ဆော်ဒီအာရေးဘီးယားတွင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့်အထိ ကုန်ကျမည့် မဟာမြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5469 Views

ဆော်ဒီအာရေးဘီးယားတွင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့်အထိ ကုန်ကျမည့် မဟာမြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိ

ဆော်ဒီအာရေးဘီးယားတွင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့်အထိ ကုန်ကျမည့် မဟာမြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး ပင်လယ်နီကမ်းရိုးတန်းအနီးတွင် ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆော်ဒီမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က အဆိုပါမြို့သစ်ကြီးသည် ဆော်ဒီအာရေးဗီးယားတွင် မျက်မှောက်ကာလ မရရှိနိုင်သည့် လူနေမှုပုံစံမျိုးကို ပေးစွမ်းနိုင်မည်ဟု အာမခံကြောင်း ထုတ်ဖော်ပြောကြားထားသည်။

အလွန်ကြီးမားသည့် မဟာမြို့သစ်စီမံကိန်းကို “NEOM” ဟု အမည်ပေးထားပြီး ရှိရင်းစွဲ အစိုးရ၏ မူဘောင်မျိုးနှင့် ကင်းလွတ်စွာ လည်ပတ်သွားမည့်
မြို့တော်ကြီးဖြစ်ကာ ဆောက်လုပ်နေသည့်အဆင့်တိုင်းတွင်လည်း
ရင်းနှီးမြှုပ်နှံသူတို့ကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဆယ်လ်မန်က ပြောကြားသည်။

အဆိုပါ စီမံကိန်းအတွက် ဆော်ဒီအစိုးရက ကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်
မတည်ပေးမည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများလည်း
ပါဝင်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ကြောင်း ရီယာ့ဒ်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ စီးပွားရေးကွန်ဖရင့်၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ဆယ်လ်မန်က ရေနံခေတ်လွန် ဆော်ဒီအနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။ဆယ်လ်မန်က ဆော်ဒီရေနံကုမ္ပဏီ Aramco ၏ ရှယ်ယာများ ရောင်းချကာ ကမ္ဘာ့အကြီးမားဆုံးနိုင်ငံပိုင်ရန်ပုံငွေအဖြစ် ထူထောင်ရန် ကြိုးပမ်းခဲ့သည့်နည်းတူ အမျိုးသမီးများကို ယာဉ်မောင်းမှု
တားမြစ်ထားခြင်းကိုလည်း ပယ်ဖျက်ပေးမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သော မင်းသားဆယ်လ်မန်သည် အများမြင်ကွင်းသို့ အလွန်ထွက်ခဲလှပြီး ယခုကွန်ဖရင့်တွင်မူ မြို့သစ်စီမံကိန်းကို အားပေးရန်အတွက် တက်ရောက်ခဲ့သည်။

ကွန်ဖရင့်တွင် ဆယ်လ်မန်က ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးမူဝါဒချမှတ်သူများကို ပြောကြားခဲ့ရာ၌ ဆော်ဒီသည် မျိုးဆက်သစ် မြို့များဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း၊ NEOM တွင် သန့်ရှင်းသော စွမ်းအင်ကဏ္ဍကိုသာ သုံးစွဲသွားမည်ဖြစ်ပြီး မည်သည့် သမားရိုးကျ နည်းပညာမျှ မြို့သစ်တွင် နေရာပေးရန်မရှိကြောင်းလည်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီအာရေးဘီးယားတွင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့်အထိ ကုန်ကျမည့် မဟာမြို့တော်သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service