ပြည်တွင်းရှိ အထူးစီးပွားရေးဇုန်များတွင်ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဒုတိယသမ္မတ ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
5822 Views

ပြည်တွင်းရှိ အထူးစီးပွားရေးဇုန်များတွင်ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဒုတိယသမ္မတ ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသည့် အထူးစီးပွားရေးဇုန်များတွင် တရုတ်လုပ်ငန်းရှင်များ အနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဒုတိယ သမ္မတဦးမြင့်ဆွေက
ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Myanmar Convention Centre (MCC) တွင်ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့တရုတ်ကုန်သည်များညီလာခံဖွင့်ပွဲ အခမ်းအနား၌ ဒုတိယသမ္မတက ထိုသို့ ဖိတ်ခေါ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတဦးမြင့်ဆွေက""ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများ ပိုမိုအဆင်ပြေ ချောမွေ့စေဖို့ ဖြေလျှော့မှုပြုလုပ်ထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတစ်ရပ်ကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ၁၈ ရက်မှာ အတည်ပြု ပြဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေသစ်အရ ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ ရင်း နှီး မြှုပ်နှံမှုများပြုလုပ်ရာမှာ ယခင်ကလို နိုင်ငံခြားသား၊ နိုင်ငံသားခွဲခြားမှုမရှိဘဲ အခွင့်အရေး တန်းတူညီမျှစွာ ခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ အလုပ်သမားရေးရာ လုပ်ထုံးလုပ်နည်းများ၊ အခွန်စနစ်နဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးကဏ္ဍများမှာလည်း အများယုံကြည်ကိုးစားမှုရှိရေး၊ ပွင့်လင်း မြင်သာမှုရှိရေး တို့အတွက် အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာအကောင် အထည်ဖော်လျက်ရှိတဲ့ အထူးစီးပွား ရေးဇုန်များဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ သီလဝါအထူးစီး ပွားရေးဇုန်၊ တနင်္သာရီတိုင်းဒေသ ကြီးမှာရှိတဲ့ ထားဝယ်အထူးစီးပွား ရေးဇုန်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် များမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြ ဖို့ ဖိတ်ခေါ်လိုပါတယ်""ဟု ပြော ကြားခဲ့သည်။

ယင်းအပြင် တရုတ်ကုန်သည်များအား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ခရီး သွားလုပ်ငန်းကဏ္ဍ၊ ကူးသန်းရောင်း ဝယ်ရေးနှင့် အခြားလုပ်ငန်းများမှာ လည်း ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နိုင်မည့် အခွင့်အလမ်းများရှိသည့်အတွက် ရင်းနှီး မြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း သိရသည်။

ဒုတိယသမ္မတဦးမြင့်ဆွေက""တရုတ်နိုင်ငံကဦးဆောင်ပြီးဆောင် ရွက်နေတဲ့ဒေသတစ်ခု ရပ်ဝန်း တစ်ခုအစီအစဉ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ""ပာင်းလဲဖို့ရာပေါင်းစည်းပါ။ ကမ္ဘာနီးဝေးထိတွေ့ပေး""ဆိုတဲ့ အတိုင်း မြန်မာနိုင်ငံအနေနဲ့လည်း အဆိုပါအစီအစဉ်မှာပါဝင်ဆောင် ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ ရဲ့ မဟာဗျူဟာကျစွာတည်ရှိနေ မှုဟာလည်း အဆိုပါအစီအစဉ် အတွက် အောင်မြင်မှုကိုဖြစ်စေပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ယင်းအစီ အစဉ်တွင် ပူးပေါင်းပါဝင်ဆောင် ရွက်ကြဖို့အတွက် ဖိတ်ခေါ်လိုပါ တယ်""ဟု လည်းပြောကြားခဲ့သည်။

ကမ္ဘာ့တရုတ်ကုန်သည်ကြီး များညီလာခံကို နှစ်နှစ်တစ်ကြိမ် ကျင်းပနေပြီး စင်ကာပူနှင့် တရုတ်နိုင်ငံတို့တွင်နှစ်ကြိမ်စီ၊ ဟောင် ကောင်၊ ထိုင်း၊ ကနေဒါ၊ သြစတြေးလျ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် တစ်ကြိမ်စီစုစုပေါင်း ၁၃ ကြိမ်တိုင်တိုင်ကျင်းပပြုလုပ် ခဲ့ပြီး ယခုကျင်းပပြုလုပ်လျက်ရှိသည့်၁၄ကြိမ်မြောက်ကမ္ဘာ့တရုတ်ကုန်သည်များ
ညီလာခံကို လန်ဒန်မြို့ နှင့် ရန်ကုန်မြို့တို့အကြားယှဉ်ပြိုင် ရွေးချယ်မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ကျင်းပခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service