ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
3253 Views

ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် )

အမေရိကန်ပြည်ထောင်စုတွင် သဲကန္တာရတွင်းမှ အိုအေစစ်ဟု နာမည်ကြီးသည့် လာ့စ်ဗီးဂပ်တည်ရှိရာ နီဗားဒါးပြည်နယ်၊ ကလာ့ခ်ခရိုင်တွင် ဟန်ဒါဆန်အမည်ရှိ မြို့ကလေးတစ်ခု တည်ရှိသည်။
အဆိုပါမြို့ကလေးသည် နီဗားဒါးပြည်နယ်တွင် လာ့စ်ဗီးဂပ်စ်ပြီးလျှင် ဒုတိယမြောက်အကြီးမားဆုံးမြို့ဖြစ်သည်။

လာ့စ်ဗီးဂပ်စ်နှင့်လည်း ၁၆ မိုင်ခန့်သာ ဝေးကွာ၏။
ယင်းမြို့တွင် ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ်တည်ရှိပြီး ပြီးခဲ့သော ၂၀၁၆ ဧပြီလအတွင်း ဝယ်လက်များနှင့် ကာလအတန်ကြာဈေးနှုန်းများ ညှိနှိုင်းခဲ့ပြီးနောက် ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်းဖြင့် ရောင်းချလိုက်သည်။

အဆိုပါအရောင်းအဝယ်မှာ မိုက်တိုင်ဆန်အတွက် များစွာအရှုံးပေါ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောင်းချရာတွင် ၁ ဒသမ ၄၉၉၉၉၉ သန်း ဈေးခေါ်ခဲ့သော်လည်း ၁ ဒသမ ၄၇၅ သန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး နှစ်ထပ်နေအိမ်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
ကြမ်းခင်းမှာ သင်ပုန်းကျောက်များဖြင့် ခင်းကျင်းထားပြီး နေအိမ်တွင်းတွင် ၂၅ ပေအမြင့်ရှိ ရေတံခွန်တစ်ခု ပါဝင်သည်။

နေအိမ်ကြမ်းခင်းဧရိယာ ၅၈၀၀ စတုရန်းပေရှိပြီး ဝိုင်သိုလှောင်ခန်းတစ်ခန်း၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ မီးလင်းဖို ၃ ခု ပါဝင်သည်။
Master Bedroom တွင် ကြီးမားသည့် ဖန်မီးဆိုင်းကြီးတပ်ဆင်ပေးထားပြီး ရေစိမ်ကန်လည်း ပါဝင်သည်။

ခြံဝန်းအတွင်းတွင်လည်း ရေကူးကန်ပါဝင်သည့်အပြင် ရေတံခွန်တစ်ခုလည်း ပါသည်။

ထိုစဉ်က မိုက်တန်စန်၏ နေအိမ်ကို အရောင်းတင်ပေးသည်မှာ Luxury Homes of Las Vegas မှ ဖြစ်ပြီး ဝယ်လက်ကို ခေါ်လာသည်မှာ Clear Sky Realty အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ဖြစ်သည်။

ယခုအခါ အသက် ၅၁ နှစ်ရှိပြီဖြစ်သော ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်သည် သူ၏ကစားသမားဘဝတစ်လျှောက် ၅၈ ပွဲ ထိုးသတ်ခဲ့ရာတွင် နိုင်ပွဲ ၅၀ ရှိခဲ့ပြီး ၄၄ ပွဲမှာ အလဲထိုးအနိုင်ရခဲ့သည့်ပွဲများ ဖြစ်သည်။

မိုက်တိုင်ဆန်သည် ၂၀၀၉ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် Hangover အမည်ရှိ ဟာသဇာတ်မြူးတွင် ပါဝင်သရုပ်ဆောင်ခဲ့သေးသည်။
အဆိုပါ ရုပ်ရှင်ကို ကမ္ဘာတစ်ဝန်းရုံတင်ပြသခဲ့ရာတွင် ကန်ဒေါ်လာ ၄၆၇ သန်းရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၏ ဝင်ငွေအရဆုံး ရုပ်ရှင်ဇာတ်ကားများ စာရင်းတွင် နံပါတ် ၁၀ နေရာ၌ ရပ်တည်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်တို့ ပိုင်ဆိုင်ခဲ့ဖူးသည့် နေအိမ်များ ( ကမ္ဘာ့နံပါတ်တစ် ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုက်ဆန်၏ နေအိမ် ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service