ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်းစတင်ရန် လေ့လာဆန်းစစ်မှုစတင် - Property News in Myanmar from iMyanmarHouse.com
3004 Views

ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်းစတင်ရန် လေ့လာဆန်းစစ်မှုစတင်

ထားဝယ်အထူးစီးပွားဇုန် ပထမအဆင့်စီမံကိန်းဖြစ်သည့်
ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ စီးပွားရေးဇုန်သို့သွားသည့် နှစ် လမ်းသွားလမ်းမကြီးကို စတင်ရန် မြန်မာ-ထိုင်းပညာရှင်များ လေ့ လာဆန်းစစ်မှု စတင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး
စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဖြိုးဝေထွန်းက ပြောသည်။

အဆိုပါ စီမံကိန်းသည် တနင်္သာရီကမ်းမြောင်ဒေသဖွံ့ဖြိုး ရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရ၏ ချေးငွေဖြင့်
တည်ဆောက်မည့် စီမံကိန်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘လက်ရှိ မြေပြင်အနေအ ထားအရ လမ်းဖောက်ဖို့ ကွင်း ဆင်းစစ်ဆေးနေတယ်။ အဆင့် လေးတွေ နည်းနည်းကျန်နေသေး တော့ မကြာခင် လမ်းဖောက်တာ စနိုင်တော့မှာပါ’’ဟု ဦးဖြိုးဝေထွန်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်သည် အပိုင်းနှစ်ပိုင်းရှိပြီး ပထမအဆင့်ကို မြန်မာနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ သ ဘောတူစာချုပ်ခဲ့ပြီး ဒုတိယအ ဆင့်တွင် မြန်မာ၊ ဂျပန်၊ ထိုင်း အစိုးရများပါဝင်ရန် သဘောတူ ထားခြင်းဖြစ်သည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ် သူ ၎င်းက ပြောသည်။

‘‘နောက်ပြီး ရေရှည်ဖွံ့ဖြိုး ရေးလုပ်ငန်းတွေမှာ ဂျပန်ပါဝင် ဖို့လည်း ကတိက၀တ်တွေရှိထား တယ်’’ဟု အဆိုပါ အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီအ တွင်းရေးမှူး ဒေါက်တာတင်ထွန်း နိုင်က ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၃၃ သန်း)ကို ထိုင်းအစိုးရထံမှ ချေးငွေရယူရန် လွှတ်တော်သို့ တင်ပြ၍ အတည်ပြုမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီး ဒေါက်တာသန်းမြင့်က ဇူလိုင်တွင် ပြောကြားခဲ့သည်။

ထိုင်းက ဖေဖော်ဝါရီတွင် ယင်းချေးငွေကိုပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းချေးငွေသည် ၈၂ မိုင် (၁၃၂ ကီလိုမီတာ) ရှည်လျား သော ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့
သွားသည့် လမ်းမကြီး ဖောက်လုပ်ရန်ဖြစ်သည်။

အဆိုပါချေးငွေသည် နိုင်ငံ အစိုးရချင်း ချေးငွေယူခြင်းဖြစ် သော်လည်း မြန်မာအစိုးရက ကုမ္ပဏီများကို ချေးငွေပြန်လည် ပေးအပ်မည်ဖြစ်ကာ အစိုးရက နာမည်ခံ ချေးပေးခြင်းဖြစ်ကြောင်း ဒေါက်တာတင်ထွန်းနိုင်က ပြောသည်။ကန်ဒေါ်လာ ဘီလီယံ ၅၀ တန် ထားဝယ်အထူးစီးပွားရေးဇုန် ကို ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ် နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုး ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင် အထည်ဖော်ခဲ့သည်။

၂၀၁၃ တွင် ဘဏ္ဍာရေးအ ခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ဇူလိုင်က စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်းဆွေးနွေးခဲ့သည်။

Credit: 7Daydaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service