ရောင်ခြည်သစ် နဲ့အတူ တင်ဒါကုမ္မဏီတွေ ပြန်လည်နိုးထလာတော့မည် - Property News in Myanmar from iMyanmarHouse.com
6152 Views

ရောင်ခြည်သစ် နဲ့အတူ တင်ဒါကုမ္မဏီတွေ ပြန်လည်နိုးထလာတော့မည်

တိုင်းဒေသကြီး အစိုးရတွေ ၊ ၀န်ကြီးဌာနတွေ ဆီကနေ လမ်း ၊တံတား ၊ အဆောက်အအုံ တွေ ဆောက်လုပ်ခွင့်ရတဲ့ တင်ဒါအောင် ကုမ္မဏီတွေကို CHDB ဘဏ်ကနေ ငွေထုတ်ချေးပေးဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းကတော့ အင်မတန် မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ် ။ ကျဆင်းလျက်ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ကို တစ်စိတ်တစ်ပိုင်း ဖြစ်ဖြစ် ကူညီကယ်တင်ရာလည်း ရောက်တဲ့ အတွက် ကြိုဆိုရမှာဖြစ်ပါတယ်။

တင်ဒါ ရပြီး လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အတွက်လည်း အသက်ရှုချောင်သွားစေပါပြီ ။ လာမည့် အပတ်က စပြီး ဒီအစီအစဉ်ကို စတင်တော့မှာဖြစ်လို့ အတိုင်းအတာ တစ်ရပ်အထိ ဆောက်လုပ်ရေး လောကထဲကို ငွေကြေးတွေ အနည်းနဲ့ အများဆိုသလို ပြန်လည်စီးဝင်လာတော့မှာဖြစ်ပါတယ် ။
ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်က အစ မြစ်ဆိပ်မှာသဲထမ်းကျောက်ထမ်းတဲ့ အလုပ်သမားတွေ အထိ လုပ်ငန်းနဲ့ ပက်သက်တဲ့ ကြားထဲက အဆင့်ပေါင်းများစွာ ကလူတွေ အားလုံးလက်ထဲအထိပါ ငွေကြေးတွေ ၀င်ရောက်သွားတော့မှာဖြစ်ပါတယ် ။
ဆောက်လုပ်ရေး လုပ်ငန်းတွေဆိုတာ အခြားလုပ်ငန်းတွေနဲ့ မတူဘဲ ငွေကြေးလှည်ပတ် စီးဆင်းမှု အားကောင်းသလို ငွေလည်းအမြဲလိုအပ်နေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ် ။

တင်ဒါ ရပြီး လုပ်ငန်းစဖို့ ငွေလိုနေတဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း ငွေရပေါက်ရလမ်း နေရာတစ်နေရာ တိုးလာတဲ့ အတွက် မင်္ဂလာသတင်းဖြစ်ပါတယ် ။ သာမာန် ပြင်ပမှာ ငွေချေးမယ်ဆိုရင် ပစ္စည်းပေး ပြီးအနည်းဆုံး ငါးကျပ်တိုးပေးရတဲ့ အတွက်ကြောင့် လုပ်ငန်းပြီးသွားလို့ ကိုယ့်အတွက်နာမည်လောက်ဘဲ ကျန်ပြီး ဘာမှမကျန်တဲ့ လုပ်ငန်းရှင်တွေလည်း အများကြီးမြင်ဖူးပါတယ် ။ ပြီးတော့အပေါင်ပစ္စည်း တစ်ခုကလည်း လိုအပ်သေးတဲ့ အတွက် အပေါင်ပစ္စည်းမပြနိုင်လို့ကတော့ ဘိုင့်ဘိုင်လို့ ပြောရမယ့် အပေါက်ဖြစ်ပါတယ် ။

အစိုးရနဲ့ ကုမ္မဏီကြား တင်ဒါအောင်မြင်ထားတဲ့ ကတိက၀တ် စာချုပ်ကို ပြနိုင်မယ် ၊ ဘဏ်က လိုအပ်တဲ့ အာမခံချက်ကို ပြနိုင်မယ်ဆိုရင် ပရောဂျက်ကြီး တစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ဘဏ်က ငွေချေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ် ၊ ဒါပေမယ့်လည်း အစိုးရက တင်ဒါအောင် လုပ်ငန်းရှင်ကို လုပ်ငန်းပြီးစီးမှု အခြေအနေ အလိုက် အရစ်နဲ့ ငွေပေးချေတဲ့ အခါကျရင်တော့ ဘဏ်ကနေ ဖြတ်သန်းပြီး ချေပေးဖို့တော့ အရေးကြီးပါတယ် ။ ဒါကလည်း ပြသနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး ။ သိထားသလောက်ကတော့ တင်ဒါအောင်တဲ့ ဆောက်လုပ်ရေး ကုမ္မဏီတွေကို အစိုးရက ငွေပေးချေတဲ့ အခါမှာ သတ်မှတ်ရာခိုင်နှုန်းအလိုက် လေးရစ် အနည်းဆုံးထားပြီးပေးချေတာဖြစ်ပါတယ် ။ ဒါပေမယ့် ချေးငွေယူမယ့် ဆောက်လုပ်ရေးကုမ္မဏီ အနေနဲ့က ဆောက်လုပ်ရေးအသင်းကို ၀င်ထားရမှာဖြစ်ပါတယ် ၊ ဒါကလည်း အသင်းတစ်ခုရဲ့ ထောက်ခံချက် ကိုလိုအပ်လို့ဖြစ်ပါတယ် ။

ဆောက်လုပ်ရေး လုပ်ငန်းတွေ ရေခဲတုံးပေါ် ဖင်ခု ထိုင်ထားတာ အချိန်လည်း တော်တော်လေးကြာခဲ့ပါပြီ ၊ ရပ်သွာတဲ့ ကုမ္မဏီတွေ လုပ်ငန်းပြောင်းလုပ်တဲ့ ကုမ္မဏီတွေလည်း မနည်းတော့ဘူးလို့ ကြားနေမြင်နေရပါပြီ ၊ အပြင်လောက ငွေမလည်ဘဲ အရောင်းအ၀ယ် မကောင်းတဲ့ အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တော်တော်များများ တိုင်းဒေသကြီး အစိုးရ ၀န်ကြီးဌာနတွေရဲ့ တင်ဒါတွေမှာ အပြိုင်အဆိုင် ၀င်ဆွဲပြီး ရပ်တည်နိုင်အောင် ကြိုးစားလာတာ ဖြစ်ပါတယ်။

သာမာန် အလယ်အလတ်တန်းစား ဆောက်လုပ်ရေး ကုမ္မဏီတစ်ခု အစိုးရဆီက တင်ဒါအောင်မယ်ဆိုရင်တောင် ချက်ခြင်းလက်ငင်းလုပ်ဖို့ အတွက် ငွေကြေးအရင်းအနှီး အခက်အခဲရှိပါတယ် ၊ လုပ်ငန်းပြီးစီးမှု အပေါ် ငွေပေးချေတာဖြစ်တာကြောင့်လည်း ပထမအရစ် ငွေကျလာအောင် ကြိုတင်စိုက်ထုတ်လုပ်ရတဲ့ အခါမှာ အခက်အခဲအများကြီး ရှိပါတယ် ။ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ လူတွေ အသိဆုံးဖြစ်ပါတယ် ။

နာမည်ကြီး အစိုးရအိမ်ရာစီမံကိန်း တစ်ခုအတွက် တင်ဒါလျှောက်လွှာ လာတင်တဲ့လူက ကုမ္မဏီပေါင်း ၅၀၀ လောက်အထိ ရှိတယ်လို့ ကြားလိုက်ရပေမယ့် ကျဆင်းနေတဲ့ ဆောက်လုပ်ရေး လောက အတွက် ဂယ်ပေါက်တစ်နေရာကို စုပြုံတိုးကြတာဖြစ်လို့ သိပ်တော့ထူးလှတယ် မဟုတ်ပါဘူး ။ အမေရိကန် မှာတောင် စီးပွားရေး ကျဆင်းခဲ့လို့ အစိုးရက ငွေထုတ်ပေး ပရောဂျက်တွေ အများအပြားချပေးပြီး
ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ခွင့် ပြုခဲ့တာဖြစ်ပါတယ် ၊ ငွေကြေးလည်ပတ်မှု စီးဆင်းမှု မြန်ဆန်တဲ့ လုပ်ငန်းဖြစ်လို့ ဆောက်လုပ်ရေး လောကမှာ လက်ကြားငွေယိုတယ်လို့တောင် ပြေကြဆိုကြပါတယ် ။

တင်ဒါစနစ်နဲ့ ပက်သက်ပြီး ပြောရရင် ခေတ်အဆက်ဆက်မှာ ပက်သက်ရာ ပက်သက်ကြောင်းတွေနဲ့ လက်ဝါးရိုက် ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ် ၊ ငွေကြေးအနည်းဆုံး နဲ့ လုပ်နိုင်မယ့် လူကို ပေးလိုက်တဲ့ စနစ်ကြောင့် ဆောက်လုပ်ခဲ့တဲ့ လမ်းတွေ တံတားတွေ အဆောက်အအုံတွေ အရည်အသွေးနဲ့ ပက်သက်ပြီး ဘယ်လိုဖြစ်နေလဲ ဆိုတာ အားလုံးအသိဘဲ ဖြစ်ပါတယ် ၊ ကြားထဲက အာရကေ ကြေး ရာခိုင်နှုန်းတစ်ခုကြောင့်လည်း သိန်း ၁၀၀ တန် ပရောဂျက် အတွက် အမှန်တကယ် တည်ဆောက်ရေး လုပ်ငန်းမှုာ ၆၀ လောက်သုံးခဲ့ရင်တောင် အင်မတန် တော်တယ်ဆိုပြီး ချီးကျုးကြပါတယ် ။ အခုတော့လည်း ပြောင်းလဲချိန်တန်ခဲ့ပြီးပါပြီ ။

အခုတော့ ခေတ်တွေလည်း ပြောင်း စနစ်တွေလည်း ပြောင်းခဲ့ပြီဖြစ်တာကြောင့် အရင်ခေတ်တွေကလို ငွေကြေးအနိမ့်ဆုံးပေးတဲ့ လူကို တင်ဒါပေး ၊ အရည်အသွေး ညံ့တဲ့ လမ်းတံတား အဆောက်အအုံတွေ နဲပ ပြည်သူတွေ နှစ်ပါးသွားတဲ့ အခြေအနေက ကုန်ဆုံးသွားတော့မှုာဖြစ်ပါတယ် ။ အခုတော့ တင်ဒါစနစ်ကို ငွေကြေးနဲ့ အရည်အသွေး နှစ်ခုကြည့်တဲ့ two Envelope စနစ်ကို သွားတော့မှာဖြစ်ပါတယ် ။

အရည်အသွေး ၊ ဈေးနှုန်း ၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နိုင်မှု အပေါ်မှာသာ လုပ်ငန်းလုပ်ခွင့်ရတော့မှာဖြစ်လို့ လက်ဝါးချင်းရိုက် တင်ဒါစနစ်တွေ အရင်လို ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့မှာ မဟုတ်တော့ပါဘူး ၊ အားလုံးပပျောက်သွားပြီလို့ မဆိုနိုင်ပေမယ့် အနည်းအကျဉ်း ရှိကောင်းရှိနိုင်ပါတယ် ။ သေချာတာတစ်ခုကတော့ ဒီစနစ်ကြောင့် အမှန်တကယ် အလုပ်ကို သေသေချာချာ သပ်သပ်ရပ်ရပ် လုပ်ချင်တဲ့ အလယ်အလတ်တန်းစား ကုမ္မဏီ တွေ အတွက် တင်ဒါ ၀င်ပြိုင်ဖို့ လမ်းပွင့်သွားစေသလို ဆောက်လုပ်ရေး ဘဏ်ကနေ ပရောဂျက် အတွက် ငွေထုတ်ချေးပေးအုံးမယ်ဆိုတော့ မြန်မာဆောက်လုပ်ရေး လောက ပြန်လည် ဦးမော့လာမှာဖြစ်ပါတယ် ။

နောက်တစ်ခုက တင်ဒါ ရပြီ ဆိုအုံးတော့ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ငွေပင်ငွေရင်းရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ တင်ဒါ လုပ်ဖူးသူတိုင်း သိကြပါတယ် ၊ အရမ်းချမ်းသာတဲ့ Tycoon လုပ်ငန်းရှင်ကြီးတွေကလွှဲလို့ အလယ်အလတ် ဆောက်လုပ်ရေး လုပ်ငန်းရှင်တိုင်း ကြုံကြ၇တဲ့ ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါတယ် ။ တင်ဒါရပြီး ပထမ အရစ် သက်ဆိုင်၇ာ စီက ငွေထုတ်နိုင်ဖို့အတွက် လုပ်ငန်းရဲ့ ရာခိုင်နှုန်း ဘယ်လောက်ပြီးစီးရမှာတွေ ၊ တင်ဒါရပြီ ဆိုတာနဲ့ ပေးရတဲ့ ကြားထဲက မမြင်နိုင်တဲ့ ကုန်ကျစရိတ်တွေကြောင့်လည်း ငွေကို ကြိုရှာထားရပါတယ် ။

တင်ဒါစနစ်သစ် ဆီကိုလည်း သွားတော့မယ် ၊ လုပ်ငန်း အတွက် လိုအပ်တဲ့ ငွေကိုလည်း အပေါင်ပစ္စည်းမပါဘဲ ချေးပေးမယ်ဆိုတဲ့ အတွက်ကြောင့် အလယ်အလတ်တန်းစား ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အတွက် လမ်းပွင့်သွားစေပါတယ် ၊ အရင်လို တင်ဒါရ လုပ်ငန်းကြီး ကုမ္မဏီကို အမြတ်တစ်ခုပေး subcom လုပ်ရတဲ့ အခြေအနေ တွေလျော့ပါးသွားမှာဖြစ်ပါတယ် ၊ ဒီအပြင် စီမံကိန်းတစ်ခုလုံးရဲ့ စတင်ခြင်း အတွက်လိုတဲ့ ငွေကြေးလည်း ဘဏ်ကနေ အတိုးနှုန်းသက်သက်သာသာ ချေးယူခွင့်ရတဲ့ အတွက် အပြင်မှာ မျက်နှာငယ် အပေါင်ပစ္စည်းပေးပြီး အတိုးကြီးနဲ့ ငွေချေးငှားရတဲ့ ဘ၀တွေကနေ ကင်းလွတ်တော့မှာ ဖြစ်ပါတယ် ၊ ဒါကြောင့်လည်း ဒီစနစ်ကြီး မြန်မြန်အသက်ဝင် ရေရှည်လုပ်နိုင်အောင် ၀ိုင်းဝန်းကူညီပေးရမှာဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service