ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3983 Views

ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် တော်ဝင်မိသားစုဝင်တစ်ဦး ပိုင်ဆိုင်သည့် နိုက်ကလပ်တစ်ခုပါဝင်သော စံအိမ်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင်လာကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာ။ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်း
အကျယ်အဝန်း- စတုရန်းပေ ၄၆၀၀၀ခေါ်ဈေး- ဒူဘိုင်းငွေ သန်း ၂၀၀ (ကန်ဒေါ်လာ၅၄ဒသမ၅သန်း)တော်ဝင်မိသားစုဝင်တစ်ဦးပိုင်ဆိုင်သည်
ဆိုသော်လည်း အဆိုပါစံအိမ်ကြီးတွင် တော်ဝင်မိသားစုဝင်များ လုံးဝနေထိုင်ခဲ့ဖူးခြင်း မရှိချေ။အိပ်ခန်း ၁၁ ခန်းအထိ ပါဝင်ပြီး
နိုက်ကလပ်မှာ လူပေါင်း ၂၀၀ ခန့် ဝင်ဆန့်သည်ဟု ဆိုသည်။

ပင်လယ်မျက်နှာစာရှုခင်း အလွန်ကောင်းမွန်ပြီး ဒူဘိုင်းရှိပုဂ္ဂလိက စံအိမ်များတွင် ယင်းသို့ ကျယ်ကျယ်ဝန်းဝန်းရှိကာ ပင်လယ်ရှုခင်းအလွန်ကောင်းသည့် နေအိမ်မျိုး အလွန်ရှားပါးလှသည်။

ဒူဘိုင်းတွင် အိမ်များ ၊ မြေကွက်များ များစွာဝယ်ယူရရှိနိုင်သော်လည်း စတုရန်းပေ ၆၀၀၀၀ ခန့်အထိကျယ်ဝန်းကာ ရေပြင်နှင့်ထိစပ်နေပြီး ရေစီးရှင်ရှင်တို့ စီးဝင်လျက်ရှိသည့် နေရာမျိုးကို ပိုင်ဆိုင်နိုင်ရန်မှာမူ အလွန်ခဲယဉ်းကြောင်း ဆောက်သ်ဘီနိုင်ငံတကာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ မစ္စက် လေး ဝီလျံဆန်ကပြောကြားသည်။

အခန်းများကို မှန်နံရံဖြင့် ကာရံထားခြင်းကြောင့် ပင်လယ်ကွေ့ရေပြင်ကျယ်ကို အခန်းတွင်းမှတစ်ဆင့် မျက်စိတစ်ဆုံး တွေ့မြင်ခံစားနိုင်သည်။
ခြံဝန်းအကျယ်မှာ စတုရန်းပေ ၆၀၀၀၀ ရှိပြီး နေအိမ်မှာ စတုရန်းပေ ၄၆၀၀၀ အထိ ကျယ်ဝန်းသည်။ပါဝင်သည့် အိပ်ခန်း ၁၁ ခန်းလုံးတွင် ရေချိုးခန်းများပါဝင်ပြီး master bedroom များချည်း ဖြစ်ကြသည်။

နေအိမ်ကို ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်တစ်လုံးအသွင် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သည်။ဝန်ထမ်းများ နေထိုင်ရန် အခန်းများလည်း ပါဝင်ပြီး ဝန်ထမ်း ၁၀ ဦးအထိ နေထိုင်နိုင်ကာ မီးဖိုဆောင်မှာ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည်။နေအိမ်အတွင်းတွင် နိုက်ကလပ်သာမက ထိုင်ခုံ ၁၆ လုံးပါ ရုပ်ရှင်ရုံတစ်ခု၊ ထိုင်ခုံ ၁၆ လုံးပါ သီးသန့်ညစာစားခန်း၊ အိမ်တွင်း-အိမ်ပြင် ရေကူးကန်များလည်း ပါဝင်သည်။

သီးသန့်ပင်လယ်ကမ်းခြေတွင် အပျော်တမ်းငါးမျှားခြင်း၊ ရွက်လွှင့်ခြင်းများ လွတ်လပ်စွာ ပြုလုပ်နိုင်သည်။နေအိမ်အနီးရှိ အတ္တလန်တစ်ဟိုတယ်တွင်လည်း နိုဘူနှင့် လိုကာတယ်လီ စားသောက်ဆိုင်များရှိသည်။

ထို့အပြင် စတုရန်းပေ ၄ ဒသမ ၅ သန်းကြမ်းခင်းဧရိယာရှိ ဈေးဝယ်စင်တာကြီးတစ်ခုလည်း နေအိမ်အနီးတွင် ဆောက်လုပ်လျက်ရှိပြီး လက်လီအရောင်းဆိုင် အထပ်ငါးထပ်ပါဝင်မည်ဖြစ်ကာ အမိုးပေါ်တွင် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် တော်ဝင်မိသားစုပိုင်ဆိုင်သော နိုက်ကလပ်တစ်ခုပါဝင်သည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်းငါးဆယ်ကျော်ဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service