ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5848 Views

ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ပြင်တွင် တည်ရှိသော ၁၆ ရာစုနှစ်ရဲတိုက်ကြီးတစ်လုံးဖြစ်သည့် ချာဘိုနီရက်စ်ကို လာမည့်အောက်တိုဘာလတွင် ကြမ်းခင်းဈေးမသတ်မှတ်ထားဘဲ လေလံတင်ရောင်းချသွားမည် ဖြစ်သည်။

ကြမ်းခင်းဧရိယာ စတုရန်းပေ ၃၃၀၀၀ အကျယ်အဝန်းရှိပြီး ၂၀၁၀ ပြည့်နှစ်အတွင်းက အလုံးစုံ ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၇၉ ဧကခန့်အထိရှိပြီး ဘုရင် ဟင်နရီ IV လည်ပတ်နေထိုင်ခဲ့ဖူးသည့် သမိုင်းဝင်နေရာလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်းကမူ ကန်ဒေါ်လာ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့။
ယခုအခါ လာမည့် အောက်တိုဘာလ ၁၁ ရက်တွင် ကွန်ဆီးလေလံအဖွဲ့မှ လေလံတင်ရောင်းချရန် စီစဉ်ထားသည်။

ပဲရစ်မြို့ မှ မော်တော်ကားဖြင့် ၇၅ မိနစ်ခရီးသာ ဝေးကွာသည့်
ရဲတိုက်တွင် အခန်းပေါင်း ၂၀ ပါဝင်သည်။

၁၆ ရာစုတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉ ရာစုတွင် ရှမွိုင်းမြို့ စားကြီးက ချဲ့ ထွင်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။

ထိုခေတ်ထိုကာလက ရေပန်းအစားဆုံးဖြစ်သည့် ဂေါ့သစ်ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားသည်။
ရဲတိုက်အတွင်း စာကြည့်တိုက်၊ မူရင်းမီးပန်းဆိုင်းများ၊ ခမ်းနားသည့်လှေကားကြီးများ၊ ရုပ်ရှင်ပြခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ မီးလင်းဖိုများစွာ ပါဝင်သည်။

ပတ်ဝန်းကျင်ဒေသမှာ ယာတောများ၊ စပျစ်စိုက်ခင်းများဖြင့် နာမည်ကျော်သည့်ဒေသဖြစ်သည်။ခြံဝန်းကြီးအတွင်း ပန်းဥယျာဉ်များ၊ သီးသန့်ရေကန်နှင့် ရေတံခွန်တို့အပြင် မြင်းဇောင်းများလည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ပဲရစ်မြို့ ပြင်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးပါဝင်သော ၇၉ ဧကကျယ်ဝန်းသည့် ခြံဝန်းကို ကြမ်းခင်းဈေးသတ်မှတ်ခြင်းမရှိဘဲ လာမည့်လတွင် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service