ပေါင် ၃ သိန်းတန်နေအိမ်ကို မဲဖောက်ရောင်းချနေသည့် အင်္ဂလန်သူ - Property News in Myanmar from iMyanmarHouse.com
2807 Views

ပေါင် ၃ သိန်းတန်နေအိမ်ကို မဲဖောက်ရောင်းချနေသည့် အင်္ဂလန်သူ

အင်္ဂလန်နိုင်ငံအလယ်ပိုင်း၊ လန်ဒန်မြို့၏အနောက်မြောက်ဘက်တွင် တည်ရှိသည် ဒါဗန်ထရီမြို့ကလေးတွင် နေထိုင်သော အိမ်ရှင်မ တစ်ဦးဖြစ်သူ ကစ်စ်တီဆီရာသည် မိသားစုပိုင် ပေါင် ၃၀၀၀၀၀ (မြန်မာငွေ သိန်းပေါင်း ၅၃၀၀ ကျော်) တန်နေအိမ်ကို သမားရိုးကျ နည်းလမ်းအတိုင်း အရောင်းဈေးကွက်တွင်မတင်ဘဲ မဲလက်မှတ်များကို တစ်စောင်လျှင် ၂ ပေါင် (မြန်မာငွေ ၃၅၇၄ ကျပ်) နှုန်းဖြင့် ရောင်းချကာ မဲဖောက်ပေးသည့်စနစ်ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆီရာသည် အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် သားသမီး ၄ ဦးရှိသည်။ ခင်ပွန်းဖြစ်သူ မက်သူးကမူ ဆီရာ၏ နည်းလမ်းအပေါ်များစွာနှစ်မြို့ခဲ့ခြင်းမရှိပေ။မက်သူးက အိမ်ခြံမြေအကျိုးဆောင်မှတစ်ဆင့်သာ နေအိမ်ကို ရောင်းချလိုသည်။ဇနီးဖြစ်သူက မဲဖောက်ရောင်းမည်ဟုဆိုလာချိန်တွင် မက်သူးမှာ များစွာတုန်လှုပ်ခဲ့သည်ဟု ဆိုသည်။

ဆီရာက မဲလက်မှတ်များ စတင်ရောင်းချနေချိန်တွင် ဇနီးဖြစ်သူကို ရက်သတ္တပတ်ခန့် စကားပင် မပြောခဲ့။“ကျွန်မခင်ပွန်းရဲ့ အစပိုင်းတုန့်ပြန်မှုက ကြောက်ဖို့တောင်ကောင်းပါတယ်။ ရက်အနည်းငယ်လောက် စကားတောင် မပြောကြတော့ဘူး။ ကလေးတွေလည်း နှစ်ဘက်ဖြစ်သွားကြတယ်။ ၂ ယောက်က ကျွန်မရဲ့တီထွင်ဥာဏ်ကို သဘောကျကြပြီး ကျန်တဲ့ ၂ ယောက်ကတော့ ရှက်စရာတွေလုပ်နေတယ်လို့ မြင်ကြပါတယ်” ဟု ဆီရာက ပြောကြားသည်။

“နောင်တစ်ချိန်ကြရင် ဒီဖြစ်ရပ်လေးကို ကျွန်မတို့ ပြန်စဉ်းစားဖြစ်ပြီး ရယ်မောကြရလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မယောက်ျားက သိပ်ပြီးစာအုပ်ကြီးဆန်တဲ့သူ၊ သူက ပုံမှန်နည်းလမ်းအတိုင်းပဲ ရောင်းသင့်တယ်လို့ ယူဆပါတယ်” ဟု ဆီရာက ဆက်လက်ပြောကြားသည်။

အဆိုပါနေအိမ်ကို ဝယ်ယူခဲ့စဉ်က ပေါင် ၁၉၈၀၀၀ ပေးခဲ့ရပြီး ယခုအခါ ပေါင် ၃၀၀၀၀၀ ခန့် တန်ကြေးရှိနေပြီ ဖြစ်သည်။ဆီရာသည် နေအိမ်သစ်ဝယ်ယူပြီးပါက ဖခင်ကိုလည်း ခေါ်ယူသွားမည်ဟု ဆိုသည်။

ဆီရာကိုယ်တိုင်သည်လည်း နာတာရှည်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်၏။
နေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ညစာစားခန်း၊ မီးဖိုဆောင်နှင့် နံနက်စာစားခန်း၊ ကား ၃ စင်းဆန့် ကားဂိုဒေါင်၊ ကျယ်ဝန်းသော ပန်းဥယျာဉ်တို့ ပါဝင်သည်။

ဆီရာက နေအိမ်ကို မဲဖောက်ရောင်းချမည်ဟုဆိုရာတွင် သမားရိုးကျမဟုတ်ဘဲ မေးခွန်းတစ်ခုမေးထားပြီး အဖြေနှင့်အတူလက်မှတ်ဝယ်ရမည် ဖြစ်သည်။
မေးမြန်းထားသည့်မေးခွန်းမှာ နေအိမ်သစ်အဖြစ်ဆောက်လုပ်ပြီးချိန်တွင် မည်သည့်ခုနှစ်အတွင်း ပထမဆုံး အရောင်းအဝယ်လုပ်ခဲ့သနည်း။ (က) ၂၀၀၁ (ခ) ၂၀၀၂ (ဂ) ၂၀၀၃ ဟု ဖြစ်သည်။

မေးခွန်းများဖြေဆိုကာ လက်မှတ်ဝယ်ယူနိုင်မည့် နောက်ဆုံးနေ့ရက်အဖြစ် နိုဝင်ဘာလ ၁ ရက်၊ မွန်းတည့် ၁၂း၀၀ အချိန် နောက်ဆုံး သတ်မှတ်ထားသည်။
မေးခွန်းဖြေဆိုလိုသူများအနေဖြင့် goo.gl/yuwnNe အင်တာနက်လင့်ခ်တွင် ဝင်ရောက်ကာ tickets ဟူသည့် button ကိုနှိပ်ကာ ဖြေဆိုနိုင်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါင် ၃ သိန်းတန်နေအိမ်ကို မဲဖောက်ရောင်းချနေသည့် အင်္ဂလန်သူ - Property News in Myanmar from iMyanmarHouse.com
ပေါင် ၃ သိန်းတန်နေအိမ်ကို မဲဖောက်ရောင်းချနေသည့် အင်္ဂလန်သူ - Property News in Myanmar from iMyanmarHouse.com
ပေါင် ၃ သိန်းတန်နေအိမ်ကို မဲဖောက်ရောင်းချနေသည့် အင်္ဂလန်သူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service