ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးနှင့်အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း
ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချထားရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်မည့် လုပ်ငန်းအဖွဲ့ကိုးဖွဲ့တွင် ပါ ဝင်သော""ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည် ဆောက်ရေးလုပ်ငန်းအဖွဲ့ (CIT)""ကို အဖွဲ့ဝင် ၃၁ ဦးဖြင့် စတင်ဖွဲ့ စည်းခဲ့သည်။
အောက်တိုဘာ ၂၄ ရက်ရန် ကုန်မြို့ Sky Star ဟိုတယ်၌ကျင်း ပသည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးနာယက များအဖြစ် ဦးခင်ရွှေနှင့် ဦးကိုကို ထွေးတို့ကလည်းကောင်း၊ အဖွဲ့ခေါင်း ဆောင်အဖြစ် မြန်မာနိုင်ငံလိုင်စင် ရ ကန်ထရိုက်တာများအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းကလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအ သင်း၊ မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာ ပညာရှင်များအသင်းနှင့် အခြား သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ပြီး ယခုဖွဲ့စည်းလိုက် သောအဖွဲ့မှ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည် ဆောက်ရေးလုပ်ငန်းများကို ဦး ဆောင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
""တက်ရောက်လာတဲ့အသင်း တွေက ဒီပွဲအတွက် ဝိုင်းပြီးဆွေးနွေး ကြတယ်။ ဆွေးနွေးပြီးတော့ မနက် ဖြန်ကျရင် ဒေါက်တာအောင်ထွန်း သက်နဲ့ ထပ်ပြီးတော့ အစည်းအ ဝေးလုပ်မယ်။ အစည်းအဝေးလုပ်တဲ့ အခါကျရင် အန်ကယ်တို့ဆီမှာ အိုင်ဒီယာတော့ ဒီလိုရှိတယ်။ ရွာ တွေတည်ရင် ဘယ်လိုတည်မလဲ။ ပြီးတော့မှ စက်မှုဇုန်တွေကို ဘယ်လို လုပ်မလဲ။ ပြီးတော့မှ စိုက်ပျိုးရေးဇုန် ကဘယ်လိုလုပ်မလဲ။ အဲဒီလိုအိုင်ဒီ ယာမျိုးတွေကို ဒီအသင်းကနေဦး ဆောင်မှုပေးမယ်။ ပြီးတော့ ဒီဇိုင်း တွေရော၊ ပြီးတော့ ဘယ်လိုတည် ဆောက်မလဲဆိုတာက အရေးကြီး တယ်""ဟု အဖွဲ့၏ နာယကကြီး ဦးခင်ရွှေကပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များဖြစ်သော အခြေခံအဆောက် အအုံများတည်ဆောက်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ စက်မှုဇုန်များ ဖော်ဆောင်ပေးခြင်း
စသည့်လုပ်ငန်း များကို လုပ်ငန်းအဖွဲ့ကိုးဖွဲ့မှ တာ ဝန်ယူဖော်ဆောင်ကြမည်ဖြစ် ကြောင်း သိရသည်။ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ ကိုလို နီခေတ်က အသုံးပြုခဲ့သည့် လေယာဉ် ကွင်းကိုလည်း
ပြန်လည်ပြုပြင်သွား ရန် အစိုးရထံတင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။
""လေယာဉ်ကွင်းရှိတယ်ဆိုရင် ငပလီလိုပဲ စည်ကားသွားမယ်။ စည် ကားသွားတာနဲ့အမျှ နယ်မြေကိုစိုးမိုး နိုင်သွားမယ်။ အဲဒီတော့လေယာဉ် ကွင်းကြီးကိုပြန်တည်ဆောက်ဖို့အတွက် နိုင်ငံတော်ကိုအန်ကယ်တို့တင်ရမယ်""
ဟု ဦးခင်ရွှေကပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ အောက်တိုဘာလမကုန်မီ မြေ ပြင်ကွင်းဆင်းမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာမှုအကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ နှင့် စပ်လျဉ်းပြီး အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI)တွင် UEHRD ညှိနှိုင်းရေးမှူး ဒေါက်တာအောင် ထွန်းသက်နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကာ လုပ် ငန်းအဖွဲ့ကိုးဖွဲ့ဖွဲ့စည်းရန် ပြင်ဆင်ခဲ့သည်။
ယင်းလုပ်ငန်းအဖွဲ့ကိုးဖွဲ့မှာ ဆောက်လုပ်ရေးနှင့် အခြေခံအ ဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေး မြူရေးလုပ်ငန်းအဖွဲ့၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း အဖွဲ့၊ စီးပွားရေးဇုန်များဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်ဖန်တီး ရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေးလုပ် ငန်းအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းအဖွဲ့၊ အသေးစားငွေ ကြေးထောက်ပံ့မှုလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေစုဆောင်းရေးလုပ်ငန်းအဖွဲ့ နှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တို့ဖြစ်သည်။အဆိုပါ လုပ်ငန်းကော်မတီကိုးဖွဲ့နှင့် UEHRD ညှိနှိုင်းရေးမှူး ဒေါက်တာအောင်ထွန်းသက်တို့ အောက်တိုဘာ ၂၅ ရက်တွင် အဖွဲ့ များ၏လုပ်ငန်းစဉ်ဆိုင်ရာများကိုတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။
Credit: Democracytoday