အာရပ်စော်ဘွားများပြည်ထောင်စု ကမ်းလွန်ကျွန်းငယ်တစ်ခုပေါ်တွင် ၄၄ ထပ်ဇိမ်ခံလူနေတာဝါကြီးတစ်ခု ဂျပန်နှင့် ယူအေအီးပူးပေါင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
5849 Views

အာရပ်စော်ဘွားများပြည်ထောင်စု ကမ်းလွန်ကျွန်းငယ်တစ်ခုပေါ်တွင် ၄၄ ထပ်ဇိမ်ခံလူနေတာဝါကြီးတစ်ခု ဂျပန်နှင့် ယူအေအီးပူးပေါင်းဆောက်လုပ်မည်

အာရပ်စော်ဘွားများပြည်ထောင်စု ၊ အဘူဒါဘီ၏ အရှေ့မြောက်ဘက် ကမ်းလွန်ကျွန်းငယ်တစ်ခုဖြစ်သော Al Reem ကျွန်းပေါ်တွင် အထပ်ပေါင်း ၄၄ ထပ်ပါ ဇိမ်ခံလူနေတာဝါကြီးတစ်ခုကို ဂျပန်နှင့် ယူအေအီးကုမ္ပဏီတို့ ပူးပေါင်းဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးနှင့် မြို့ပြဗိသုကာဒီဇိုင်းအဖွဲ့ Nikken Sekkei နှင့် ယူအေအီး အခြေစိုက် National Bonds Corporation (NBC) တို့အကြား ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်သည်။

Reem Tower ဟု အမည်ပေးထားသည့် အဆိုပါအဆောက်အအုံသည် ပင်လယ်ကမ်းခြေတွင် တည်ရှိမည်ဖြစ်ပြီး မြေအကျယ်အဝန်း စတုရန်းမီတာ ၁ ဒသမ ၂ သန်းအကျယ်အဝန်းပေါ်တွင် ဆောက်လုပ်သွားမည် ဖြစ်သည်။

အဆောက်အအုံ အမြင့်မှာ ၁၇၂ မီတာ (၅၆၄ ပေ) အထိ ရှိမည်ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၈၇၀၇၅ စတုရန်းမီတာရှိမည်ဖြစ်ကာ မော်တော်ကားစင်းရေ ၅၀၀ ရပ်နားနိုင်မည့် ကားပါကင်နေရာ ပါဝင်မည် ဖြစ်သည်။

အဆိုပါစီမံကိန်းကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး အိပ်ခန်း ၂ ခန်းပါ လူနေခန်း ၂၁၆ ခန်း၊ အိပ်ခန်း ၃ ခန်းပါ လူနေခန်း ၁၁၇ ခန်းနှင့် အိပ်ခန်း ၄ ခန်းပါ လူနေခန်း ၂ ခန်း ပါဝင်မည် ဖြစ်သည်။

Reem Tower တွင် ရေကူးဇုန်နေရာတစ်ခု စီစဉ်ထားမည်ဖြစ်ပြီး ရေကူးကန်၊ ရေစိမ်ကန်နှင့် ကလေးများအတွက် ရေကူးကန်နှင့် လဲလျောင်းနားနေဆောင်တို့ ပါဝင်မည်ဖြစ်သည်။

ပန်းဥယျာဉ်ဇုန်နေရာတွင် ကလေးကစားကွင်း၊ ယောဂလေ့ကျင့်ရေးမြက်ခင်းပြင်၊ ပန်းဥယျာဉ် ၊ နားနေဆောင်ငယ်များနှင့် ပန်းစင်္ကြန်လမ်းတို့ ပါဝင်မည်ဖြစ်သည်။

NBC မှ အမှုဆောင်အရာရှိချုပ် မိုဟာမက် ကာဆင် အယ်လ် အလီ၏ ထုတ်ဖော်ပြောကြားချက်တွင် “ဒါက Nikken အုပ်စုနဲ့ ကျွန်တော်တို့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုပါ။ ဂျပန်ရဲ့ ဒီဇိုင်းလောက ဦးဆောင်ကုမ္ပဏီဖြစ်တဲ့ Nikken ကို ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းကတော့ သူတို့မှာ အရည်အသွေးမြင့် စီမံကိန်းတွေ အကောင်အထည်ဖော်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကြောင့် ဖြစ်ပါတယ်” ဟု ဆိုသည်။

Al Reem ကျွန်းသည် အဘူဒါဘီ၏ အရှေ့မြောက်ဘက် မီတာ ၆၀၀ အကွာရှိ ကမ်းလွန်ကျွန်းငယ်တစ်ခုဖြစ်ပြီး ကုန်းမကြီးသို့ တံတား ၂ စင်းဖြင့် ဆက်သွယ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရပ်စော်ဘွားများပြည်ထောင်စု ကမ်းလွန်ကျွန်းငယ်တစ်ခုပေါ်တွင် ၄၄ ထပ်ဇိမ်ခံလူနေတာဝါကြီးတစ်ခု ဂျပန်နှင့် ယူအေအီးပူးပေါင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service