မောင်တောတွင် အိမ်အသစ် ၂၅ဝ ခန့် အစိုးရက ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
5445 Views

မောင်တောတွင် အိမ်အသစ် ၂၅ဝ ခန့် အစိုးရက ဆောက်နေ

ပဋိပက္ခကြောင့် မီးလောင်ပျက်စီးသွားသော မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအတွက် ကွန်ကရစ်အုတ်တိုက် သွပ်မိုး တစ်ထပ် လုံးချင်းအိမ် အလုံး ၂၅ဝ ခန့်ကို စတင် အစားထိုးဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

''ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်နေရာချထားရေး ဆိုတဲ့ စီမံချက်တွေနဲ့အညီ အခုလို ပြန်လည်ဆောက်လုပ်ပေးတာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံ တွေကို စပြီးဆောက်လုပ်နေတာ ဖြစ်ပါတယ်''ဟု ဦးတင်မောင်ဆွေက ဆိုသည်။

မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာတွင် အိမ်အလုံး ၁ဝဝ၊ ခုံတိုင်ကျေးရွာတွင် ၄၇ လုံး၊ ငါးခူရကျေးရွာတွင် အလုံး ၁ဝဝ တို့ကို ဆောက်လုပ်နေခြင်းဖြစ်သည်။

ပန်းတောပြင်ကျေးရွာနှင့် ငါးခူရကျေးရွာတို့မှ အိမ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောက်လုပ်ပေးပြီး ခုံတိုင်ကျေးရွာမှ အိမ်များကို နယ်စပ်ဒေသ ပညာရေးနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း ဦးတင်မောင်ဆွေက ဆိုသည်။

ယခုဆောက်လုပ်နေသော စီမံကိန်းမှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ခွင့်ပြုနိုင်သော ဘဏ္ဍာငွေခေါင်းစဉ်အောက်မှ ခွင့်ပြုငွေဖြင့် အမြန်ဆုံးပြီးစီးအောင် တည်ဆောက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

''နိုင်ငံတကာအကူအညီတွေ၊ ကုလသမဂ္ဂ အကူအညီတွေကို သိပ်အားမကိုးဘဲနဲ့ ပြည်တွင်းပြည်ပက အင်အားစုတွေ၊ အလှူရှင်တွေကို စုစည်းပြီးတော့ ပြည်တွင်းအစီအစဉ်နဲ့ပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်''ဟု ဦးတင်မောင်ဆွေက ဆိုသည်။

ယခုလောလောဆယ်တွင် လူနည်းစုတိုင်းရင်းသားကျေးရွာများရှိ နေအိမ်များကိုဦးစားပေးဆောက်လုပ်နေပြီး ရခိုင်ပြည်နယ်တစ်ခုလုံးရှိ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးသွားသော တိုင်းရင်းသားကျေးရွာများက နေအိမ်များကိုလည်း ပြည်ထောင်စုစီမံကိန်းဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့အနေဖြင့် မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများတွင် ရေချိုငါးမွေးကန်များ တူးပေးခြင်း၊ မြေသားလမ်းများကို အမာခံလမ်းများဖြစ်အောင် ကျောက်လမ်းများ ဖောက်လုပ်ပေးခြင်း၊ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ သွယ်တန်းပေးနေပြီး ကျေးရွာချင်းဆက်လမ်းများလည်း ဖောက်လုပ်နေကြောင်း၊ ယင်းအပြင် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးနေကြောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဆိုသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service