းနှီးမြှုပ်နှံကာ သုံးနှစ်အတွင်းတည်ဆောက်မည့် ခရီးသွားအပန်းဖြေစခန်း - Property News in Myanmar from iMyanmarHouse.com
5425 Views

ဒေါ်လာ၁ဝသန်းရင်းနှီးမြှုပ်နှံကာ သုံးနှစ်အတွင်းတည်ဆောက်မည့် ခရီးသွားအပန်းဖြေစခန်း

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ဘုတ်ပြင်းမြို့နယ်လမ်းပိအဏ္ဏဝါအမျိုးသားဥယျဉ်ဝါးအလယ်ကျွန်း တွင် သဘာဝအခြေခံခရီးသွားအပန်းဖြေစခန်းကိုအမေရိကန်ဒေါ်လာ ၁ဝသန်းရင်းနှီးမြှုပ်နှံကာ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ကော့သောင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ထံမှသိရသည်။

အဆိုပါအပန်းဖြေစခန်းစီမံကိန်းကို သစ်ပင်၊ကျက်စားနေထိုင်သည့် ရေနေကုန်းနေသတ္တဝါဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဘဲ
အဏ္ဏဝါဗေဒကျောင်းသားများ၊ကမ္ဘာအရပ်ရပ်မှ သုတေသနပညာရှင်များ သုတေသနပြုလုပ်ရန်နှင့် ခရီးသွားဧည့်သည်များအနားယူအပန်းဖြေအနားယူရန်ရည် ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟုသိရသည်။

တည်ဆောက်ရေးအတွက်လိုအပ်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ဒေသခံပြည်သူများ၊လုပ်ငန်းရှင်များ နှင့် ကိုယ်စားလှယ်တချို့ကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊စီမံကိန်းကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ဆိုးကျိုးများ စွန့်ပစ်အမှိုက်နှင့် အညစ်အကြေးစီမံခန့်ခွဲမှုတုံ့ပြန်မည့် အစီအစဉ်များကိုစနစ်တကျ လုပ်ထားမှုများရှိသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သဘာဝအခြေခံခရီးသွားအပန်းဖြေစခန်းစီမံကိန်းကို ၃၉၃၄ဧကရှိ ဝါးအလယ်ကျွန်းဧရိယာမှ ၁ဝ၅ဧကအသုံးပြုကာ Benchmade Asia(Myanmar Limited)မှ ဆောင်ရွက်မည်ဖြစ်ပြီးစီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲစီမံခန့်ခွဲမှုအစီအစဉ်များ၊လူမှုစီးပွားဝန်းကျင်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များရောယှက်ပြောင်းလဲမှုအမွေအနှစ်များရောယှက်ပြောင်းလဲမှုလျှော့ချခြင်းအစီအစဉ်များ၊ပတ်ဝန်းကျင်ဆိုင်ရာလေထုအရည်အသွေးဆန်းစစ်တိုင်းတာမှုဆိုင်ရာများနှင့် လန်ပိကျွန်း၏တောင်ဘက်နှင့် ညောင်ဝိကျွန်း၏မြောက်ဘက်ခုနှစ်မိုင်အကွာတွင်ရှိသည့်မကြုံဂလက်ခေါ် ဆလုံကျေးရွာရှိဒေသခံဆလုံလူမျိုးများနှင့် ပြည်သူများ၏လူမှုရေး၊ကျန်းမာရေး၊စီးပွားရေးအန္တရာယ်ကင်းရှင်းစေရေးအစီအမံများဆောင်ရွက်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုတွင်ကျွန်းကြီး၊ကျွန်းငယ်ပေါင်း ၈ဝဝကျော်ရှိသည့်အနက်ခရီးသွားလုပ်ငန်းအဖြစ်ဆောင်ရွက်ရန်ကျွန်း ၁၁ကျွန်းကိုခွင့်ပြုထားကာ၂ဝ၁၅ခုနှစ်တွင် ခရီးသွား ၂၇ဝဝဝဝဦး၊၂ဝ၁၆ခုနှစ်တွင် ၃ဝဝဝဝဝကျော်နှင့် ၂ဝ၁၇ ခုနှစ်တွင် သြဂုတ်လအထိပြည်တွင်း ၆ဝဝဝခန့်၊ပြည်ပခရီးသွား ၁၅ဝဝဝဝခန့်ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။

Credit:Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service