မြို့သစ်ဧရိယာမှာ ဝယ်ယူသူတွေအတွက် သတိပြုသင့်တဲ့အချက်များ ရှိနေ - Property News in Myanmar from iMyanmarHouse.com
5412 Views

မြို့သစ်ဧရိယာမှာ ဝယ်ယူသူတွေအတွက် သတိပြုသင့်တဲ့အချက်များ ရှိနေ

အိမ်ခြံမြေဈေးကွက်ဆိုတာ ဘယ်နေရာမှာပဲ အရောင်းအဝယ်လုပ်လုပ် သတိထားရမယ့်အချက်တွေ ရှိနေတယ်ဆိုပေမဲ့ မြို့သစ်ဧရိယာအတွင်းမှာ ဝယ်ယူမယ့်သူတွေအတွက်တော့ ပိုသတိပြု အလုပ်လုပ်ရမယ့် အချက်တွေရှိနေတယ်လို့အတွေ့အကြုံရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ မြို့တွင်းဧရိယာမှာဖြစ်ဖြစ်၊ မြို့သစ်ဧရိယာမှာဖြစ်ဖြစ် ရောင်းချမယ့်သူရော ဝယ်ယူသူအတွက်ပါ
သတိထားရမယ့်အချက်တွေ ရှိနေပါတယ်။

အထူးသဖြင့် မြို့သစ်ဧရိယာထဲမှာမှ လူနေထိုင်မှုအခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာရဲ့ အရှေ့ပိုင်းပိုကျတဲ့ အိမ်မြေဧရိယာတွေဟာ ဝယ်ယူသူတွေအတွက် ပိုဂရုစိုက်ရမယ့်အနေအထားမှာ ရှိနေပါတယ်။

အိမ်ခြံမြေဈေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာမှုကြောင့် လူလတ်တန်းစားတွေရဲ့ အိမ်မြေပိုင်ဆိုင်နိုင်တဲ့ အခွင့်အလမ်းဟာ ပိုမိုခက်ခဲလာပါတယ်။ ဒါ့ပြင် အိမ်ငှားဈေးနှုန်းတွေ မြင့်မားလာပြီး အချိန်စေ့ရင် အိမ်ပြောင်းရတဲ့ဒုက္ခ၊ အိမ်ရှာရတဲ့ဒုက္ခက ကြီးမားလှတာကြောင့် တချို့ဟာ ကျောတစ်ခင်းစာရရင် ပြီးရောဆိုတဲ့သဘောနဲ့ ကိုယ်တတ်နိုင်တဲ့ငွေပမာဏနဲ့ မြေပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလာကြတာကို တွေ့ရပါတယ်။ မြေပိုင်ဖို့အဓိကဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်အလုပ်လုပ်လိုက်ပေမဲ့ နောက်ပိုင်းမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေ ရှိနိုင်တာကိုတော့ ကြိုတင်တွက်ဆထားသင့်ပါတယ်။

မြို့တွင်း အိမ်ခြံမြေဈေးနှုန်းတွေဟာ ကျပ်သိန်းသောင်းချီနေတာကြောင့် သာမန်လူလတ်တန်းစားတွေ မစဉ်းစားနိုင်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ မြို့သစ်ဧရိယာထဲမှာလည်း လူနေသိပ်သည်းပြီး ဈေး၊ ကျောင်း၊ ဆေးရုံစတဲ့ အခြေခံလူနေမှုအဆောက်အအုံတွေနဲ့ နီးစပ်တဲ့နေရာတွေဟာ ပေ ၄ဝ၊ ပေ ၆ဝ အကျယ်မြေတစ်ကွက်ကို ပျမ်းမျှ အောက်ထစ် ကျပ်သိန်း ၃,၅ဝဝ အထက် ပေါက်ဈေးရှိနေတာကြောင့် သာမန် လူလတ်တန်းစားတွေတောင် လက်လှမ်းဖို့ ခက်လာတဲ့ဈေးနှုန်းလို့ ပြောရမှာပါ။ ဒါတောင် စီးပွားရေးလုပ်လို့ရတဲ့ နေရာတွေဆိုရင် ကျပ်သိန်းသောင်းဂဏန်းအထိ ဈေးခေါ်နေကြပါပြီ။

ဒီအနေအထားမှာ ကျပ်သိန်းရာဂဏန်းဈေးရှိတဲ့ မြေကွက်တွေ မရှိတော့ဘူးလားမေးရင်၊ ရှိနေပါတယ်လို့ ပြောရမှာပါပဲ။ မြို့သစ်ဧရိယာထဲမှာ ပုံမှန်မြေကွက်တွေကို အပိုင်းပိုင်း လုပ်ပြီးရောင်းချတဲ့ မြေကွက်တွေ ဖြစ်ပါတယ်။ ၁၅ ပေ၊ ပေ ၄ဝ၊ ပေ ၂ဝ x ပေ ၃ဝ အကျယ်ရှိတဲ့မြေကွက်တွေကို ကျပ်သိန်း ၂ဝဝ၊ ၂၅ဝ စသဖြင့် ဈေးခေါ်ရောင်းနေတာတွေရှိပါတယ်။

ဒီနေရာမှာ သတိပြုရမယ့်အချက်က စာရွက်စာတမ်းပဲ ဖြစ်ပါတယ်။ မြေကွက်ကို အပိုင်းပိုင်းစိတ်ပြီး ရောင်းချထားတာကြောင့် မြေစလစ်မူရင်းကိုရနိုင်ဖို့ ရာနှုန်းပြည့်နီးပါး မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ ပိုင်ဆိုင်မှုဖြစ်စေဖို့ တတ်ကျွမ်းသူတွေရဲ့ အကူအညီနဲ့ သေချာစိစစ်နိုင်ဖို့ လိုအပ်နေပါတယ်။ အခု နောက်ပိုင်းမှာ စည်ပင်သာယာကနေ ပေကျဉ်းမြေကွက်တွေကို ဂရန်လျှောက်ဖို့ခွင့်ပြုထားတယ်ဆိုပေမဲ့ စစ်မှန်တဲ့ပိုင်ဆိုင်မှုဖြစ်ဖို့အတွက်တော့ စိစစ်ဖို့လိုပါတယ်။

နောက်တစ်ချက်ကတော့ ကျူးပြဿနာပါ။ ကိုယ်ဝယ်မယ့် မြေဧရိယာအနီးအနားမှာ တရားမဝင်နေထိုင်မှုတွေရှိနေတာ၊ ဒါမှမဟုတ်ရင် ကိုယ်ဝယ်လိုက်တဲ့မြေ ကွက်ထဲမှာ ကိုယ်မနေခင်ကာလအတွင်း တခြားသူတွေကဝင်ရောက်ကျူးကျော်နေထိုင်နေတာမျိုးတွေကို ဒီအရှေ့ဖျားကျတဲ့ မြို့သစ်ဧရိယာအတွင်းမှာ အခန့်မသင့်ရင် ကြုံရနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒီအချက်တွေကို ရှောင်ရှားနိုင်ဖို့ လက်ရှိမှာ ကျပ်သိန်း ၂ဝဝ၊ ၂၅ဝ အစား နောက်ထပ် ကျပ်သိန်း ၁ဝဝ ကျော်လောက်ပိုသုံးလိုက်ရင် ပိုကောင်းမယ့်အခြေအနေတွေ ရှိနေပါတယ်။ ကျပ်သိန်း ၃၅ဝ လောက်သုံးရင်တော့ ပေ ၃ဝ၊ ပေ ၄ဝ၊ ဒါမှမဟုတ် ပေ ၂ဝ၊ ပေ ၆ဝ အကျယ်ရှိတဲ့မြေကွက်တွေ၊ လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းတွေပိုကောင်းတာ၊ အကွက်အကွင်းပိုလှတာ၊ ပိုင်ဆိုင်မှုအထောက်အထား ပိုခိုင်မာတာတွေရနိုင်တဲ့ အားသာချက်တွေကို မြို့သစ် ဧရိယာအတွင်းမှာရနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ကျပ်သိန်း ၁ဝဝ၊ ၁၅ဝ ကို ပိုသုံးဖို့လက်မတွန့်သင့်ကြောင်း အကျိုးဆောင်တချို့က အကြံပြုပါတယ်။

Credit: Myanmar Times

ငှါးရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service