ကန်ထရိုက်တိုက်ဈေးကွက်ပျက်ပြီးနောက် ကန်ထရိုက်တာတချို့ ရုန်းကန်နေကြရ - Property News in Myanmar from iMyanmarHouse.com
2578 Views

ကန်ထရိုက်တိုက်ဈေးကွက်ပျက်ပြီးနောက် ကန်ထရိုက်တာတချို့ ရုန်းကန်နေကြရ

လက်ရှိမှာ ကန်ထရိုက်တိုက်ဆောက်လိုသူတွေ သိသိသာသာကျဆင်သွားပြီး သာမန်ကန်ထရိုက်တာတွေထက် လက်ကြီးကုမ္ပဏီတွေသာ အပ်နှံလာကြတယ်လို့သိရပါတယ်။ဒါကြောင့်ကန်ထရိုက်တာငယ်လေးတွေ
ဟာ ကုမ္ပဏီကြီးတွေကနေတစ်ဆင့် လက်ခွဲပြန်လုပ်နေကြရပါတယ်။

အစိုးရက တင်ဒါခေါ်တဲ့ ဆောက်လုပ်ရေးစီမံချက်တွေမှာ ကန်ထရိုက်တာအငယ်နဲ့ အလတ်တွေကို ချမပေးတော့ဘဲ ကုမ္ပဏီတွေကိုသာ ချပေးတော့တယ်လို့ သိရပါတယ် ။

'တင်ဒါခေါ်ရင်တော့ အားလုံးပြိုင်ခွင့်ရှိတယ်၊ အစိုးရက ပေးရင် ကုမ္ပဏီတွေကိုပဲပေးတော့တယ်၊ ကုမ္ပဏီကြီးတွေ လွှမ်းမိုးလာတာတွေကြောင့် လက်ခွဲကန်ထရိုက်တာတွေကို ငွေပေးချေမှုပုံမှန်ထက် နောက်ကျတာတွေ၊ အထက်စီးက စာချုပ်ချုပ်ဆိုတာတွေရှိနေတယ်' လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကြိုပွိုင့်မ၀ယ်သလောက်

ဒါ့အပြင် ကန်ထရိုက်တိုက်ဈေးကွက်ထိခိုက်ပြီးနောက် အိမ်ခန်းဝယ်ယူယူနည်းပါးသွားတာကြောင့် ကန်ထရိုက်ဆောက်လုပ်သူတွေ အခန်းကို အရောင်းထက်အငှားကို ဦးစားပေးနေကြရတယ်လို့သိရပါတယ်။ အခန်းဝယ်ယူသူတွေနည်းပါးလာတာကြောင့် ဆောက်ပြီးသွားရင် ကုမ္ပဏီနဲ့ မြေရှင်က ချက်ချင်းရောင်းထွက်ဖို့ထက် အငှားထားပြီး ငွေကို ဖြည်းဖြည်းချင်းပဲဖော်ရပြီး ကြိုပွိုင့်ကတော့ မ၀ယ်သလောက်ဖြစ်နေတယ်လို့သိရပါတယ်။

တိုက်ခန်းကြိုပွိုင့်ဝယ်ယူသူတစ်ဦးက ‘ ကြိုပွိုင့်ကို မ၀ယ်သလောက်ဖြစ်တယ်၊ ဒါကြောင့် ပုဂ္ဂလိကဘဏ်က ကြားခံဆောင်ရွက်ပေးတာကြောင့် ကြိုပွိုင့်ဝယ်ယူတဲ့ပုံစံအသစ် ဖြစ်ပေါ်လာတယ်၊ ကြိုပွိုင့်ဝယ်ယူရတာဟာ ငွေကို ခွဲပေးရပေမဲ့ ကန်ထရိုက်တွေပြေးမှာစိုးရိမ်တာကြောင့် မ၀ယ်ခဲ့တာပါ။ ခုက ဘဏ်နဲ့ချိတ်ဆက်ပြီး ကန်ထရိုက်ကုမ္ပဏီတွေ့ရတာကြောင့် ၀ယ်ယူဖြစ်တယ် ’ လို့ပြောပါတယ်။

ရင်းနှီးမတည်ငွေကို အာမခံပစ္စည်းမထားဘဲ ငွေချေးပေးနိုင်ပြီး ထွက်လာတဲ့ တိုက်ခန်းတွေကို ဘဏ်ကနေတစ်ဆင့် အရစ်ကျနဲ့ ရောင်းပေးနိုင်ရင် နေရာကောင်းတွေမှာ တိုက်ခန်းတွေကို မြန်မြန်ဆောက်လုပ်လာနိုင်မှာဖြစ်တယ်လို့ အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။

ကန်ထရိုက်တိုက်ဈေးကွက်ပျက်ပြီး နောက်နှစ်နှစ်အကြာအထိ ထူးထူးခြားခြားပြန်ကောင်းမွန်လာခြင်းမရှိဘဲ အစိုးရက အခြေခံလူတန်းစားဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေ ဆောင်ရွက်နိုင်မှ ဈေးကွက်ပြန်အားကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသာအေးက ပြောပါတယ်။ ဒါ့အပြင်မြို့တော်စည်ပင်က ဆောက်လုပ်ရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းစဉ်အားလုံးကို ဖြေလျှော့ပြီး နိုင်ငံတကာနည်းတူ အင်ဂျင်နီယာအကြံပေးအဖွဲ့၊ ဗိသုကာအကြံပေးဘုတ်အဖွဲ့လုပ်ငန်းတွေကို စံချိန်မီထိန်းသိမ်းလာနိုင်မယ်လို့ ပြောပါတယ်။

ငွေပေါ်အောင်အငှားဘက်လှည့်

ငွေပေါ်အောင် ဘဏ်မှာ အပေါင်ထားလို့မရတဲ့ ကန်ထရိုက်တိုက်ခန်းတွေကို အရစ်ကျနဲ့ရောင်းတာ၊ စပေါ်ပေးအငှားတင်ပြီး ငွေလှည့်တာတွေရှိနေပါတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကပြောပါတယ်။

‘ ကန်ထရိုက်တိုက်တွေရဲ့ အားနည်းချက်က ဘဏ်မှာ အပေါင်ထားလို့မရတော့ တကယ်ငွေလိုအပ်ရင် ထုတ်ရခက်တယ်၊ အရောင်းဘက်မှာလဲ လက်ငင်းမ၀ယ်တော့ အရစ်ကျကို အားထားကြတယ်၊ အခုနောက်ပိုင်း တိုက်ခန်းအပေါင်ဈေးကွက်ကလဲ လက်ရှိပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ငွေထုတ်ချေးကြတာများတော့ အရောင်းအ၀ယ်စာချုပ်ချုပ်ပေးရတဲ့ အပေါင်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ရှောင်လာကြတယ် ’ လို့ပြောပါတယ်။

ဒါကြောင့် ငွေပေါ်ဖို့ စရန်ငွေ အရစ်ကျအရောင်းတွေနဲ့ စပေါ်ငွေများများနဲ့ ငှားရမ်းသူတေါကို လက်ခံလာကြတယ်။ အငှားဈေးကွက်ကတော့ အငှားကို စပေါ်ငွေကျပ်သိန်း ၁၀၀ အထိပေးရတာတွေ ရှိပြီး စပေါ်ငွေ သိန်း ၅၀ အောက်အငှားတွေကတော့ လခသောင်းဂဏန်းဝန်းကျင်ပေးချေရတယ်လို့သိရပါတယ်။

‘ အရစ်ကျအရောင်းနဲ့ စပေါ်အငှားတွေကျတော့ ငွေပေါ်တယ်၊ ကိုယ့်ဘက်ကအဆင်ပြေရင် ပြန်အိမ်းနိုင်တယ်၊ အတိုးလဲမပေးရဘူး၊ ကိုယ်ဘက်ကငွေလှည့်လို့လွယ်သွားတယ် ’ လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် အဲသည်လို အရစ်ကျအရောင်းနဲ့ အငှားအများစုဟာ ကန်ထရိုက်တိုက်ဆောက်လက်စတွေကြောင့် ငွေမလည်နိုင်တဲ့ လုပ်ငန်းတွေရဲ့ အရောင်းအ၀ယ်ဈေးကွက်ဖြစ်လာတယ် လို့သိရပါတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service