တန်ဖိုးနည်းတိုက်ခန်းများအား သိန်း၁၀၀အောက်ဖြင့် ရောင်းချနိင်ရန်ဒီဇိုင်းရေးဆွဲ အဆင့်သို့ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
6933 Views

တန်ဖိုးနည်းတိုက်ခန်းများအား သိန်း၁၀၀အောက်ဖြင့် ရောင်းချနိင်ရန်ဒီဇိုင်းရေးဆွဲ အဆင့်သို့ရောက်ရှိ

ဆောက်လုပ်ရေးဝန် ကြီးဌာနက နောက်ပိုင်း တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ကျပ်သိန်း ၇၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ရန် ဒီဇိုင်းရေးဆွဲနေဆဲအဆင့်သာရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးကပြောသည်။

ယခုဘဏ္ဍာနှစ်တွင် တည် ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ပါဝင်လာဦး မည်မဟုတ်ဘဲ ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် ပညာရှင်များနှင့်တိုင်ပင်၍ ဒီဇိုင်း ရေးဆွဲဆဲအဆင့်သာ ရှိသေး ကြောင်း ၎င်းက ပြောသည်။

အစိုးရသစ်လက်ထက်ဒုတိ ယအသုတ်ရောင်းချမည့် တန်ဖိုး နည်းအိမ်ရာများတွင် ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရောင်းချမည့် အခန်းများသာ ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

သိန်း ၁၀၀အောက်ဖြင့်တည်ဆောက်ရောင်းချနိုင်ရန် အစိုးရအနေဖြင့် အကြိမ်ကြိမ်ကြိုးစားနေပြီး နည်းလမ်းပေါင်းများစွာကိုရှာဖွေနေကြောင်း ဆောက်လုပ်ရေးဝန်ကြိးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မီဒီယာများနှင့်တွေ့ဆုံစဉ် မကြာခဏပြောကြားလေ့ရှိသည်။

‘‘မြေတန်ဖိုးကြောင့် ကျပ် သိန်း ၁၀၀ အောက်ကို ဆောက်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေမှာ လည်း အခက်အခဲရှိတယ်။ ပြီးစ လွယ်လည်း ဆောက်လို့မရဘူး။ ခိုင်ခံ့ပြီးကောင်းမွန်တဲ့ အိမ်ရာ တွေဖြစ်အောင်ဆောက်ပေးရမှာ။ ဒါကြောင့် လုပ်ငန်းရှင်တွေက အ စိုးရဆီက မြေပံ့ပိုးပေးမယ်ဆိုရင် တော့ ဆောက်ပေးနိုင်အောင်ကြိုး စားဖို့ အသင့်ပဲ’’ ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးမြင့်ထွေးက ပြောသည်။

အခြားအခြေခံအဆောက် အအုံများဖြစ်သည့် ပန်းခြံ၊ ကစား ကွင်းနှင့် ကားမှတ်တိုင်များပါ တန်ဖိုးနည်း အိမ်ရာများတွင် ထည့်သွင်းတည်ဆောက်ရမည် ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ဘက်တွင် အခက်အခဲဖြစ်ပေါ်နေ ရခြင်းဖြစ်ကြောင်း ဦးမြင့်ထွေးက ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service