ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
2758 Views

ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များသည် နာမည်ကျော်လာကာ ၀င်ငွေများစွာ ရလာချိန်တွင် အဆိုပါငွေများကို မည်သည့်နေရာတွင် အသုံးချကြပါသနည်း။ အများစုမှာ နာမည်ကျော်တစ်ဦး၏ အဆင့်အတန်းနှင့် လိုက်လျောညီထွေရှိ မည့် ပထမဆုံးနေအိမ်များ စတင်ဝယ်ယူကြလေ့ရှိသည်။

တေလာဆွစ်ဖ်နှင့် လီယိုနာဒို ဒီကာပရီယိုတို့ကဲ့သို့ အအောင်မြင်ဆုံးအကျော်အမော်အချို့ မှာမူကား ကိုယ်တိုင်အတွက် နေအိမ်ဝယ်ယူရုံသာမက မိဘများအတွက်လည်း တန်ဖိုးကြီးနေအိမ် များ ၀ယ်ယူပေးလေ့ရှိကြသည်။

လီယိုနာဒို ဒီကာပရီယို ( Leonardo Dicaprio )

ကမ္ဘာကျော် တိုက်တန်းနစ်ဇာတ်ကားကြီးတွင် အဓိကသရုပ်ဆောင်နေရာမှ ပါဝင်ခဲ့သည့် လီယိုနာဒိုဒီကာပရီယိုသည် တစ်ချိန်ကအလွန်ဆင်းရဲခဲ့သူတစ်ဦး ဖြစ်သည်။

ကမ္ဘာကျော် သရုပ်ဆောင်ဘ၀သို့ မရောက်မီက ပြည့်တန်ဆာများ၊ မူးယစ်ဆေးရောင်းဝယ် သူများ ကျက်စားသည့်ဒေသတွင် ဘ၀ကို ကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရသူ ဖြစ်သည်။ အနုပညာ ရေခံမြေခံကောင်းသည်ဟုပင် ဆိုရမည်။

လီယိုနာဒိုကို မွေးဖွားသည့်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်တွင် ဖြစ် သည်။ လီယိုနာဒို၏ ဖခင်မှာအီတလီ- ဂျာမန်ကပြားဖြစ်ပြီး မိခင်ဘက်မှ အဘိုးနှင့်အဘွားတို့မှာ ဂျာမန်လူမျိုးများ ဖြစ်ကြသည်။

လီယိုနာဒိုကို ကိုယ်ဝန်လွယ်ထားရချိန်တွင် ၎င်းင်း၏ မိခင်သည် အီတလီရှိ ပြတိုက်တစ်ခုတွင် ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကားတစ်ချပ်ကို ကြည့်ခဲ့ရမှုအား အစွဲပြုကာ လီယိုနာဒိုဒီကာပရီယိုဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လီယိုနာဒိုတစ်နှစ်သားအရွယ်တွင်ပင် မိဘနှစ်ဦးမှာ ကွာရှင်းခဲ့ကြပြီး လီယိုနာဒိုမှာ မိခင် ဖြစ်သူနှင့် အများဆုံးနေထိုင်ခဲ့သည်။ လီယိုနာဒို၏ မိခင်မှာသားငယ်ကို ကျွေးမွေးစောင့်ရှောက်နိုင်ရန် အတွက် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ရပြီး လော့စ်အိန်ဂျလိမြို့ အနှံ့အပြားတွင် လှည့်လည်နေထိုင်ခဲ့ကြရ သည်။

ကမ္ဘာကျော်တိုက်တန်းနစ်ဇာတ်ကားကြီးဖြင့် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိပြီး နောက် ဒီကာပရီယို ၀ယ်ယူခဲ့သည်မှာ နေအိမ်တစ်လုံးမျှသာ မဟုတ်ချေ။ The Rolling Stone မဂ္ဂဇင်းကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မကြာသေးမီက အိမ်ခြံမြေ ၀ယ်ယူမှု ၃ ခုပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည့်အပြင် တိုက်တန်းနစ်သရုပ်ဆောင်က ဆက်လက်ပြောကြားခဲ့သည်မှာ ““ကျွန်တော့်မိဘတွေနေဖို့ တစ်နေရာ ကျွန်တော်ဝယ်ပေးခဲ့ပါတယ်””ဟု ဆိုသည်။

လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များစုဝေးရာ မာလီဘူးအရပ် ကာဗွန်ကမ်းခြေတွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း ပါဝင်သည့် နှစ်ထပ်နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် ၀ယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

လီယိုနာဒို ဒီကာပရီယို၏ မိဘများသည် အဆိုပါနေအိမ်တွင် ကာလအတန်ကြာနေထိုင် သွားခဲ့ကြသည်။ လီယိုနာဒို ဒီကာပရီယို၏ နေအိမ်အရောင်းအ၀ယ်သတင်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက်လင့်ခ်များမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/hah8cz ၊ goo.gl/UXZ1zL ၊ goo.gl/5QFz1

တေလာဆွစ်ဖ် (Taylor Swift)

တေလာဆွစ်ဖ်၏မိခင်မှာ အမေရိကန်သူဖြစ်သော်လည်း တေလာဆွစ်ဖ် ငယ်စဉ် တွင် စင်ကာပူ၌ ၁၀ နှစ်ခန့် နေထိုင်ခဲ့ကြသည်။ တေလာဆွစ်ဖ်သည် ၂၀၀၆ ခုနှစ်တွင် ပထမ ဆုံးတေးအယ်လ်ဘမ် eponymous ဖြင့် ကန်းထရီးဂီတလောကသို့ စတင်အခြေချခဲ့သည်။

ဒုတိယအယ်လ်ဘမ်ဖြစ်သော Fearless ကို ၂၀၀၈ ခုနှစ်တွင် သီဆိုထုတ်လုပ်ခဲ့ရာ အမေရိကန်ပြည်ထောင်စု၌ ၂၀၀၉ ခုနှစ်အတွင်း အရောင်းရဆုံးတေးအယ်လ်ဘမ် ဖြစ်လာ ခဲ့သည်။

တေလာဆွစ်ဖ်၏ အနုပညာသက်တမ်းတစ်လျှောက် ဂရမ်မီဆု ၁၀ ကြိမ်၊ အင်မီဆု ၁ ကြိမ်၊ ဘီလ်ဘုတ် ဂီတဆု ၂၂ ကြိမ်၊ ကန်းထရီး ဂီတအသင်းဆု ၁၁ ကြိမ်၊ ကန်းထရီးဂီတ အကယ်ဒမီဆု ၈ ကြိမ်၊ မြငအ ဆု ၁ ကြိမ် ရရှိခဲ့သည်။

တေလာဆွစ်ဖ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များ တွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး တေးအယ်လ်ဘမ် အချပ်ရေသန်း ၄၀ ကျော် ရောင်းချခဲ့ရ ပြီးဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ဖော့ဘ်မဂ်္ဂဇင်းကြီးက စွမ်းအားအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်း တွင် တေလာဆွစ်ဖ်ကို ထည့်သွင်းဖော်ပြခဲ့ရာ သမိုင်းတစ်လျှောက် အဆိုပါစာရင်းတွင် ဖော်ပြခံရသည့် အသက်အငယ်ဆုံးအမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

အောင်မြင်ပြီးနောက်ပိုင်း တေလာဆွစ်ဖ် ပထမဆုံးဝယ်ယူခဲ့သည့်နေအိမ်မှာ အမေရိ ကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၏မြို့တော် နက်ရှ်ဗီးလ်တွင် ဖြစ်သည်။ နက်ရှ်ဗီးမြို့ရှိ စတုရန်းပေ ၃၂၄၀ အကျယ်အ၀န်းရှိသော ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁ ဒသမ ၉၉ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က တေလာဆွစ်ဖ်မှာ အသက် ၂၀ သာရှိသေးပြီး ၂၀၀၉ ခုနှစ်ဖြစ်သည်။ နောင် ၂ နှစ်ကြာသောအခါ နက်ရှ်ဗီးလ်တွင်ပင် မိဘများအတွက် ခမ်းနားသော နေအိမ်ကြီး တစ်လုံး ၀ယ်ယူပေးခဲ့သည်။

တေလာဆွစ်ဖ်၏ နေအိမ်အရောင်းအ၀ယ်သတင်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက်လင့်ခ်များမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/RCZKt6 ၊ goo.gl/T9UnnP

ဆလီနာဂိုမက်ဇ် ( Selena Gomez)

ဆလီနာဂိုမက်ဇ်သည် ယခင်က Disney Channel မှ သရုပ်ဆောင်တစ်ဦးဖြစ်၏။
နာမည်ကျော်ကြားလာပြီးနောက် ၂၀၁၁ ခုနှစ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင် ကာ စတုရန်းပေ ၆၆၃၀ အကျယ်အ၀န်းရှိသည့် နေအိမ်ကို စတင်ဝယ်ယူခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် ဆန်ဖာနန်ဒိုတောင် ကြားအနီးရှိ တာဇနာအရပ်တွင် တည်ရှိသည်။ ကန်ဒေါ်လာ ၂ ဒသမ ၁၇၅ ပေးခဲ့ရသည့် အဆိုပါနေအိမ်ကို ဆလီနာဂိုမက်ဇ်က “မော်ရိုကန်ဂူကလေး” ဟု နာမည်ပေးထားသည်။

ဆလီနာက သူ၏ဂူကလေးကို ၂၀၁၄ ခုနှစ်တွင် အစ်ဂီ အဇာလီယာနှင့် နစ်ခ်ယောင်း တို့သို့ ပြန်လည်ရောင်းချခဲ့သည်။ ဆလီနာဂိုမက်ဇ်၏ နေအိမ်အရောင်းအ၀ယ်သတင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက် လင့်ခ်မှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/UÄgq7e

ဂျနီဖာလောရင့်စ်(Jennifer Lawrence)

ဂျနီဖာလောရင့်စ် အောင်မြင်ကျော်ကြားလာပြီးနောက် ပထမဆုံးစတင်ဝယ်ယူခဲ့ သည့်နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပင်လယ်ကမ်းခြေမြို့ကလေးဖြစ်သော ဆန်တာ မိုနီကာတွင် ဖြစ်သည်။

စတုရန်းပေ ၁၄၁၃ ခန့်သာ အကျယ်အ၀န်းရှိသည့် အဆိုပါနေအိမ်ကို ၀ယ်ယူခဲ့သည်မှာ ၂၀၀၆ ခုနှစ်အတွင်း ဖြစ်သည်။ ထိုစဉ်က အော်စကာဆုရ သရုပ်ဆောင်မဖြစ်သေး။ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်းပါသော အဆိုပါနေအိမ်ကလေးကို ကန်ဒေါ်လာ ၈၇၉၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ၀င်ငွေများစွာရရှိလာချိန်တွင်မူ ပိုမိုတန်ဖိုးကြီးသော နေအိမ်ကြီးများသို့ ၀ယ်ယူပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဂျနီဖာလောရင့်စ် နေအိမ်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပြပါ အင်တာနက်လင့်ခ်များမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/EjiC3y ၊ goo.gl/hgQ24j

ဂျပ်စတင်ဘီဘာ (Justin Bieber)

ဂျပ်စတင်ဘီဘာ နေအိမ်ပထမဆုံး စတင်ဝယ်ယူခဲ့သည်မှာ ၂၀၁၂ ခုနှစ်အတွင်းဖြစ် ပြီး ထိုစဉ်က အသက် ၁၈ နှစ်သာ ရှိသေးသည်။ လော့စ်အိန်ဂျလိမြို့ ကာလာဘာဆက်အရပ် တွင်ဖြစ်သည်။

စတုရန်းပေ ၁၀၀၀၀ ခန့်ကျယ်ဝန်းကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သော အဆိုပါနေအိမ်အတွက် ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းပေးခဲ့ရသည်။ အဆိုပါနေအိမ်မှာ သူ၏ ကိုယ်ပိုင်ဝင်ငွေဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၁၆ နှစ်သားအရွယ်တွင် မိဘများက ၀ယ်ယူ ပေးခဲ့သည့် တိုက်ခန်းတစ်ခုလည်း ရှိသေးသည်။

လော့စ်အိန်ဂျလိမြို့တွင် ၀ယ်ယူပေးခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၂၄၀၀ ကျယ်ဝန်းသည့် အဆိုပါအခန်းကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းပေးကာ ၀ယ်ယူခဲ့ရသည်ဟု ဆိုသည်။

ဂျပ်စတင်ဘီဘာ၏ နေအိမ်အရောင်းအ၀ယ်သတင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက်လင့်ခ်မှတစ်ဆင့် ၀င်ရောက် တ်ရှုနိုင်ပါသည်။
goo.gl/KkwYFÄ

ကင်ဒဲလ် ဂျင်းနာ (Kendall Jenner)

ကင်ဒဲလ်ဂျင်းနာ ပထမဆုံးဝယ်ယူခဲ့သည့် နေအိမ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းပေးခဲ့ရပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည့် ကွန်ဒိုခန်းဖြစ်သည်။ယင်းကွန်ဒိုခန်းကို ၀ယ်ခဲ့စဉ်က အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး ၂၀၁၄ ခုနှစ်က ဖြစ်သည်။

ယခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာကျော်နေပြီဖြစ်သည့်အတွက် စတုရန်းပေ ၂၀၆၈ မျှသာ ကျယ်ဝန်းသည့် ကွန်ဒိုခန်းမှာ ကမ်္ဘာကျော်တစ်ဦးနှင့် လိုက်လျောညီထွေ မဖြစ်တော့ ချေ။ ““အဲဒီကွန်ဒိုခန်းမှာ နေရတာ တော်တော်ကျဉ်းကျဉ်းကြပ်ကြပ်ရှိတယ်။ အ၀တ်အစားဗီရို အတွက်တောင် နေရာသိပ်မရှိဘူး။ ကျွန်မ ဒီအခန်းကိုမုန်းတယ်””ဟု ကင်ဒဲလ်ဂျင်းနာကဆိုသည်။

နောက်ပိုင်းတွင် ဂျွန်ကရာစင်စကီးနှင့် အင်မလီဘရန့်ထ်တို့၏ နေအိမ်ဟောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကင်ဒဲလ် ဂျင်းနာ နေအိမ်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက် လင့်ခ်မှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/zhEky2

မိုင်လေဆိုင်းရပ်စ် (Miley Cyrus)

မိုင်လေဆိုင်းရပ်စ်သည Hannah Montana အမေရိကန်ဟာသဇာတ်မြူးရုပ်သံ ဇာတ်လမ်းတွဲဖြင့် နာမည်ကျော်ကာ ၀င်ငွေများစွာ ရလာသည့်တိုင် မိသားစုနေအိမ်မှ ပြောင်း ရွှေ့ခဲ့ခြင်းမရှိချေ။

မိသားစုနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ တိုလူကာလိတ်ခ် အရပ်ရှိ နေအိမ်တစ်လုံးကို ၀ယ်ယူခြင်း ပြုလုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်ကား မိမိဘာသာ နေထိုင်ရန်အတွက် လော့စ်အိန်ဂျလိမြို့၊ စတူဒီယိုစီးတီးအရပ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သော နေအိမ်ကို ၀ယ်ယူလိုက်၏။ စတုရန်းပေ ၅၁၇၃ ကျယ်ဝန်းသည့် အဆိုပါ နေအိမ်အတွက် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်က အသက် ၁၈ နှစ်သာရှိသေးသော မိုင်လေသည် စတူဒီယိုစီးတီးတွင် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် နေအိမ်တစ်လုံး၊ ၂၀၁၅ ခုနှစ် ဧပြီလတွင် အကျော်အမော် များ စုဝေးရာ ဟိုက်ဒန်းဟေးလ်တွင် အကျယ်အ၀န်း ၅ ဒသမ ၅ ဧကရှိ ခြံဝန်းကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးရှိ ၂ ဧကကျော် ကျယ်ဝန်းသော ခြံဝန်းကြီးကို ကန်ဒေါ်လာ ၂ ဒသမ ၅၂၅ သန်း ဖြင့်လည်းကောင်း ၀ယ်ယူခဲ့ပြီးလည်း ဖြစ်သည်။

မိုင်လေဆိုင်းရပ်စ် နေအိမ်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ၀က်ဘ်ဆိုက်ကြီးတွင်လည်း အောက်ဖော်ပါပြ အင်တာနက် လင့်ခ်များမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
goo.gl/hwp6As ၊ goo.gl/GGspvG

ဂျက်ဆီကာ အယ်လ်ဘာ ( Jessica Alba)

၂၀၀၂ ခုနှစ်တွင် ဂျက်ဆီကာ အယ်လ်ဘာက သူ၏ ပထမဆုံးနေအိမ်ကို စတင် ၀ယ်ယူခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းပေးခဲ့ရသည်။ လော့စ်အိန်ဂျလိမြို့ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်ရှိ အဆိုပါ နေအိမ်ကို ဂျက်ဆီကာအယ်လ်ဘာ အလွန်နှစ်သက်မြတ်နိုး သည်ဟု ယူဆနိုင်သည်။

အဘယ်ကြောင့်ဆိုလျှင် ယနေ့တိုင်ရောင်းမထုတ်သေးဘဲ ပိုင်ဆိုင်ထားဆဲဖြစ်ခြင်း ကြောင့်ပင်။ လက်ရှိအားဖြင့် တစ်လလျှင် ကန်ဒေါ်လာ ၁၁၅၀၀ (မြန်မာငွေ ၁၅၂ သိန်းကျော်) ဖြင့် အငှားချထားသည်။

ယင်းနေအိမ် အငှားချထားသည့်သတင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အိမ်ခြံမြေ ၀က်ဘ်ဆိုက်ကြီးတွင် အောက်ဖော်ပါပြ အင်တာနက်လင့်ခ်မှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါ သည်။
goo.gl/R35aoP ၊ goo.gl/zhEky2

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကျော်အမော်တို့ နာမည်ကျော်ကြားလာပြီနောက် ပထမဆုံးဝယ်ယူခဲ့ကြသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service