အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက်သာ ဦးဆောင်နေဆဲ - Property News in Myanmar from iMyanmarHouse.com
1232 Views

အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက်သာ ဦးဆောင်နေဆဲ

စက်တင်ဘာလအတွင်း အိမ်ခြံမြေဈေးကွက်ဟာ ယခင်လတွေနည်းတူ အခုလမှာလည်း အငှားဈေးကွက်သာ အားကောင်းနေခဲ့ပြီး မြို့နယ်အသီးသီးအလိုက်အငှားဈေးကွက်သား ဦးဆောင်နေဆဲပါလို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကနေသိရပါတယ်။

ဒဂုံမြို့သစ် လေးမြို့နယ်

ဒဂုံမြို့သစ် အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်းအားလုံးမှာ အရောင်းအ၀ယ်အခြေအနေပုံမှန်အနေအထားနဲ့ပဲ ရှေ့ဆက်နေပါတယ်။ အရင်လကအရောင်းအ၀ယ်ပိုင်းမှာ အနည်းငယ်သွက်လက်ခဲ့ပေမဲ့ မြောက်ဒဂုံမြို့နယ် မှာတော့
ပြန်ငြိမ်စပြုလာတယ်လို့ သိရပါတယ်။ အရောင်းအ၀ယ်ပိုင်းမှာ ကျပ်သိန်း ၁၀၀၀ ၀န်းကျင်အထိ အမေးရှိနေပြီး အငှားပိုင်းမှာတော့
ဝါကျွတ်ကိုမျှော်နေရကြောင်းသိရပါတယ်။

မြို့တွင်းမြို့နယ်များ

ရန်ကုန်မြို့ရဲ့မြို့တွင်းခြောက်မြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်အနေအထားက အငှားပိုင်းမှာ ထပ်ဆုံးက ဦးဆောင်နေပြီး စီးပွားရေးဆိုင်ရာ အငှားတွေ၊ လူနေထိုင်ဖို့ အငှားတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင် အားကောင်းနေတယ်။ အရောင်းမှုအပိုင်းမှာတော့ အားနည်းနေခဲ့ပေမဲ့ အငှားပိုင်းဈေးကွက်မှာတော့ စီးပွားရေးလုပ်ကိုင်ဖို့အတွက် ငှားရမ်းမှုအများဆုံးဖြစ်နေပါတယ်။

တောင်ဥက္ကလာပမြို့နယ်

တောင်ဥက္ကလာပမြို့နယ်ထဲမှာတော့ အိမ်ခြံမြေအရောင်းအ၀ယ်တွေ အတော်အသင့်ကောင်းမွန်နေကြောင်းသိရပါတယ်။ အရောင်းအ၀ယ်ပိုင်းမှာ သိန်းထောင်ချီ မြေကွက်တွေ၊ လမ်းမတန်းနဲ့ထောင့်ကွက်တွေအတော်အတန်အမေးများခဲ့သလို အလုပ်ဖြစ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ အရောင်းအ၀ယ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ ဈေးနှုန်းကိုလျှော့ချရောင်းခဲ့တဲ့အကွက်တွေပဲ အလုပ်ဖြစ်ခဲ့တာကိုလည်း အိမ်ခြံမြေအကျိုးဆောင်တွေဆီကသိရပါတယ်။

ရန်ကင်း၊ ဗဟန်းမြို့နယ်၊

သည်မြို့နယ်တွေကတော့ မြေနေရာ အတော်များများကျန်ရှိနေသေး
တာကြောင့် အရောင်းအ၀ယ်ဖြစ်မှုရှိနေပါတယ်။ အငှားအားကောင်းသလိုအရောင်းအ၀ယ်ပိုင်းမှာလည်း အတော်အသင့်ကောင်းမွန်ကြတယ်လို့သိရပါတယ်။ ၀ယ်ယူလိုသူ အများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေ ကိုအဓိကထားစိတ်ဝင်စားမေးမြန်းကြတယ်လို့ သိရပါတယ်။

စက်မှုဇုန်

စက်မှုဇုန်မြေနေရာ ပိုင်ဆိုင်ထားသူတွေကတော့ ဈေးနှုန်းသတ်မှတ်ချက်ကို သိန်းထောင်ဂဏန်းကနေ သောင်းဂဏန်းလောက်အထိ ခေါ်နေကြပါတယ်။ ဒီလိုခေါ်ဆိုနေတယ်ဆိုတာလည်း ဇုန်တွေကို ထပ်မံတိုးချဲ့မယ်ဆိုတဲ့ အသံတွေ မကြားရတာကြောင့် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အရောင်းအ၀ယ်အငှားအေးစက်နေဆဲဖြစ်ပေမဲ့ ပိုင်ရှင်တွေရဲ့ ရောင်းလိုတဲ့နှုန်းကတော့ အမြင့်ဈေးနဲ့ ရှေ့ဆက်နေဆဲဖြစ်ပါတယ်လို့ သိရပါတယ်။

စီမံကိန်းဧရိယာ

လုံးဝနီးပါး အေးစက်သွားတဲ့ နေရာတွေဖြစ်လာပါတယ်။ ၀ယ်လိုသူရောင်းလိုသူတွေမရှိပေမဲ့လက်ရှိပေါက်ဈေးနှုန်းတွေမှာ ကျဆင်းသွားမှု လုံးဝမရှိသေးတဲ့နေရာတွေ အဖြစ်ရှိနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေ စိတ်ဝင်စားမှု သိသိသာသာ လျော့နည်းသွားကြောင်းသိုရပါတယ်။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service